သတင်းအင်တာဗျူး
မေး- မတ်လ ၁၅ ရက်နေ့ သတင်း တွေမှာပဲ အင်္ဂလန်ရဲ့ အစ္စလာမ်ဆန့်ကျင် ရေးအုပ်စု “ မြငအငေည င်္ငမျအ “ ရဲ့ စာမျက် နှာတွေကို င်္ခေနဘသသု ပယ်ဖျက်တယ် ဆိုတဲ့ သတင်းတွေဖတ်ရပါတယ်ဘုရား။ အစ္စလာမ်ဆန့်ကျင်ရေးလုပ်တဲ့အဖွဲ့ကို င်္ခေနဘသသု ကနေဖယ်လိုက်တာနဲ့ ပတ် သက်ပြီး အရှင်ဘုရားအနေနဲ့ ဘာများ ပြောချင်ပါသလဲဘုရား။ အရှင်ဘုရားရဲ့ အကောင့်ကိုလည်း င်္ခေနဘသသု က ပယ်ဖျက်ထားတာဆိုတော့ …။
“ဒီမိုကရေစီဆိုတာ ဒါမျိုးကြီးလားဆိုတဲ့အတွေး ပြည်သူတွေရဲ့ခေါင်းထဲ ရောက်နေကြပြီ(အပိုင်း-၂ နိဂုံး)”
မေး- အမုန်းစကားနဲ့ပတ်သက်လို့ ပြော ဆိုကြတိုင်းမှာ အမုန်းစကားရဲ့ ခေါင်းစဉ် အောက်ထဲကို ဆရာတော်ဦးဝီရသူ၊ မျိုး ချစ်အုပ်စုဆိုတဲ့ သူတွေရယ် ဒီလူတွေကို ပဲ အမုန်းစကားပြောကြသူတွေအဖြစ် အားလုံးက ဝိုင်းပြောကြတာတွေ့ရပါ တယ်ဘုရား။ တစ်ဖက်မှာလည်း အမုန်း စကားပြောနေတဲ့ အခြားအခြားသော သူတွေရှိနေတယ်။ ပြောလည်းပြောနေ တယ်။ ဒါပေမယ့် တော်တော်များများ က ပြောလာကြရင် ဗုဒ္ဓဘာသာကပဲ အ မုန်းစကားပြောနေတယ်ဆိုတဲ့ ပုံစံမျိုး ချည်း ပြောနေကြတာနဲ့ပတ်သက်လို့ကော အရှင်ဘုရားအနေနဲ့ ဘာပြောချင်ပါသ လဲဘုရား။
ဖြေ- ဟုတ်တယ်။ ပေါ်လစီကိုယ်တိုင် ကိုက ဗုဒ္ဓဘာသာတွေကိုယ်တိုင် ဘယ် လိုမှ လှုပ်လို့မရအောင် ချည်နှောင်ထား တဲ့ သဘောမျိုးပေါ့။ တခြားဘာသာတွေ ကိုတော့ ကြိုက်သလိုဝေဖန်၊ ကြိုက်သ လို ထိုးနှက်၊ ကြိုက်သလို ကြိမ်းမောင်း၊ ကြိုက်သလို ခြိမ်းခြောက်၊ ကြိုက်သလို ထုတ်လွှင့်၊ ဘာတစ်ခုမှ အရေးယူတာမျိုး မတွေ့ရဘဲနဲ့ ဒီအမျိုးသားရေးသမားတွေ ပဲ လက်မလှုပ်ရ၊ ခြေမလှုပ်ရ၊ ပါးစပ် မလှုပ်ရဆိုတဲ့အနေအထားမျိုးနဲ့ အရေး ယူနေတာတွေ့နေရလို့ ပေါ်လစီက မညီ မျှတာပဲလေ။ အဲဒီပေါ်လစီအရပဲ သူတို့ တစ်တွေက တစ်ဖက်ကိုနှိပ်ကွပ်ပြီး တစ် ဖက်ကို အခွင့်အရေးတွေ ပေးထားတာ ပေါ့နော့။ အဲဒါကို သူတို့တစ်တွေက ဒီ ဟာ သူတို့ပေါ်လစီပါလို့ ပွင့်လင်းမြင်သာ စွာ ချပြလို့မရတဲ့အခါကျတော့ တစ်ဖက် လူကို လက်ညှိုးထိုးပြီးတော့ တစ်ဖက်လူ ကိုပဲ အပြစ်ပုံချပြီး အမုန်းစကားတို့၊ အ မုန်းတရားတို့ ဒါတွေနဲ့ပဲ ဖုံးအုပ်ပြီးတော့ ဒါနဲ့ပဲပြည်သူတွေကို လှည်စားသွားတာ ပေါ့နော်။ တကယ်တမ်းကျတော့ အခွင့် ရေးရနေတဲ့သူတွေကသာ အမုန်းတရား နဲ့ ဆဲဆိုနေကြတာဖြစ်ပြီးတော့ မျိုးချစ် တွေကတော့ အမှန်တရားကို ချပြနေရုံ သက်သက်ပဲရှိတာပါ။
မေး- မတ်လ ၁၅ ရက်နေ့ သတင်း တွေမှာပဲ အင်္ဂလန်ရဲ့ အစ္စလာမ်ဆန့်ကျင် ရေးအုပ်စု “ မြငအငေည ၤငမျအ “ ရဲ့ စာမျက် နှာတွေကို ၤခေနဘသသု ပယ်ဖျက်တယ် ဆိုတဲ့ သတင်းတွေဖတ်ရပါတယ်ဘုရား။ အစ္စလာမ်ဆန့်ကျင်ရေးလုပ်တဲ့အဖွဲ့ကို ၤခေနဘသသု ကနေဖယ်လိုက်တာနဲ့ ပတ် သက်ပြီး အရှင်ဘုရားအနေနဲ့ ဘာများ ပြောချင်ပါသလဲဘုရား။ အရှင်ဘုရားရဲ့ အကောင့်ကိုလည်း ၤခေနဘသသု က ပယ်ဖျက်ထားတာဆိုတော့ …။
ဖြေ- ပြောရမယ်ဆိုရင်တော့ ဂျီဟတ် ဝါဒီတွေက အစ္စလာမ်မိုက်ဇေးရှင်း စီမံ ကိန်း အကောင်အထည်ဖော်နိုင်ဖို့အ တွက် လမ်းတွေလိုက်ရှင်းနေတာပေါ့။ အဲဒီအချိန်မှာ ဦးဇင်းတို့က သူတို့ရှင်းတဲ့ ထဲပါသွားပြီး အရှင်းခံလိုက်ရတာပေါ့။ အဲဒီလို ရှင်းလို့ရအောင်လည်း သူတို့က ခေါင်းစဉ်လှလှလေးတွေ ပေးတတ် တယ်။ အကြောင်းပြချက်လှလှလေး ရှာ တတ်တယ်။ အမုန်းစကားဆိုတာနဲ့ အ မုန်းတရားဆိုတာနဲ့ အစွန်းရောက်ဆို တာနဲ့ ဆူပူလှုံ့ဆော်မှုဆိုတာနဲ့ပဲ သူတို့ အရေးယူချင်တိုင်း ယူလို့ရသလိုဖြစ်သွား တာပေါ့နော်။ ဒီရဲ့ နောက်ကွယ်မှာ ငွေ ကြေးတွေ ရှိပါတယ်။ ဒီရဲ့နောက်ကွယ် မှာ လက်မည်းကြီးတွေ ရှိပါတယ်။ အဲဒီ လက်မည်းကြီးတွေ ငွေမည်းကြီးတွေ ကြောင့် အမှန်တရားက ကမ္ဘာကြီးမှာ တဖြည်းဖြည်းဆိတ်သုဉ်းလာတဲ့အခါ ဂျီဟတ်ဝါဒီတွေ ခေါင်းထောင်ထလာပြီး ကမ္ဘာကြီးဟာ မကြာမတင်မှာပဲ သွေး ချောင်းစီးလူသတ်ပွဲတွေ ဖြစ်လာတော့ မှာပါ။
မေး- ကုလသမဂ္ဂဘက်က ၤခေန-ဘသသု က မြန်မာနိုင်ငံမှာ အမုန်းစကား ဖြန့်ဖြူးတဲ့သူတွေကို ထိန်းချုပ်ဖို့ ပျက် ကွက်တယ်ဆိုတဲ့ ပုံစံမျိုး ပြောပါတယ် ဘုရား။ ၤခေနဘသသု ကတော့ မြန်မာနိုင် ငံမှာ အမုန်းစကားပြောတာကို တိုက်ဖျက် တဲ့နေရာမှာ အောင်မြင်မှုရတယ်လို့ ပြော ပါတယ်ဘုရား။ အဲဒါနဲ့ပတ်သက်လို့ အရှင်ဘုရားအနေနဲ့ ဘာပြောချင်ပါသ လဲဘုရား။
