သတင်း



“တိဘက်ဆရာတော်တစ်ပါး လာရောက်ဖူးမြော်”

2.3.2019 ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းသို့ လာရောက်ဖူးမြော်တာပါ။
ခရီးသွားခါနီး စာမူတစ်ပုဒ်တည်းဖြတ်နေချိန်နှင့်ကြုံနေလို့ အလုပ်လုပ်ရင်းပဲ ဧည့်ခံလိုက်ပါတယ်။
သူကလည်း တွေ့ခွင့်ရရင်ကို ကျေနပ်ပါပြီလို့ပြောပါတယ်။
အာဝဇ္ဇန်းအတော်ရွှင်တဲ့သူပါ။
သီတဂူကျောင်းဆင်း ဂိုက်လုပ်ပေးတဲ့ ဦးဇင်းလေးတစ်ပါးနှင့် သူငယ်ချင်းပါ။
ရဟန်းသိက္ခာ ၁၀ ဝါပဲ ရပါသေးတယ်။