မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

ပညာေရးအကယ္ဒမီေက်ာင္းအတြက္ မစိုးရိမ္စာသင္သားသံဃာေတာ္မ်ားအလွဴေတာ္

မင္းကြန္း ဩဂုတ္ ၂၃

23.8.2019 စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းေဒသ၊ ဓမၼေစတီေက်ာင္းတုိက္၊ ပညာေရးအကယ္ဒမီေက်ာင္းအတြက္ မႏၲေလးၿမိဳ႕ မစိုးရိမ္တိုက္မႀကီးႏွင့္ မစိုးရိမ္တိုက္သစ္ စာသင္သားေသာတုဇန သံဃာေတာ္အရွင္သူျမတ္မ်ားစုမွ န၀ကမၼဝတၳဳေငြႏွင့္ လႉဖြယ္ပစၥည္းမ်ား လာေရာက္လႉဒါန္းၾကေၾကာင္းသိရသည္။

အဆိုပါစာသင္သား သံဃာေတာ္မ်ား၏ လႉဒါန္းမႈအစုစုကို ပညာေရးအကယ္ဒမီေက်ာင္းအုပ္ဆရာေတာ္ ဘဒၵႏၲဥကၠ႒၊ ဓမၼေစတီေက်ာင္း တိုက္အုပ္ဆရာေတာ္ ဘဒၵႏၲသုမနာလကၤာရတို႔က လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပးအပ္သည္။

အခမ္းအနားသို႔ ပညာေရးအကယ္ဒမီ ေက်ာင္း ဆရာ၊ ဆရာမမ်ား ေက်ာင္းသား ေက်ာင္းသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္းသိရသည္။

လႉဒါန္းမႈ အစုစုမွာ ေငြက်ပ္ ၃၇၅၀၀၀၊ ျခံဳေစာင္ႀကီးမ်ား၊ သြားတိုက္ေဆး သြားတိုက္တံ၊ ဆပ္ျပာခဲ ဆပ္ျပာမႈန္႔၊ သဘက္မ်ား၊ စာအုပ္ႏွင့္ စာေရးကိရိယာမ်ား ၊ ေခါက္ဆြဲေျခာက္ထုပ္မ်ား၊ မုန္႔မ်ားႏွင့္ အျခား တစ္ကိုယ္ေရသံုးပစၥည္းမ်ား ပါဝင္သည္။

ပညာေရး အကယ္ဒမီကို
စစ္ကိုင္းၿမိဳ႕ မင္းကြန္းေတာင္ရိုး ပုထိုးေတာ္ႀကီးဘုရားအနီးရွိ ဓမၼေစတီေက်ာင္းတိုက္တြင္ ကမၻာေက်ာ္ဆရာေတာ္ႏွင့္ ဓမၼေစတီေဖာင္ေဒးရွင္း ဆရာေတာ္ ဘဒၵႏၲနာဂိႏၵာလကၤာရတို႔ ပူးတြဲ တည္ေထာင္ထားျခင္းျဖစ္သည္။

ပညာေရးအကယ္ဒမီတြင္ ပဥၥမတန္းမွ တကၠသိုလ္ဝင္တန္းအထိ တက္ေရာက္သင္ယူေနၾကၿပီး အုပ္ခ်ဳပ္ႀကီးၾကပ္သူ၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား ေက်ာင္းသူမ်ား စုစုေပါင္း အင္အား ၄၀၀ နီးပါးရွိသည္။

ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ပညာေရး သာမက က်န္းမာေရး စား၀တ္ေနေရးတို႔ကိုပါ အျပည့္အဝတာဝန္ယူ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္းသိရသည္။

“ပညာရေးအကယ်ဒမီကျောင်းအတွက် မစိုးရိမ်စာသင်သားသံဃာတော်များအလှူတော်”

မင်းကွန်း ဩဂုတ် ၂၃

23.8.2019 စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်းအတွက် မန္တလေးမြို့ မစိုးရိမ်တိုက်မကြီးနှင့် မစိုးရိမ်တိုက်သစ် စာသင်သားသောတုဇန သံဃာတော်အရှင်သူမြတ်များစုမှ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လာရောက်လှူဒါန်းကြကြောင်းသိရသည်။

အဆိုပါစာသင်သား သံဃာတော်များ၏ လှူဒါန်းမှုအစုစုကို ပညာရေးအကယ်ဒမီကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌ၊ ဓမ္မစေတီကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသုမနာလင်္ကာရတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

အခမ်းအနားသို့ ပညာရေးအကယ်ဒမီ ကျောင်း ဆရာ၊ ဆရာမများ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

လှူဒါန်းမှု အစုစုမှာ ငွေကျပ် ၃၇၅၀၀၀၊ ခြုံစောင်ကြီးများ၊ သွားတိုက်ဆေး သွားတိုက်တံ၊ ဆပ်ပြာခဲ ဆပ်ပြာမှုန့်၊ သဘက်များ၊ စာအုပ်နှင့် စာရေးကိရိယာများ ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ မုန့်များနှင့် အခြား တစ်ကိုယ်ရေသုံးပစ္စည်းများ ပါဝင်သည်။

ပညာရေး အကယ်ဒမီကို
စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုး ပုထိုးတော်ကြီးဘုရားအနီးရှိ ဓမ္မစေတီကျောင်းတိုက်တွင် ကမ္ဘာကျော်ဆရာတော်နှင့် ဓမ္မစေတီဖောင်ဒေးရှင်း ဆရာတော် ဘဒ္ဒန္တနာဂိန္ဒာလင်္ကာရတို့ ပူးတွဲ တည်ထောင်ထားခြင်းဖြစ်သည်။

ပညာရေးအကယ်ဒမီတွင် ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ တက်ရောက်သင်ယူနေကြပြီး အုပ်ချုပ်ကြီးကြပ်သူ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း အင်အား ၄၀၀ နီးပါးရှိသည်။

ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး သာမက ကျန်းမာရေး စားဝတ်နေရေးတို့ကိုပါ အပြည့်အဝတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။