သတင္းေဆာင္းပါး

“တရားေရးကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းေနတာလား ကိုေဆြဝင္း” (ဆ)

“ဘေကာင္းကိုစြဲတာလား ျမန္မာေနာင္းကို စြဲတာလား”
စတုတၳမ႑ဳိင္ဆုရွင္ႀကီး ကိုေဆြဝင္းေရ ကိုေက်ာ္မ်ဳိးေရႊတရားလုိလုပ္ၿပီး တိုင္ၾကားတာက ဘေကာင္းအေကာင့္ပိုင္ရွင္လား ျမန္မာေနာင္းအယ္ဒီတာခ်ဳပ္ႀကီးလားကြာ။ ေဆြဝင္းနဲ႔ဘေကာင္း မတူပါဘူးေနာ္။ ျမန္မာေနာင္းမွာပါလာတဲ့ သတင္းေၾကာင့္ စြဲတာမဟုတ္သလို အဲဒီသတင္းကို ရွယ္လို႔စြဲတာလည္း မဟုတ္ပါဘူး။ ဘေကာင္းရဲ႕ မွတ္ခ်က္စကားေၾကာင့္ စြဲရတာပါ။ “ပါရာဇိကက်ၿပီ၊ ရဟန္းဘဝနိ႒ိတံသြားၿပီလို႔ သိရ” ဒါေလာက္ေလးနဲ႔လည္း မစြဲပါဘူးကြာ။ “အခုမွ ပါရာဇိကက်တာေတာ့ မဟုတ္ေလာက္ဘူး”ဆိုတဲ့ စကားေၾကာင့္ပါ။ အဲဒီစကားက သတင္းလား အတင္းလား ေဝဖန္စာလား ေစာ္ကားစာလား ခြဲျခားၾကည့္ပါဦးကြာ။

ဦးပဥၥင္းက ကို္ယ္ေရးကိုယ္တာျပႆနာေတြဆို အေတာ္သည္းခံတာပါ။ လုိင္းေပၚမွာေရာ စာနယ္ဇင္းေတြမွာပါ ဦးပဥၥင္းကို လုပ္ႀကံတုိက္ခိုက္ေနၾကတာေတြ၊ ပစ္မွတ္ထား ေရးသားထုတ္လႊင့္ ေနၾကတာေတြ မျမင္ခ်င္အဆံုးပါ။ ဒါေပမဲ့ သူတို႔ဟာ သာမန္အရပ္သားေတြသာျဖစ္တယ္။ သူတို႔ဟာ ဥပေဒေဘာင္ထဲကပဲ လုပ္ေဆာင္ေနၾကတာျဖစ္တယ္။ ဒါေၾကာင့္ သည္းခံခြင့္လႊတ္လို႔ရတယ္။ ဘေကာင္းအေကာင့္ပုိင္ရွင္ဟာ ကမၻာနဲ႔ခ်ီၿပီး အလုပ္လုပ္ေနသူ၊ သမၼတကိုယ္တုိင္ ခ်ီးျမႇင့္တဲ့ ဆုတံဆိပ္ကို ရယူခဲ့တဲ့သူ၊ စတုတၳမ႑ဳိင္ဆုႀကီးကို ဆြတ္ခူးႏိုင္ခဲ့သူ၊ အေတာ္ေပါက္ေျမာက္တဲ့ ေခတ္ပညာတတ္ႀကီးပါကြာ။ သူေျပာတဲ့စကား ဘယ္ေလာက္က်ယ္ျပန္႔သြားသလဲ၊ သူစြပ္စြဲတာကို ယံုၾကည္လက္ခံသူေတြ ဘယ္ေလာက္မ်ားျပားလာႏိုင္သလဲ၊ အေရးခံ အစြပ္စြဲခံ အေစာ္ကားခံရသူ ဘယ္ေလာက္ထိ နစ္နာႏိုင္လဲ နည္းနည္းေလးေလာက္ေတာ့ ေတြးၾကည့္ေပးေစခ်င္ပါတယ္ကြာ။

