သတင်းဆောင်းပါး
(ဆက်လက်ဖော်ပြပါမည်)
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေမြို့။
25.3.2020
“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း” (စ)
“ဗိုလ်ချုပ်ကို ကျေးဇူးတင်တဲ့ရဟန်းတိုင်း ပါရာဇိကကျစေသတည်း”
ကိုကြည်လင်းကို ကျေးဇူးတင်စကား ပြောတာနဲ့ပဲ ဦးပဉ္စင်းဟာ ပြည်သူအားလုံးရဲ့ အမုန်းကောင်ကြီး ဖြစ်သွားလေရော့သလား။ ကျေးဇူးတင်စကားပြောတာ ဘယ်ဝိနည်းနဲ့ ငြိစွန်းသလဲ၊ ဘယ်သိက္ခာပုဒ်အရ ဘယ်အာပတ်သင့်သလဲ၊ ရာဇသတ်ဥပဒေအရ တရားစွဲလို့ရသလား၊ ဘယ်ပုဒ်မနဲ့ ဘယ်ပြစ်ဒဏ်ပေးလို့ ရလဲ စုံစမ်းလေ့လာပါဦးကွာ။ ကျေးဇူးတင်တယ်ပြောတာနဲ့ပဲ လိုရာဆွဲယူပြီး လူသတ်သမားကို အားပေးတာလိုလို လူသတ်ဝါဒထောက်ခံတာလိုလို ရေးသားနေကြ၊ ဟောပြောနေကြ၊ စွပ်စွဲနေကြတဲ့ ဘုန်းကြီးဆိုသူတွေနဲ့ နိုင်ငံရေးသမားဆိုသူတွေကို သနားမိတယ်ကွာ။
သတ်ခိုင်းတာ၊ သတ်ဖို့တိုက်တွန်းတာ၊ သတ်နေတာကို ချီးကျူးတာ၊ လက်ခုပ်တီးအားပေးတာမှ ‘လူမိုက်အားပေး’သက်ရောက်တာပါကွာ။ သေသူကဖြင့် သူ့စရိတ်နဲ့သူ ငရဲရောက်နေပြီ၊ တရေးနိုးမှထပြီး ကျေးဇူးတင်စကားပြောမိတာ လူသတ်မှုနဲ့ ဘယ်လိုပတ်သက်နေလဲကွ။ အဲဒီလို ပတ်သက်လို့ ပါရာဇိကကျကြေးဆိုရင် မြန်မာပြည်မှာ သံဃာတောင် မရှိနိုင်တော့ပါဘူးကွာ။ ဘယ်ကြောင့်လဲဆို သံဃာမှန်သမျှ ကျေးဇူးသိတတ်ကြလို့ပါပဲ။ ဗိုလ်ချုပ်ကျေးဇူး မချီးကျူးဖူးတဲ့ သံဃာဆိုတာ မြန်မာပြည်မှာ လုံးဝ မရှိခဲ့ဖူးဘူးလေ။ ဗိုလ်ချုပ်နဲ့ ရဲဘော်သုံးကျိပ်ကို ချီးကျူးကြ ကျေးဇူးတင်ကြသူတွေဟာလည်း လူသတ်အားပေးတွေပဲလား။ ရဲဘော်သုံးကျိပ်ကို ကျေးဇူးမတင်ဖူးတဲ့ ပြည်သူကော ရှိနိုင်ပါ့မလား။ ဗိုလ်ချုပ်တို့လူသတ်ခဲ့လို့ ချီးကျူးခံရတာလား၊ လွတ်လပ်ရေးယူပေးခဲ့လို့ ကျေးဇူးတင်ကြတာလား။ တစ်ကန့်စီပါ ကိုဆွေဝင်း။ နောင်တစ်ချိန်မှာ ကျရောက်နိုင်မည့် အစ္စလာမ်မိုက်ဇေးရှင်းအန္တရာယ်ကြီးအကြောင်း ကိုဆွေဝင်းသေချာလေ့လာဖူးရင် ဦးပဉ္စင်း ဘာကြောင့် ကျေးဇူးတင်စကား ပြောတယ်ဆိုတာ ကိုဆွေဝင်းတစ်ယောက် သိနိုင်လောက်မယ်ထင်ရတာပဲလေ။
“နိုင်ငံရေးသမားပီသချင်ရင် ကျေးဇူးအရင်ကန်းပြကြ”
မြန်မာနောင်းမှာရေးတဲ့ သတင်းသမားက ရွှေဝါရောင်အမည်ခံ ရဟန်းတစ်ပါးစကားကို ထည့်သွင်းရေးသားထားတာ တွေ့ရတယ်။ ကိုဆွေဝင်းကလည်း အဲဒီစကားကိုပဲ အပီဆိုပြီး အချီကြီးကိုင်ထည့်လိုက်ပုံရတယ်။ အဲဒီရွှေဝါရောင်ရဟန်းလေးဟာ ပရိယတ္တိမှာ အငယ်တန်း အလတ်တန်း အဆင့်လောက်ပဲ ရှိပါတယ်။ ကြားဖူးနားဝနဲ့ ဆရာကြီးလုပ် ဖြေလိုက်တဲ့စကားကို စာတတ်ပေတတ် ကျမ်းဂန်တတ်တွေထံ အတည်ပြုချက်မယူဘဲ အပိုင်ကိုင်လိုက်တဲ့ ကိုဆွေဝင်းလည်း အခုဆိုရင် ငိုင်မှိုင်တွေခဲ့ရလောက်ပါပြီ။ အဲဒီရဟန်းငယ်ကို ဦးပဉ္စင်းကပဲ ကယ်ခဲ့ ကူခဲ့ရတာပါ။ ထောင်ကထွက်ခါစ ပခုက္ကူမှာ လက်ခံမည့်သူမရှိလို့ အကူအညီလာတောင်းတာနဲ့ ကျောင်းလည်းရှာပေး၊ သင်္ကန်းလည်း လှူ၊ ငွေလည်းထောက်ပံ့ထားခဲ့တာပါ။ နောက်တော့ လူပေါင်းမှားသွားတာလား၊ လူမှားပေါင်းလို့ နိုင်ငံရေးသမားပီပီ ကျေးဇူးကန်းတတ်သွားတာလား၊ ကျေးဆွတ်တတ်သွားတာလား၊ ကျေးဇူးကန်းမှ နိုင်ငံရေးသမားပီသတယ်လို့ ယုံကြည်သွားလို့လား သူကိုယ်တိုင်မှ သိမှာပါနော်…။
(ပထမရုံးချိန်း လုံး၀ မလာ။ ဒုတိယရုံးချိန်း ဆင့်စာမရောက်လို့ဟုဆို။ ၆.၄.၂၀၂၀ရက်နေ့ တတိယရုံးချိန်း အိမ်ပြောင်းသွား လိပ်စာမသိရလို့ ဆင့်စာပို့မရဟုဆို။ ပြည်တွင်းမှာ ရှိသေးလား မရှိတော့ဘူးလား မသိရသေး။ ၅.၅.၂၀၂၀ ရက်နေ့ ပြန်ချိန်းထားကြောင်း သိရပါသည်။ Admin)
(ဆက်လက်ဖော်ပြပါမည်)
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေမြို့။
25.3.2020