သတင်း

ဒါတွေ ဘာကြောင့် ချန်ထားခဲ့တာလဲ

(ဒါကတော့ VOICE သတင်းထောက် J-07(ခ)ကျော်စိုးဦးနဲ့ဆရာတော်ကြီး အင်တာဗျူးအပြည့်အစုံပါ။ ကျော်စိုးဦးက စာရေးသူနှင့် နိရုတ္တိဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသတို့ထံလည်း လာရောက်ပါသေးတယ်။ အယုံအကြည်မရှိလို့ လက်မခံလိုက်တာပါ။

မြင်တဲ့အတိုင်းပဲ သူရေးသွားတာက တစ်ဖက်သတ်ဘယ်လောက်ဆန်လဲ သိသာပါတယ်။
စာနယ်ဇင်းသမားဆိုတာ တစ်ဖက်သတ်ရေးသားခွင့် မရှိပါဘူး။
အကောင်းရော အဆိုးရော ထောက်ခံတာရော ကန့်ကွက်တာရော ကြည်ဖြူတာရော မကြည်ဖြူတာရော ရှုထောင့်အသီးသီး အစုံအလင်ထည့်ရပါမယ်။

အခုတော့ မဟနကလည်း မဘသမကောင်းကြောင်း မဘသကလည်း မဟနမကောင်းကြောင်းပြောနေကြ ဘယ်ဘက်လိုက်ရမှန်းမသိဖြစ်နေဆိုတာတွေကို ချန်ခဲ့ပါတယ်။

မဟနအဖွဲ့နှင့် မဘသအဖွဲ့ အစိုးရအဖွဲ့၏ အဓိကပြဿနာသိချင်ရင် အစိုးရအဖွဲ့ကို သွားမေးပါ။ ဆရာတော်ကြီးကတော့ မဘသကြားနဲ့မဟနကြားကပြဿနာတွေကို မသိပါလို့ ဖြေခဲ့တာတွေလည်း ချန်ခဲ့ပါတယ်။

ထို့အတူ တစ်ခြားဟာတွေလည်း ချန်လှပ်ခဲ့ကြောင်း တွေ့ရှိရမှာပါ။

မင်းတို့စာနယ်ဇင်းသမားတွေ မဘသကို ဘယ်လိုပဲလုပ်ကြံလုပ်ကြံ မဘသဟာ မဘသပါပဲ။

မျိုးချစ်သံဃာနှင့် မျိုးချစ်ပြည်သူတွေရဲ့ ရင်ထဲမှာတော့ ထာဝရမဘသလို့ မှတ်လိုက်ပါ။

စာနယ်ဇင်းသတ်လို့ သေရကြေးဆိုရင် ဝီရသူဘဝပေါင်းများစွာ သေပြီးပြီပေါ့။

မင်းတို့စာနယ်ဇင်းတွေပဲဖြစ်ဖြစ် အစိုးရပဲဖြစ်ဖြစ် မဟနပဲဖြစ်ဖြစ် ငါတို့အတွက်တော့ အားလုံးဟာ စက္ကူကျားရုပ်တွေပါပဲ။

တရားဥပဒေကို လေးစားတဲ့ခေတ်ဆိုရင် မဘသကို ဘယ်သူမှသတ်လို့မရဘူးဆိုတာ မှတ်လိုက်ပါ။)

ဝီရသူ(မစိုးရိမ်)
26.7.2017
PM 6:11
==========================================================
မေး မဘသဆိုင်းဘုတ်ဖြုတ်ချရေး ညှိနှိုင်းဆောင်ရွက်ထားပုံ
ဖြေ- အစိုးရကအာဏာစက်နဲ့လုပ်ဆောင်ပြီး မဟနက ဓမ္မစက်နဲ့လုပ်ဆာင်ရမည်။

မေး- ၂၂.၇.၂၀၁၇ မဘသနှင့် ဆွေးနွေးပုံ
ဖြေ- အထူးမဟုတ် မကြာခဏတွေ့ဆုံခြင်းဖြစ်။ မဘသအဖွဲ့ တရားဥပဒေအရ ဖွဲ့စည်းခွင့်ရှိသည့် အဖွဲ့အစည်းမဟုတ်။ ဂိုဏ်းကြီးကိုးဂိုဏ်းမှ အပ မဖွဲ့ရ။ တရားဥပဒေအရ ငြိစွန်းနေ။ သံဃာတော်များနှင့် ဒကာ ဒကာမများ မညီမညွတ်ဖြစ်နိုင်။ ဖွဲ့ချင်ရင် ဝင်ရောက်အရွေးခံ။ မဟနအဖွဲ့ထဲဝင်ပါ။ ဆရာတော်တို့ နှုတ်ထွက်ပေးမယ်။ မဘသ အမည်ဖြင့် ဆက်မလုပ်သင့်။ အခြားအမည်ဖြင့် လုပ်ဆောင်ရမည်။

မေး- အခုအစိုးရလက်ထက်မှ ဖျက်သိမ်းခိုင်းပုံ
ဖြေ- အရင်တုန်းကလည်း ဖျက်သိမ်းဖို့ ပြောခဲ့ ရက်သတ်မှတ်ထားသော်လည်း မဖျက်ခိုင်းခဲ့ တရားသဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့မဟုတ် လက်ခံလိုက်လျင် အဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့ ပေါ်ပေါက်လာနိုင်။

