သတင်း
“အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ပါစေ”
နစ်နာသူမိန်းကလေး အေးမြတ်သူကို 24.2.2019 ရက်နေ့မှာ မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးက ထပ်မံစစ်ဆေးပါတယ်။ တစ်နေကုန်စစ်ဆေးပြီး ည ရး၀၀ နာရီကျော်မှ ပြန်လွှတ်ပါတယ်။
စိတ်ပညာအရ မိန်းကလေးကို အမျိုးမျိုးလှည့်စားပြီး ပုသဏ္ဌာန်မျိုးစုံနဲ့ စစ်ဆေးတာပါ။
ရည်ရွယ်ချက်ကတော့ အမှန်တကယ်ကျူးလွန်ခံရတာ ဟုတ်မဟုတ်နှင့် ဖျာပုံမင်းဆွေကျင့်တာ တကယ်ဟုတ်မဟုတ် ပေါ်လွင်စေချင်လို့ပါပဲ။
မိန်းကလေးက တစ်ခွန်းတည်းပဲဖြေပါတယ်။ သမီး ဘယ်ယောကျ်ားနဲ့မှ မဆက်ဆံဖူးဘူး၊ ဒီလူကြီးနဲ့ပဲ ဆက်ဆံဖူးပါတယ်။ သမီးအာမခံတယ်။ ဒီလူကြီးက သမီးကိုမကျင့်ဘဲ ဒီလူကြီးကို တရားခံဆွဲထည့်နေတာ လုံးဝ မဟုတ်ဘူး ဆိုတဲ့စကားတစ်ခွန်းပဲ ပြောခဲ့တာပါ။
အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ပါစေ။