လူနဲ႔ရဟန္းမေျပာနဲ႔ဦး ရဟန္းအခ်င္းခ်င္းေတာင္ အဲဒီလို ရမ္းၿပီး စြပ္စြဲခြင့္မရွိပါဘူး။ သက္ေသသက္ကာယ အေထာက္အထား ခုိင္လံုလို႔ စြပ္စြဲခ်င္တယ္ဆိုရင္ေတာင္ ခြင့္ေတာင္းၿပီးမွ ေစာဒနာ(စြဲခ်က္)တင္ရတာပါ။ အခုျပႆနာမွာ လူက ရဟန္းကို အသလြတ္စြပ္စြဲတာဆိုေတာ့ ဘယ္ေလာက္အျပစ္ႀကီးမလဲ၊ မဝတီမင္းႀကီးဆရာေတာ္ကိုလည္း ေမးေလွ်ာက္ၾကည့္ပါဦးကြာ။ ေရႊပါရမီေတာရဆရာေတာ္ေလးထံ သြားေရာက္ေလွ်ာက္ထားၿပီး ျဖစ္လိမ့္မယ္ထင္လို႔ မညႊန္းေတာ့ပါဘူး။

ကိုေဆြဝင္းဟာ ကံ ကံ၏အက်ဳိးကို ယံုၾကည္သူ (ကမၼႆကတာ သမၼာဒိ႒ိ)ျဖစ္မယ္ဆုိရင္ေတာ့ ေလာကအျပစ္ ဓမၼအျပစ္ ပစၥကၡအျပစ္ သံသရာအျပစ္ ဒီအျပစ္ေတြ မျဖစ္မေန ေလ့လာေစခ်င္ပါတယ္။ ဒါ့အျပင္ သံသရာအထိ ယူမသြားေစခ်င္ပါဘူး။ ဝဋ္ေၾကြးက အင္မတန္ေၾကာက္စရာေကာင္းလုိ႔ပါ။နတ္သားဘ၀တုန္းက ရဟန္းသိကၡာကို စမ္းသပ္ၾကည့္လိုတဲ့စိတ္နဲ႔ မာတုဂါမေယာင္ေဆာင္ၿပီး ရဟန္းႏွစ္ပါးအၾကား အထင္လဲြမွားေအာင္ ၾကည္စားမိတာေလးနဲ႔ေတာင္ ရဟႏၲာဘဝေရာက္တဲ့အထိ အထင္လြဲခံရ၊ ၾကဥ္ဖယ္ခံရ၊ ေစာင့္ၾကည့္ခံရ၊ တုိင္ၾကားခံရ၊ စြပ္စြဲခံရ၊ ဝိုင္းဖမ္းခံရတဲ့ ရဟန္းေတာ္တစ္ပါးအေၾကာင္း ေကာ႑ဓာနေတၳရ၀တၳဳကို ဖတ္ရႈေလ့လာ သခၤန္းစာယူႏိုင္ပါေစကြာ။

“ဘုန္းႀကီးထိပ္ေခါက္မိတာေတာင္ ေတာင္းပန္ရမွာ ဝန္ေလးေနတဲ့သူ”
တစ္လက္စတည္း ေမးလိုက္မယ္ေနာ္။ ဦးဇင္းေပါက္ျပန္ေလွ်ာက္တဲ့စကားပါ။ “ကိုေဆြဝင္းက ဦးပဥၥင္းကို ျပန္ေတာင္းပန္ခ်င္ပါတယ္။ အခုခ်ိန္ ေတာင္းပန္လိုက္ရင္ ေထာင္က်မခံႏိုင္လုိ႔ ျပန္ေတာင္းပန္တယ္ထင္ၾကမွာ စုိးလုိ႔ပါ။ အမိန္႔ခ်ၿပီးရင္ေတာ့ ေတာင္းပန္ပါ႔မယ္”တဲ့။ အဲဒီစကား ဦးဇင္းေပါက္ကို ေျပာတာ ဟုတ္သလားကြာ။ ဟုတ္တယ္ဆိုရင္ေတာ့ သာဓုေခၚပါတယ္ငါ့လူရာ။