မေး- မဟန မဘသ နှစ်ပိုင်းကွဲနေမှုအပေါ် စိတ်မချမ်းမသာဖြစ်ရပုံ
ဖြေ- ဘယ်ဘက်လိုက်ရမှန်းမသိ မဟနကလည်း မဘသမကောင်းကြောင်း မဘသကလည်း မဟနမကောင်းကြောင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ မကောင်းကြောင်း ပြောနေကြ။

မေး- မဘသအဖွဲ့အပေါ် အမြင်
ဖြေ- မတရားသဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ် လက်ခံလိုက်လျင် ဟိုကတစ်ဖွဲ့ ဒီကတစ်ဖွဲ့ ဖြစ်လာနိုင် သံဃာ့အဖွဲ့အစည်း ကိုးဖွဲ့သာရှိ မဘသအဖွဲ့သည် မတရားအဖွဲ့ဖြစ်။

မေး- မဘသအဖွဲ့နှင့် မဟနအဖွဲ့ပြဿနာ အစိုးရအဖွဲ့ပြဿနာ အခြေအနေ
ဖြေ- အစိုးရအဖွဲ့မေးမှ သိမယ် သေချာမသိပါ။ မဘသကြားနဲ့ မဟနကြားပြဿနာ မသိပါ။

မေး- မဘသဆရာတော်များ ပါတီနိုင်ငံရေး ဟောပြောမှုများ ရှိနေတယ်ဆို
ဖြေ- အဲဒါ သူတို့ပြဿနာပါ ဆရာတော်တို့တာဝန်မဟုတ် ဥပဒေအရ ဖွဲ့ခွင့်မရှိသည့်အဖွဲ့ဖြစ်

မေး- မဘသ အဖွဲ့ ဆက်ရှိနေသော်
ဖြေ- အကျိုးဆက်ကတော့ မရှိ အပြစ်သာရှိမည်

မေး- သာဝန်က သာသနာသန့်ရှင်းရေးလုပ်မယ်ဆို အချိန်ကျရောက်ပြီလား
ဖြေ- သတိမထားမိ လုပ်စရာလည်းသိပ်မလို သာသနာတော်က မသန့်မရှင်း ဖြစ်မနေ လုပ်ဖို့လည်း မလို ဆရာတော်အား တိုးတိုးတိတ်တိတ်ရော အကျယ်တဝံ့ပါ လျှောက်ထားတင်ပြခြင်းမရှိ။

မေး-သာဝန်ဗုဒ္ဓဘာသာအပေါ် ဖိနှိပ်မှုနှင့်ပတ်သက်၍ ဆန္ဒပြပွဲများအပေါ်
ဖြေ- သာဝန်ဦးဏှောက်များခြောက်သွားမလားလို့ ဆရာတော်က မေးမြန်းကြည့် ဦးဏှောက်မခြောက်ကြောင်း ဆန္ဒပြကြေးတစ်ရက် သုံးသောင်းကျပ်ဖြင့် ခေါ်လာကြောင်း စိတ်ပါသူတွေမဟုတ်ကြောင်း ခုနစ်ထောင်ကျပ်ပဲ ပေးလို့ စကားများကြကြောင်း သူရအောင်ကိုကဖြေကြား။

မေး-အစိုးရ တပ်မတော် ပြည်သူများအပေါ် သြဝါဒ
ဖြေ- နိုင်ငံရေးမလုပ် ဘာသာရေးသာလုပ် တွေ့တိုင်း ညီညွတ်ရေးတရားဟော မညီညွတ်ရင် ဒုက္ခရောက်မည် ညီညွတ်ဖို့လိုကြောင်း အမြဲဟော။

မေး- လက်ရှိအစိုးရ ငြိမ်းချမ်းရေးဆောင်ရွက်နေမှုအပေါ် အမြင်
ဖြေ- နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ် ငြိမ်းချမ်းရေးမရသည့်အတွက် စိတ်မချမ်းသာ ဖြစ်နိုင်ရင် မတိုက်ခိုက်စေချင် မပစ်ခတ်စေချင် မညီညွတ်ရင် လက်တွေ့ဒုက္ခရောက်မည် ညီညွတ်မှု ရှိရမည်။

မေး- ဘာသာရေးခေါင်းဆောင်များ ညီညွတ်ရေး သြဝါဒ
ဖြေ- လောလောဆယ် ဗုဒ္ဓဘာသာအချင်းချင်း ညီညွတ်ဖို့လိုအပ် ညီညွတ်အောင်လုပ်နေရ အခြားဘာသာများနှင့် ညီညွတ်ရေး မလုပ်နိုင်သေး အားလုံးပေါင်းပြီး ညီညီညွတ်ညွတ်ကြိုးစားရန်လိုအပ်။

မေး-ဘာသာ သာသနာ ပြန့်ပွားရေးအတွက် သြဝါဒ
ဖြေ- လောလောဆယ် အခြေအနေမကောင်း ကိုရင်များ လျှော့နည်းနေ။