သတင္း

ထုိင္းဆရာေတာ္ႀကီး လာေရာက္အားေပး

7.2.2018 ရက္ေန႔ ညေန ၆း၀၀ နာရီ ဓမၼသဟာယေက်ာင္းသုိ႔ ၾကြေရာက္လာတာပါ။ ႏွစ္စဥ္ႏွစ္တုိင္း လာေရာက္အားေပးေနၾက ဆရာေတာ္ႀကီးျဖစ္ပါတယ္။ ေရာက္လာရင္လဲ လက္ေဆာင္ပစၥည္းေတြ အမ်ားႀကီးပါလာတတ္ပါတယ္။ တစ္ႏွစ္စာလုံး စုေဆာင္းထားတဲ့ တုိလီမုတ္စေလးေတြပါ။

အခုလည္း ဗူးေလးသုံးဗူး ပါလာပါတယ္။ ကုိယ္ေတာ္တုိင္ လြယ္အိတ္ထဲထည့္ လြယ္လာတာပါ။ ေရဗူးေလးရယ္၊ တီးမစ္ဗူးေလးရယ္၊ ပူရွိန္းဗူးေလးရယ္ ပါပဲ။ သီလရွင္ဆရာေလးကလည္း ခါတုိင္းပါလာေနၾကပါ။ အမ်ဳိးသမီးေလးေယာက္ကေတာ့ အခုမွပါလာတာပါ။

ထုိင္းဆရာေတာ္ႀကီးက အေမရိကန္လူမ်ဳိး၊ ဗုဒၶဘာသာခံယူတာ ႏွစ္ေပါင္းေလးဆယ္ေက်ာ္ၿပီ။ ရဟန္းသိကၡာ (၃၇)ဝါရပါၿပီ။
သတင္းေတြဖတ္ရတာနဲ႔တင္ လူမျမင္ဖူးေသးဘဲ လာေရာက္ ေတြ႕ဆုံတဲ့ဆရာေတာ္ႀကီးရဲ႕ သံေယာဇဥ္က မေသးပါဘူး။
ဘုရားဖူးျခင္း၊ ေလ့လာေရးခရီးထြက္ျခင္းမဟုတ္ဘဲ စာေရးသူကုိ အားေပးရုံသက္သက္နဲ႔ ေငြကုန္ေၾကးက်ခံၿပီး အပင္ပန္းခံ လာေရာက္ေတြ႕ဆုံတဲ့ဆရာေတာ္ႀကီးပါ။

ေက်းဇူးႀကီးမားလွပါတယ္။ တုိင္းမဂၢဇင္းစာအုပ္ကုိ ယူခုိင္းၿပီး ဆရာေတာ္ႀကီး၏ တပည့္မ်ားကုိ စာေရးသူမ်က္ႏွာႏွင့္ မဂၢဇင္းမ်က္ႏွာဖုံးပါ ဓာတ္ပုံကုိ ယွဥ္တြဲျပၿပီး ဟန္နာဘိခ်္ လုပ္ရပ္ေလျခင္းသေဘာျဖင့္ ရွင္းျပေနပုံေလးလည္း ၾကည္ႏူးစရာပါပဲ။
ဦးေခါင္းကုိကုိင္ၿပီး သစၥာဆုိ ဆုေတာင္းေပးသြားပါေသးတယ္။

ပါဠိလုိဆုေတာင္းေပးတာပါ။ သူယုတ္မာေတြ ဘယ္လုိပုတ္ခတ္ပုတ္ခတ္ ဘယ္ေလာက္ပဲေစာ္ကားေစာ္ကား ဆရာေတာ္ႀကီးေတြ အားေပးစကားၾကားရတာနဲ႔တင္ အတြင္းအားေတြက အၿမဲတမ္းကုိ ျပည့္ဝေနေတာ့တာပါ။ ေက်းဇူးတင္ပါတယ္ ဆရာေတာ္ႀကီးဘုရား။

ဝီရသူ(မစုိးရိမ္)
8.2.2018
PM 11:22

 

“ထိုင်းဆရာတော်ကြီး လာရောက်အားပေး”

 

7.2.2018 ရက်နေ့ ညနေ ၆း၀၀ နာရီ ဓမ္မသဟာယကျောင်းသို့ ကြွရောက်လာတာပါ။ နှစ်စဉ်နှစ်တိုင်း လာရောက်အားပေးနေကြ ဆရာတော်ကြီးဖြစ်ပါတယ်။ ရောက်လာရင်လဲ လက်ဆောင်ပစ္စည်းတွေ အများကြီးပါလာတတ်ပါတယ်။
တစ်နှစ်စာလုံး စုဆောင်းထားတဲ့ တိုလီမုတ်စလေးတွေပါ။

အခုလည်း ဗူးလေးသုံးဗူး ပါလာပါတယ်။ ကိုယ်တော်တိုင် လွယ်အိတ်ထဲထည့် လွယ်လာတာပါ။ ရေဗူးလေးရယ်၊ တီးမစ်ဗူးလေးရယ်၊ ပူရှိန်းဗူးလေးရယ် ပါပဲ။ သီလရှင်ဆရာလေးကလည်း ခါတိုင်းပါလာနေကြပါ။ အမျိုးသမီးလေးယောက်ကတော့ အခုမှပါလာတာပါ။

ထိုင်းဆရာတော်ကြီးက အမေရိကန်လူမျိုး၊ ဗုဒ္ဓဘာသာခံယူတာ နှစ်ပေါင်းလေးဆယ်ကျော်ပြီ။ ရဟန်းသိက္ခာ (၃၇)ဝါရပါပြီ။
သတင်းတွေဖတ်ရတာနဲ့တင် လူမမြင်ဖူးသေးဘဲ လာရောက် တွေ့ဆုံတဲ့ဆရာတော်ကြီးရဲ့ သံယောဇဉ်က မသေးပါဘူး။
ဘုရားဖူးခြင်း၊ လေ့လာရေးခရီးထွက်ခြင်းမဟုတ်ဘဲ စာရေးသူကို အားပေးရုံသက်သက်နဲ့ ငွေကုန်ကြေးကျခံပြီး အပင်ပန်းခံ လာရောက်တွေ့ဆုံတဲ့ဆရာတော်ကြီးပါ။

ကျေးဇူးကြီးမားလှပါတယ်။ တိုင်းမဂ္ဂဇင်းစာအုပ်ကို ယူခိုင်းပြီး ဆရာတော်ကြီး၏ တပည့်များကို စာရေးသူမျက်နှာနှင့် မဂ္ဂဇင်းမျက်နှာဖုံးပါ ဓာတ်ပုံကို ယှဉ်တွဲပြပြီး ဟန်နာဘိချ် လုပ်ရပ်လေခြင်းသဘောဖြင့် ရှင်းပြနေပုံလေးလည်း ကြည်နူးစရာပါပဲ။
ဦးခေါင်းကိုကိုင်ပြီး သစ္စာဆို ဆုတောင်းပေးသွားပါသေးတယ်။

ပါဠိလိုဆုတောင်းပေးတာပါ။ သူယုတ်မာတွေ ဘယ်လိုပုတ်ခတ်ပုတ်ခတ် ဘယ်လောက်ပဲစော်ကားစော်ကား ဆရာတော်ကြီးတွေ အားပေးစကားကြားရတာနဲ့တင် အတွင်းအားတွေက အမြဲတမ်းကို ပြည့်ဝနေတော့တာပါ။ ကျေးဇူးတင်ပါတယ် ဆရာတော်ကြီးဘုရား။

ဝီရသူ(မစိုးရိမ်)
8.2.2018
PM 11:22