အၿငိမ္းစားစခန္းမွဴးတစ္ေယာက္လည္း လာေလွ်ာက္ေသးတယ္။ “ဗုဒၶဘာသာဝင္တစ္ေယာက္ပဲဗ်ာ။ ကိုယ္ေရးမိတာကို ေရးမိတဲ့အေၾကာင္း ဝန္ခံေတာင္းပန္တာ ဘာအပန္းႀကီးတာမွတ္လုိ႔။ လူက ဘုန္းႀကီးကို ေတာင္းပန္တာ ဝန္ေလးစရာ ဘာရွိလို႔လဲ၊ မေရးသားမိ မေျပာဆိုမိဘဲ စိတ္ထဲမွာ ျပစ္မွားမိတာရွိရင္ေတာင္ ခြင့္လႊတ္သည္းခံဖို႔ ေတာင္းပန္ၾကတာ၊ ဗုဒၶဘာသာထံုးစံ ျမန္မာ့ယဥ္ေက်းမႈဓေလ့ပဲ၊ ေတာင္းပန္လုိက္ပါဗ်ာ”လုိ႔ ကိုေဆြဝင္းကို အႀကံျပဳတုိက္တြန္းတဲ့အခါ ကိုေဆြဝင္းက “က်ေနာ္နဲ႔ ခင္ဗ်ား အျမင္ခ်င္းတူတယ္၊ ဒါေပမဲ့ က်ေနာ့္အသိုင္းအဝိုင္းက လက္မခံဘူးဗ်ာ”လို႔ ျပန္ေျပာတယ္ဆိုတာ ဟုတ္ပါသလား ကိုေဆြဝင္း…။ ဒီစကားၾကားၿပီး ကိုေဆြဝင္းအေပၚ ကရုဏာသက္သြားတယ္။ သနားမိတယ္ေပါ့ကြာ။ တကယ္ျဖစ္ေတာ့ ကိုယ္ပဲခံရတာေနာ္၊ အသုိင္းအဝိုင္းက ကိုယ္စားခံေပးလုိ႔ရတာ မဟုတ္ဘူး။ အဲဒီစကားထဲမွာပါတဲ့ အသိုင္းအဝိုင္းဆိုတာ ဘယ္သူေတြလဲဟင္…။ မိသားစုေတြေတာ့ ဟုတ္မယ္မထင္ပါဘူးေနာ္။

(ပထမရုံးခ်ိန္း လုံး၀ မလာ။ ဒုတိယရုံးခ်ိန္း ဆင့္စာမေရာက္လို႔ဟုဆို။ ၆.၄.၂၀၂၀ရက္ေန႔ တတိယရုံးခ်ိန္း အိမ္ေျပာင္းသြား လိပ္စာမသိရလို႔ ဆင့္စာပို႔မရဟုဆို။ ျပည္တြင္းမွာ ရွိေသးလား မရွိေတာ့ဘူးလား မသိရေသး။ ၅.၅.၂၀၂၀ ရက္ေန႔ ျပန္ခ်ိန္းထားေၾကာင္း သိရပါသည္။ Admin)
(ဆက္လက္ေဖာ္ျပပါမည္)

ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
ဘဒၵႏၲဝိစိတၱာဘိဝံသ
ဓမၼသဟာယေက်ာင္းနာယက
မစုိးရိမ္တိုက္သစ္
မဟာေအာင္ေျမၿမဳိ႕နယ္
မႏၲေလျမိဳ႕။
25.3.2020

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း” (ဆ)

“ဘကောင်းကိုစွဲတာလား မြန်မာနောင်းကို စွဲတာလား”
စတုတ္ထမဏ္ဍိုင်ဆုရှင်ကြီး ကိုဆွေဝင်းရေ ကိုကျော်မျိုးရွှေတရားလိုလုပ်ပြီး တိုင်ကြားတာက ဘကောင်းအကောင့်ပိုင်ရှင်လား မြန်မာနောင်းအယ်ဒီတာချုပ်ကြီးလားကွာ။ ဆွေဝင်းနဲ့ဘကောင်း မတူပါဘူးနော်။ မြန်မာနောင်းမှာပါလာတဲ့ သတင်းကြောင့် စွဲတာမဟုတ်သလို အဲဒီသတင်းကို ရှယ်လို့စွဲတာလည်း မဟုတ်ပါဘူး။ ဘကောင်းရဲ့ မှတ်ချက်စကားကြောင့် စွဲရတာပါ။ “ပါရာဇိကကျပြီ၊ ရဟန်းဘဝနိဋ္ဌိတံသွားပြီလို့ သိရ” ဒါလောက်လေးနဲ့လည်း မစွဲပါဘူးကွာ။ “အခုမှ ပါရာဇိကကျတာတော့ မဟုတ်လောက်ဘူး”ဆိုတဲ့ စကားကြောင့်ပါ။ အဲဒီစကားက သတင်းလား အတင်းလား ဝေဖန်စာလား စော်ကားစာလား ခွဲခြားကြည့်ပါဦးကွာ။

