သတင်း
လင်္ကာသူလင်္ကာသားများ လာရောက်ဖူးမြော်
19.2.2018 မနက်ပိုင်းမှာ ရန်ကုန်မြို့မှ လေယာဉ်ဖြင့် မန္တလေးသို့ ပြန်လာခဲ့ပါတယ်။ ကျောင်းရှေ့ရောက်တော့ လင်္ကာသူ လင်္ကာသားတွေ ရောက်ရှိလို့နေပါတယ်။ အဖြူရောင် အကျႌဘောင်းဘီတွေနဲ့ဖြစ်လို့ လင်္ကာသူတွေမှန်း ချက်ချင်းသိလိုက်ရတာပါ။
ကားပေါ်က ဆင်းတယ်ဆိုရင်ပဲ ဝမ်းသာအားရ လာရောက်နှုတ်ဆက်ကြပါတယ်။ ခဏတဖြုတ်စကားပြောပြီး နှုတ်ဆက်ကာ စာဝါဆက်ချပါတယ်။
စာဝါပြီးတော့ လင်္ကာသူ လင်္ကာသားတွေကို ဦးဆောင်ခေါ်ယူလာခဲ့တဲ့ လင်္ကာဆရာတော်လေးကို ဆွမ်းကပ်ပါတယ်။
ဓမ္မသမိဒ္ဓိကျောင်းမှာ ဆွမ်းကပ်တာပါ။ လင်္ကာသူ လင်္ကာသားတွေကတော့ ပျော်လို့ ရွှင်လို့ပါပဲ။