သတင္း

၂၀၁၉ အ႒မဓမၼသဘင္ (မအူပင္-ခေနာင္ႀကီး)

တပို႔တြဲလဆန္း ၁၃ရက္ (17.2.2019)ရက္ေန႔၊ ည ၇း၀၀ နာရီ၊ ဧရာဝတီတုိင္း၊ မအူပင္ၿမဳိ႕နယ္၊ ခေနာင္ႀကီးေက်းရြာ၊ ပေလာင္ေက်းရြာ၊ ဇိနမာရ္ေအာင္ေစတီေတာ္ျမတ္ႀကီး (၁၀)ႀကိမ္ေျမာက္ ဗုဒၶပူဇနိယပြဲေတာ္အႀကဳိ ဓမၼသဘင္။

အတုိက္အခိုက္ေတြ အေႏွာင့္အယွက္ေတြၾကားထဲက အခက္အခဲမ်ားစြာကိုရင္ဆုိင္ၿပီး ေက်ာ္ျဖတ္ခဲ့ရတဲ့ တရားပြဲပါ။
မအူပင္ အရွင္ဝိစိတၱ ႀကဳိးစားလို႔သာ က်င္းပခြင့္ရခဲ့တာပါ။
စာေရးသူပါလုိ႔ဆိုကာ တုိင္ၾကားသူမ်ား ပြဲဖ်က္သူမ်ားအေၾကာင့္ တရားပြဲက်င္းပဖုိ႔ အစီအစဥ္ပ်က္သြားခဲ့ရပါတယ္။
ကိုးႏွစ္ႀကီးမ်ားေတာင္ ႏွစ္စဥ္ႏွစ္တိုင္းက်င္းပလာခဲ့ၿပီး ဆယ္ႏွစ္ျပည့္တရားပြဲမွ ပ်က္ရေတာ့တယ္ဆိုၿပီး ရြာသူရြာသားမ်ား စုိးရိမ္ပူေဆြး ငိုေၾကြးခဲ့ရပါတယ္။
ေနာက္ဆံုးေတာ့ သူေတာ္ေကာင္းကို နတ္ေကာင္းမကာ အဓမၼကို ဓမၼက အႏုိင္ရခဲ့ပါေတာ့တယ္။
ရန္ကုန္မွ မ်ဳိးခ်စ္သမဂၢႏွင့္ အမ်ဳိးသားေရးညီအစ္ကိုေမာင္ႏွမမ်ား လာေရာက္ေစာင့္ေရွာက္ၾကပါတယ္။
သမီးငယ္ေလး ေမသိဂႌေက်ာ္ကလည္း အမ်ဳိးသားေရးဓမၼေတးျဖင့္ ဧည့္ခံေဖ်ာ္ေျဖပါတယ္။

“ပဒုမငရဲသား” တရားေတာ္ ေဟာၾကားခဲ့ပါတယ္။
ေကာကာလိက ရဟန္းေတာ္၊ သူေတာ္ေကာင္းကို ျပစ္မွားသေနာ္။
ႏႈတ္ဓားမေၾကာင့္ အသက္ေပ်ာက္၊ ပဒုမငရဲေရာက္။
သူေတာ္ေကာင္းကိုျပစ္မွားလွ်င္၊ ပဒုမသို႔ သြားရအစဥ္။
ႏႈတ္ဝါစာကို ေစာင့္ထိန္းမွ၊ ခုေနာင္ေကာင္စားရ။

“၂၀၁၉ အဋ္ဌမဓမ္မသဘင် (မအူပင်-ခနောင်ကြီး)”

တပို့တွဲလဆန်း ၁၃ရက် (17.2.2019)ရက်နေ့၊ ည ရး၀၀ နာရီ၊ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ခနောင်ကြီးကျေးရွာ၊ ပလောင်ကျေးရွာ၊ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး (၁၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို ဓမ္မသဘင်။

အတိုက်အခိုက်တွေ အနှောင့်အယှက်တွေကြားထဲက အခက်အခဲများစွာကိုရင်ဆိုင်ပြီး ကျော်ဖြတ်ခဲ့ရတဲ့ တရားပွဲပါ။
မအူပင် အရှင်ဝိစိတ္တ ကြိုးစားလို့သာ ကျင်းပခွင့်ရခဲ့တာပါ။
စာရေးသူပါလို့ဆိုကာ တိုင်ကြားသူများ ပွဲဖျက်သူများအကြောင့် တရားပွဲကျင်းပဖို့ အစီအစဉ်ပျက်သွားခဲ့ရပါတယ်။
ကိုးနှစ်ကြီးများတောင် နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့ပြီး ဆယ်နှစ်ပြည့်တရားပွဲမှ ပျက်ရတော့တယ်ဆိုပြီး ရွာသူရွာသားများ စိုးရိမ်ပူဆွေး ငိုကြွေးခဲ့ရပါတယ်။
နောက်ဆုံးတော့ သူတော်ကောင်းကို နတ်ကောင်းမကာ အဓမ္မကို ဓမ္မက အနိုင်ရခဲ့ပါတော့တယ်။
ရန်ကုန်မှ မျိုးချစ်သမဂ္ဂနှင့် အမျိုးသားရေးညီအစ်ကိုမောင်နှမများ လာရောက်စောင့်ရှောက်ကြပါတယ်။
သမီးငယ်လေး မေသိင်္ဂီကျော်ကလည်း အမျိုးသားရေးဓမ္မတေးဖြင့် ဧည့်ခံဖျော်ဖြေပါတယ်။

“ပဒုမငရဲသား” တရားတော် ဟောကြားခဲ့ပါတယ်။
ကောကာလိက ရဟန်းတော်၊ သူတော်ကောင်းကို ပြစ်မှားသနော်။
နှုတ်ဓားမကြောင့် အသက်ပျောက်၊ ပဒုမငရဲရောက်။
သူတော်ကောင်းကိုပြစ်မှားလျှင်၊ ပဒုမသို့ သွားရအစဉ်။
နှုတ်ဝါစာကို စောင့်ထိန်းမှ၊ ခုနောင်ကောင်စားရ။