သတင္းေလာကအလင္းပညာဒါနေက်ာင္း

ေလာကအလင္း ယဥ္ေက်းလိမၼာ သင္တန္းဖြင့္ပြဲ

ဒီေန႔ တေပါင္းလျပည့္ေက်ာ္ ၄ ရက္ 5.3.2018 မြန္းလြဲပုိင္းမွာ က်င္းပတာပါ။ မူလတန္း အလယ္တန္း အထက္တန္း အတန္းစုံ ကေလးငယ္ေလးေတြ (၆၀)ေက်ာ္ တက္ေရာက္ပါတယ္။

အမရပူရၿမဳိ႕ ဦးမုိးကုိ+ေဒၚခုိင္မာဝင္း (သမီး) မခင္ဇာျခည္ဝင္း MK-ေက်ာက္မ်က္မိသားစုႏွင့္ စက္မႈၿမဳိ႕သစ္မွ ဦးစုိးဝင္းဦးေဆာင္ေသာ ျမတ္ပါရမီ စာက်က္ဝုိင္း မိသားစုတုိ႔က ကေလးမ်ားအား အေအးႏွင့္ မုန္႔မ်ား ဒါနျပဳၾကပါတယ္။ ကေလးမ်ားကေတာ့ အလွဴရွင္မ်ားအား ဆုေတာင္းေမတၱာ ပုိ႔သေပးၾကပါတယ္။

ဒီသင္တန္းကုိ ေလာကအလင္း ပညာဒါနက်ဴရွင္ေက်ာင္း ဦးေဆာင္ဆရာေတာ္မ်ားျဖစ္သည့္ ဦးေဝပုလႅ၊ ဦးသုမဏတုိ႔က တာဝန္ယူ သင္ၾကား ျပသ ဆုံးမ သြန္သင္ၾကတာပါ။

ဒုတိယအႀကိမ္သင္တန္းျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္က ပထမအႀကိမ္ သင္တန္းေအာင္ပြဲႏွင့္အတူ ဆုေပးပြဲလည္း က်င္းပေပးခဲ့ပါတယ္။
မန္း မဘသမွ ႀကီးမွဴးက်င္းပေသာ တုိင္းအဆင့္ ယဥ္ေက်းလိမၼာစာေမးပြဲသုိ႔လည္း ဝင္ေရာက္ေျဖဆုိ ေအာင္ျမင္ခဲ့ၾကပါတယ္။
ဒီႏွစ္လည္း လက္ေရြးစင္မ်ား ေရြးခ်ယ္ၿပီး ဝင္ေရာက္ ေျဖဆုိခုိင္းဦးမွာပါ။ ေလာကအလင္း သားသားမီးမီးေလးေတြကေတာ့ အမ်ားႀကီးပူစာလုိက္ပါၿပီ။

ဒန္းစီးဖုိ႔ ဒန္းစင္ေဆာက္ေပးပါတဲ့။ ဒန္းစင္ႏွစ္လုံး မွာထားလုိက္ပါတယ္။ အိမ္သာေတြက ျပဳျပင္ရေတာ့မွာမလုိ႔ အိမ္သာသစ္ ျပင္ေဆာက္ဖုိ႔ တပါးတည္း မွာၾကားခဲ့ပါတယ္။

ေလာကအလင္း ကုန္က်စရိတ္ကေတာ့ စာေရးသူ၏ ဓမၼာပူဇာအလွဴေငြမ်ားထဲမွ သုံးစြဲတာျဖစ္ပါတယ္။ ဒီႏွစ္ ကေလးငယ္ေတြ ကံေကာင္းတာကေတာ့ ဦးမုိးကုိ+ေဒၚခုိင္မာဝင္း MK ေက်ာက္မ်က္မိသားစုက ဆယ္ရက္စာ အခ်ဳိရည္ဗူးမ်ား မုန္႔မ်ား လွဴဒါန္းေပးထားလုိ႔ပါပဲ။ သားသားမီးမီးေလးေတြ ယဥ္ေက်းလိမၼာစြာ ေလာကႀကီးကုိ ျပန္လည္ အက်ဳိးျပဳႏုိင္ပါေစ။

ဝီရသူ(မစုိးရိမ္)
5.3.2018

 

“ေလာကအလင်း ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲ

ဒီနေ့ တပေါင်းလပြည့်ကျော် ၄ ရက် 5.3.2018 မွန်းလွဲပိုင်းမှာ ကျင်းပတာပါ။ မူလတန်း အလယ်တန်း အထက်တန်း အတန်းစုံ ကလေးငယ်လေးတွေ (၆၀)ကျော် တက်ရောက်ပါတယ်။

အမရပူရမြို့ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း MK-ကျောက်မျက်မိသားစုနှင့် စက်မှုမြို့သစ်မှ ဦးစိုးဝင်းဦးဆောင်သော မြတ်ပါရမီ စာကျက်ဝိုင်း မိသားစုတို့က ကလေးများအား အအေးနှင့် မုန့်များ ဒါနပြုကြပါတယ်။ ကလေးများကတော့ အလှူရှင်များအား ဆုတောင်းမေတ္တာ ပို့သပေးကြပါတယ်။

ဒီသင်တန်းကို လောကအလင်း ပညာဒါနကျူရှင်ကျောင်း ဦးဆောင်ဆရာတော်များဖြစ်သည့် ဦးဝေပုလ္လ၊ ဦးသုမဏတို့က တာဝန်ယူ သင်ကြား ပြသ ဆုံးမ သွန်သင်ကြတာပါ။ ဒုတိယအကြိမ်သင်တန်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ပထမအကြိမ် သင်တန်းအောင်ပွဲနှင့်အတူ ဆုပေးပွဲလည်း ကျင်းပပေးခဲ့ပါတယ်။

မန်း မဘသမှ ကြီးမှူးကျင်းပသော တိုင်းအဆင့် ယဉ်ကျေးလိမ္မာစာမေးပွဲသို့လည်း ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ကြပါတယ်။
ဒီနှစ်လည်း လက်ရွေးစင်များ ရွေးချယ်ပြီး ဝင်ရောက် ဖြေဆိုခိုင်းဦးမှာပါ။ လောကအလင်း သားသားမီးမီးလေးတွေကတော့ အများကြီးပူစာလိုက်ပါပြီ။ ဒန်းစီးဖို့ ဒန်းစင်ဆောက်ပေးပါတဲ့။ ဒန်းစင်နှစ်လုံး မှာထားလိုက်ပါတယ်။

အိမ်သာတွေက ပြုပြင်ရတော့မှာမလို့ အိမ်သာသစ် ပြင်ဆောက်ဖို့ တပါးတည်း မှာကြားခဲ့ပါတယ်။ လောကအလင်း ကုန်ကျစရိတ်ကတော့ စာရေးသူ၏ ဓမ္မာပူဇာအလှူငွေများထဲမှ သုံးစွဲတာဖြစ်ပါတယ်။ ဒီနှစ် ကလေးငယ်တွေ ကံကောင်းတာကတော့ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း MK ကျောက်မျက်မိသားစုက ဆယ်ရက်စာ အချိုရည်ဗူးများ မုန့်များ လှူဒါန်းပေးထားလို့ပါပဲ။ သားသားမီးမီးလေးတွေ ယဉ်ကျေးလိမ္မာစွာ လောကကြီးကို ပြန်လည် အကျိုးပြုနိုင်ပါစေ။

ဝီရသူ(မစိုးရိမ်)
5.3.2018