ဦးပဉ္စင်းက ကိုယ်ရေးကိုယ်တာပြဿနာတွေဆို အတော်သည်းခံတာပါ။ လိုင်းပေါ်မှာရော စာနယ်ဇင်းတွေမှာပါ ဦးပဉ္စင်းကို လုပ်ကြံတိုက်ခိုက်နေကြတာတွေ၊ ပစ်မှတ်ထား ရေးသားထုတ်လွှင့် နေကြတာတွေ မမြင်ချင်အဆုံးပါ။ ဒါပေမဲ့ သူတို့ဟာ သာမန်အရပ်သားတွေသာဖြစ်တယ်။ သူတို့ဟာ ဥပဒေဘောင်ထဲကပဲ လုပ်ဆောင်နေကြတာဖြစ်တယ်။ ဒါကြောင့် သည်းခံခွင့်လွှတ်လို့ရတယ်။ ဘကောင်းအကောင့်ပိုင်ရှင်ဟာ ကမ္ဘာနဲ့ချီပြီး အလုပ်လုပ်နေသူ၊ သမ္မတကိုယ်တိုင် ချီးမြှင့်တဲ့ ဆုတံဆိပ်ကို ရယူခဲ့တဲ့သူ၊ စတုတ္ထမဏ္ဍိုင်ဆုကြီးကို ဆွတ်ခူးနိုင်ခဲ့သူ၊ အတော်ပေါက်မြောက်တဲ့ ခေတ်ပညာတတ်ကြီးပါကွာ။ သူပြောတဲ့စကား ဘယ်လောက်ကျယ်ပြန့်သွားသလဲ၊ သူစွပ်စွဲတာကို ယုံကြည်လက်ခံသူတွေ ဘယ်လောက်များပြားလာနိုင်သလဲ၊ အရေးခံ အစွပ်စွဲခံ အစော်ကားခံရသူ ဘယ်လောက်ထိ နစ်နာနိုင်လဲ နည်းနည်းလေးလောက်တော့ တွေးကြည့်ပေးစေချင်ပါတယ်ကွာ။

လူနဲ့ရဟန်းမပြောနဲ့ဦး ရဟန်းအချင်းချင်းတောင် အဲဒီလို ရမ်းပြီး စွပ်စွဲခွင့်မရှိပါဘူး။ သက်သေသက်ကာယ အထောက်အထား ခိုင်လုံလို့ စွပ်စွဲချင်တယ်ဆိုရင်တောင် ခွင့်တောင်းပြီးမှ စောဒနာ(စွဲချက်)တင်ရတာပါ။ အခုပြဿနာမှာ လူက ရဟန်းကို အသလွတ်စွပ်စွဲတာဆိုတော့ ဘယ်လောက်အပြစ်ကြီးမလဲ၊ မဝတီမင်းကြီးဆရာတော်ကိုလည်း မေးလျှောက်ကြည့်ပါဦးကွာ။ ရွှေပါရမီတောရဆရာတော်လေးထံ သွားရောက်လျှောက်ထားပြီး ဖြစ်လိမ့်မယ်ထင်လို့ မညွှန်းတော့ပါဘူး။

ကိုဆွေဝင်းဟာ ကံ ကံ၏အကျိုးကို ယုံကြည်သူ (ကမ္မဿကတာ သမ္မာဒိဋ္ဌိ)ဖြစ်မယ်ဆိုရင်တော့ လောကအပြစ် ဓမ္မအပြစ် ပစ္စက္ခအပြစ် သံသရာအပြစ် ဒီအပြစ်တွေ မဖြစ်မနေ လေ့လာစေချင်ပါတယ်။ ဒါ့အပြင် သံသရာအထိ ယူမသွားစေချင်ပါဘူး။ ဝဋ်ကြွေးက အင်မတန်ကြောက်စရာကောင်းလို့ပါ။နတ်သားဘဝတုန်းက ရဟန်းသိက္ခာကို စမ်းသပ်ကြည့်လိုတဲ့စိတ်နဲ့ မာတုဂါမယောင်ဆောင်ပြီး ရဟန်းနှစ်ပါးအကြား အထင်လွဲမှားအောင် ကြည်စားမိတာလေးနဲ့တောင် ရဟန္တာဘဝရောက်တဲ့အထိ အထင်လွဲခံရ၊ ကြဉ်ဖယ်ခံရ၊ စောင့်ကြည့်ခံရ၊ တိုင်ကြားခံရ၊ စွပ်စွဲခံရ၊ ဝိုင်းဖမ်းခံရတဲ့ ရဟန်းတော်တစ်ပါးအကြောင်း ကောဏ္ဍဓာနတ္ထေရဝတ္ထုကို ဖတ်ရှုလေ့လာ သင်္ခန်းစာယူနိုင်ပါစေကွာ။

