သတင်း

မန်း မဘ သ သတင်း

မန်း/တိုင်း မ ဘ သ ရပ်တည်ချက်နှင့် သဘောထား ကြေငြာချက်ကို ၉/၇/၂၀၁၇ ရက်စွဲဖြင့် ကြေငြာခဲ့ပြီးဖြစ်ပါသည်၊
အဆိုပါ ကြေငြာချက်နှင့် စပ်လျဉ်း၍ မန်း/တိုင်း သံဃနာယကအဖွဲ့က ယနေ့ ရက်စွဲဖြင့် အစည်းအဝေးခေါ်ယူ ညှိနှိုင်းဆွေးနွေရာ မန်း မ ဘ သ အမည်ဖြင့် ဆက်လက်ရပ်တည်လိုပါက နိင်ငံတော် မ ဟ န အဖွဲ့ထံစာတင်ရန် အကြံပြုပါသည်။
သို့အတွက်ကြောင့် မန်း/တိုင်း မ ဘ သ အဖွဲ့အနေဖြင့် အရေးပေါ်အထူးအစည်းအဝေးတစ်ရပ် ကျင်းပမည်ဖြစ်ပါ၍ မဟာဝိဇယ စာသင်တိုက် လမ်း ( ၆၀ ) ( ၃၅-လမ်း၊ သိပ္ပံလမ်းကြား ) သို့ ၁၂/၇/၂၀၁၇ ညနေ ( ၃ ) နာရီအချိန်၊ အမျိုးဘာသာ သာသနာ ချစ်မြတ်နိုးသူတိုင်း ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။


အရှင်ယသ
ပြန်ကြားရေးတာဝန်ခံ၊
မန်း/တိုင်း မ ဘ သ
ဖုန်း ၀၉-၄၂၂၄၆-၃၁၃၂