သတင်းလောကအလင်းပညာဒါနကျောင်း



တတိယအကြိမ်ရှိပါပြီ။

“လောကအလင်း တတိယအကြိမ် ယဉ်ကျေးလိမ္မာသင်းတန်းဖွင့်ပွဲ”

တပို့တွဲလကွယ် 5.3.2019 ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၃ လမ်းနှင့် ယုဇနလမ်းသွယ်မှာရှိတဲ့ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။

တတိယအကြိမ်ရှိပါပြီ။
မူလတန်းလေးတွေကို ယဉ်ကျေးမှုသင်တန်းသက်သက်သာ တက်ခိုင်းပြီး အလယ်တန်းနှင့်အထက်တန်းတွေကိုတော့ ယဉ်ကျေးမှုသင်တန်းနှင့် ဂရမ်မာသင်တန်းတွဲပြီး သင်ပေးပါတယ်။
စာရေးသူက နှလုံးသားမှာ ဘုရားတည်ရခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဟောကြားပါတယ်။
အခမ်းအနားအပြီးမှာ ကလေးတွေကို မုန့်နှင့်အအေးဗူးများ ဝေပေးပါတယ်။
ကလေးလေးတွေ စားကြ ကစားကြ စာကျက်ကြနဲ့ ပျော်စရာအင်မတန်ကောင်းတဲ့ သင်တန်းကျောင်းလေးပါ။