“ဘုန်းကြီးထိပ်ခေါက်မိတာတောင် တောင်းပန်ရမှာ ဝန်လေးနေတဲ့သူ”
တစ်လက်စတည်း မေးလိုက်မယ်နော်။ ဦးဇင်းပေါက်ပြန်လျှောက်တဲ့စကားပါ။ “ကိုဆွေဝင်းက ဦးပဉ္စင်းကို ပြန်တောင်းပန်ချင်ပါတယ်။ အခုချိန် တောင်းပန်လိုက်ရင် ထောင်ကျမခံနိုင်လို့ ပြန်တောင်းပန်တယ်ထင်ကြမှာ စိုးလို့ပါ။ အမိန့်ချပြီးရင်တော့ တောင်းပန်ပါ့မယ်”တဲ့။ အဲဒီစကား ဦးဇင်းပေါက်ကို ပြောတာ ဟုတ်သလားကွာ။ ဟုတ်တယ်ဆိုရင်တော့ သာဓုခေါ်ပါတယ်ငါ့လူရာ။

အငြိမ်းစားစခန်းမှူးတစ်ယောက်လည်း လာလျှောက်သေးတယ်။ “ဗုဒ္ဓဘာသာဝင်တစ်ယောက်ပဲဗျာ။ ကိုယ်ရေးမိတာကို ရေးမိတဲ့အကြောင်း ဝန်ခံတောင်းပန်တာ ဘာအပန်းကြီးတာမှတ်လို့။ လူက ဘုန်းကြီးကို တောင်းပန်တာ ဝန်လေးစရာ ဘာရှိလို့လဲ၊ မရေးသားမိ မပြောဆိုမိဘဲ စိတ်ထဲမှာ ပြစ်မှားမိတာရှိရင်တောင် ခွင့်လွှတ်သည်းခံဖို့ တောင်းပန်ကြတာ၊ ဗုဒ္ဓဘာသာထုံးစံ မြန်မာ့ယဉ်ကျေးမှုဓလေ့ပဲ၊ တောင်းပန်လိုက်ပါဗျာ”လို့ ကိုဆွေဝင်းကို အကြံပြုတိုက်တွန်းတဲ့အခါ ကိုဆွေဝင်းက “ကျနော်နဲ့ ခင်ဗျား အမြင်ချင်းတူတယ်၊ ဒါပေမဲ့ ကျနော့်အသိုင်းအဝိုင်းက လက်မခံဘူးဗျာ”လို့ ပြန်ပြောတယ်ဆိုတာ ဟုတ်ပါသလား ကိုဆွေဝင်း…။ ဒီစကားကြားပြီး ကိုဆွေဝင်းအပေါ် ကရုဏာသက်သွားတယ်။ သနားမိတယ်ပေါ့ကွာ။ တကယ်ဖြစ်တော့ ကိုယ်ပဲခံရတာနော်၊ အသိုင်းအဝိုင်းက ကိုယ်စားခံပေးလို့ရတာ မဟုတ်ဘူး။ အဲဒီစကားထဲမှာပါတဲ့ အသိုင်းအဝိုင်းဆိုတာ ဘယ်သူတွေလဲဟင်…။ မိသားစုတွေတော့ ဟုတ်မယ်မထင်ပါဘူးနော်။

(ပထမရုံးချိန်း လုံး၀ မလာ။ ဒုတိယရုံးချိန်း ဆင့်စာမရောက်လို့ဟုဆို။ ၆.၄.၂၀၂၀ရက်နေ့ တတိယရုံးချိန်း အိမ်ပြောင်းသွား လိပ်စာမသိရလို့ ဆင့်စာပို့မရဟုဆို။ ပြည်တွင်းမှာ ရှိသေးလား မရှိတော့ဘူးလား မသိရသေး။ ၅.၅.၂၀၂၀ ရက်နေ့ ပြန်ချိန်းထားကြောင်း သိရပါသည်။ Admin)
(ဆက်လက်ဖော်ပြပါမည်)

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေမြို့။
25.3.2020