သတင္း

ပရဟိတကုိရင္ေလးမ်ား လာေရာက္ဖူးေျမာ္

14.2.2018 မြန္းလြဲပုိင္းမွာ ေရာက္ရွိလာၾကပါတယ္။ ဓမၼဓရဝါဆုိေက်ာင္းမွ သာမေဏေက်ာ္တန္း စာသင္သား ကုိရင္ေလးေတြပါ။ ကုိရင္ေလးေတြစုၿပီး အဖြဲ႕အစည္းေလးဖြဲ႕ထားပါတယ္။ သက်ကုမာရ မ်ဳိးခ်စ္သာမေဏမ်ား ပရဟိတအဖြဲ႕ပါ။ ကုိရင္ေလးေတြဆုိေပမဲ့ စာလည္းသင္ယူ ဗဟုသုတလည္း ေလ့လာ ပရဟိတလည္းစိတ္ဝင္စားတဲ့ အဖုိးတန္ စာသင္သားေလးေတြပါ။
ေနာင္တစ္ခ်ိန္မွာေတာ့ အေတာ္အားကုိးရမည့္ အနာဂတ္ရဲ႕ မ်ဳိးဆက္သစ္ေလးေတြပါ။

သူတုိ႔ေလးေတြစုၿပီး မန္း မေဟာ္သဓာအတြက္ အလွဴေငြ ၁၀၀၀၀၀(တစ္သိန္း)က်ပ္ လာေရာက္လွဴဒါန္းတာပါ။ ပရိယတၱိပညာေရးအဓိကထားဖုိ႔ အျပင္စာေတြ အလြန္အကၽြံမဖတ္ေသးဖုိ႔ ၾသဝါဒေပးလုိက္ပါတယ္။ အားလုံးအၿပီးမွာေတာ့ ကုိရင္ေလးေတြ တညီတညြတ္တည္း ဗုဒၶသာသနံ စိရံ တိ႒တု သုံးႀကိမ္ ရြတ္ဆုိ ဆုေတာင္းသြားပါတယ္။ ျမတ္စြာဘုရားလက္ထက္က သာမေဏေက်ာ္ေလးေတြလုိပဲ ေနာင္တစ္ခ်ိန္မွာ အားကုိးထုိက္တဲ့ သာမေဏေက်ာ္ေလးေတြ ျဖစ္ပါေစ။

ဝီရသူ(မစုိးရိမ္)
19.2.2018
PM 6:46

 

“ပရဟိတကိုရင်လေးများ လာရောက်ဖူးမြော်”

14.2.2018 မွန်းလွဲပိုင်းမှာ ရောက်ရှိလာကြပါတယ်။ ဓမ္မဓရဝါဆိုကျောင်းမှ သာမဏေကျော်တန်း စာသင်သား ကိုရင်လေးတွေပါ။ ကိုရင်လေးတွေစုပြီး အဖွဲ့အစည်းလေးဖွဲ့ထားပါတယ်။ သကျကုမာရ မျိုးချစ်သာမဏေများ ပရဟိတအဖွဲ့ပါ။ ကိုရင်လေးတွေဆိုပေမဲ့ စာလည်းသင်ယူ ဗဟုသုတလည်း လေ့လာ ပရဟိတလည်းစိတ်ဝင်စားတဲ့ အဖိုးတန် စာသင်သားလေးတွေပါ။ နောင်တစ်ချိန်မှာတော့ အတော်အားကိုးရမည့် အနာဂတ်ရဲ့ မျိုးဆက်သစ်လေးတွေပါ။

သူတို့လေးတွေစုပြီး မန်း မဟော်သဓာအတွက် အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လာရောက်လှူဒါန်းတာပါ။ ပရိယတ္တိပညာရေးအဓိကထားဖို့ အပြင်စာတွေ အလွန်အကျွံမဖတ်သေးဖို့ သြဝါဒပေးလိုက်ပါတယ်။ အားလုံးအပြီးမှာတော့ ကိုရင်လေးတွေ တညီတညွတ်တည်း ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်းသွားပါတယ်။ မြတ်စွာဘုရားလက်ထက်က သာမဏေကျော်လေးတွေလိုပဲ နောင်တစ်ချိန်မှာ အားကိုးထိုက်တဲ့ သာမဏေကျော်လေးတွေ ဖြစ်ပါစေ။
ဝီရသူ(မစိုးရိမ်)
19.2.2018
PM 6:46