ဖြေ- သူတို့ အမုန်းစကားနဲ့ အမုန်း တရားသတ်မှတ်တာ ဘယ်လိုလဲတော့ မသိဘူးပေါ့နော်။ တကယ်တမ်း ရခိုင် တိုင်းရင်းသူတိုင်းရင်းသားတွေကို ရက် ရက်စက်စက် သတ်ဖြတ်နေတဲ့ ဗီဒီယိုဖိုင် တွေ ဒီကနေ့အချိန်အထိ ၤခေနဘသသု မှာ ရှိနေတုန်းပဲလေ။ နောက် သတင်း လိမ်တွေ၊ သတင်းအတုတွေ သတင်း မှားတွေ ဖြန့်နေတဲ့ သတင်းဌာနတွေ၊ စာမျက်နှာတွေလည်း ဒီနေ့ ၤခေနဘသသု မှာ ရှိနေတုန်းပဲလေ။ အဲဒါတင်မက သေးဘူး ရိုဟင်ဂျာလို့ နာမည်တပ်ထား တဲ့သူတွေအတွက် ဝိုင်းပြီးတော့ အင် တိုက်အားတိုက်နဲ့ ဝန်းရံပေးနေတဲ့ အ ကောင့်တွေလည်း အများကြီးပဲ။ အဲဒါ တွေကျတော့ ဘယ်တော့ တိုက်မယ်၊ ဘယ်တော့ခိုက်မယ်၊ ဘယ်လိုသတ်မယ် ဆိုတာတွေ အမြဲတမ်းပါပါလျက်နဲ့ အ မုန်းစကား၊ အမုန်းတရားခေါင်းစဉ် အ တပ်မခံရဘဲ သတ်မယ်၊ ဖြတ်မယ် ခြိမ်း ခြောက်မှုမပါတဲ့ အမျိုးသားရေးအ ကောင့်တွေ၊ သတင်းမှန်တွေပဲ တင်ပြ နေတဲ့ အမျိုးသားရေးအကောင့်တွေကိုပဲ ရည်ရွယ်ချက်ရှိရှိ ဝိုင်းပြီးတော့ တိုက်ခိုက် ဖယ်ရှားနေကြတာဟာ ဂျီဟတ်ဝါဒီတွေ နဲ့ြ နဲ့ ကမ္ဘာ့အသိုင်းအဝိုင်းနဲ့ တစ် ထပ်တည်းကျနေတာ တွေ့ရတဲ့အတွက်၊ အနာဂတ် ကမ္ဘာကြီးအတွက် အင်မတန် အန္တရာယ်ကြီးလာတယ်လို့ ပြောရမှာ ပေါ့။
မေး- အစိုးရနဲ့ ပတ်သက်တာတစ်ခု လောက်လည်း မေးချင်ပါတယ်ဘုရား။ သင်္ကြန်သံချပ်တွေနဲ့ပတ်သက်ပြီး ပြည် ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်း လုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးကို ထိခိုက်မှု မရှိစေရန်နဲ့ ဘာသာရေးလူမျိုးရေး ထိ ခိုက်စေသည့် အသုံးအနှုန်းများ မပါဝင် စေရေး၊ နိုင်ငံတော်အဖွဲ့အစည်း၊ လူ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား ဂုဏ် သိက္ခာ ညှိုးနွမ်းစေသည့် အကြောင်းအ ရာများမပါဝင်စေရေးအတွက် ဆင်ဆာ တင်ရမယ်လို့ ထုတ်ပြန်ထားတာ တွေ့ ရပါတယ်။ ဒီမိုကရေစီခေတ်မှာ သင်္ကြန် သံချပ်တွေ ဆင်ဆာတင်ရတာနဲ့ ပတ် သက်ပြီး အရှင်ဘုရားအနေနဲ့ ဘာမိန့် စရာရှိမလဲဘုရား။
ဖြေ- လူတွေက သူတို့ကို အထင်ကြီး နေကြလို့ပါ။ သူတို့စတက်ကတည်းက သင်္ကြန်ကို ပြည်သူ့ဆန္ဒမလိုက်လျောဘဲ နဲ့ သူတို့လုပ်ချင်တဲ့ ပုံသဏ္ဌာန်ပဲ လုပ် ခဲ့တာလေ။ အခုနောက်ပိုင်းလည်း အဲဒီ အတိုင်းဆက်လုပ်နေကြတာပဲ။ အရင့် အရင်အပတ်တွေက ပြောခဲ့ပြီးသားပါ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတောင် အ လေးပြုရလောက်အောင် အာဏာရှင် ဆန်တဲ့ နည်းစနစ်တွေနဲ့ တိုင်းပြည်ကို ဆက်လက်ချုပ်ကိုင်သွားကြမှာပါလို့။ အဲဒီကိုပဲ ဆက်လက်ချီတက်နေတယ် လို့ မှတ်လိုက်ပါနော့။
မေး- ဗမာတရားထဲမှာ နိုင်ငံရေးအ ကြောင်းတွေ၊ နိုင်ငံရေးဝေဖန်ချက်တွေ ပါလာမယ်ဆိုတော့ အခုလက်ရှိ အရှင် ဘုရားမြင်နေရတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံ ရေးမြင်ကွင်းဟာ ဘယ်လိုပုံစံမျိုးရှိနေ လဲဘုရား။
ဖြေ- ဒီမိုကရေစီဆိုတာ ဒါမျိုးကြီးလား ဆိုတဲ့အတွေး ပြည်သူတွေရဲ့ခေါင်းထဲ ရောက်နေကြပြီနော်။ အဲဒါ ဒီမိုကရေစီ အတွက် အင်မတန်အန္တရာယ်ကြီးပါ တယ်။ အဲတော့ ဒီမိုကရေစီဆိုတာ ဒီလို ကြီးလားဆိုတာမျိုး ပြည်သူတွေ မခံစား ရ မြင်မသွားရအောင် တာဝန်အရှိဆုံး က အစိုးရပဲလေ။ အဲတော့ အစိုးရက ဒီမိုကရေစီဆိုတာ အဲဒီလိုမဟုတ်ပါဘူး၊ အထင်မလွဲပါနဲ့၊ ဒီမိုကရေစီဆိုတာ ဒီလို ဒီလိုပါဆိုပြီး အနည်းဆုံး သဘောထား ကြီးပြတာမျိုးလေးတွေတော့ လုပ်ပြရ တော့မှာပေါ့နော့။ အဲဒီလို အစိုးရ သဘောထားကြီးပြလာချင်စိတ်တွေ ပေါ်ပေါက်လာအောင် ဟောမှာပါ။ ဆန့် ကျင်တာတို့၊ တိုက်ခိုက်တာတို့ ထိုးနှက် တာတို့ မရည်ရွယ်ပါဘူး။
မေး- ဒီတစ်ပတ်အတွက် သြဝါဒစ ကားလေး မိန့်ပေးပါဦးဘုရား။
ဖြေ- အင်အားတွေ အလဟဿ အ ပြုန်းတီး မခံကြပါနဲ့။ အရေးဟယ် အ ကြောင်းဟယ်ဆို စုစည်းလို့ မရမှာစိုးလို့ ပါ။ ဒါကြောင့် အမျိုးသားရေးအင်အား တစ်ရပ်အဖြစ်နဲ့ အမြဲအဆင်သင့်ရှိနေ နိုင်ပါစေလို့ပဲ တိုက်တွန်းချင်ပါတယ်။
ငြိမ်းချမ်းသာ- ဆက်သွယ်မေးမြန်းသည်။