သတင္းအင္တာဗ်ဴး

ဒီမုိကေရစီဆုိတာ ဒါမ်ဳိးႀကီးလားဆုိတဲ့အေတြး ျပည္သူေတြရဲ႕ေခါင္းထဲ ေရာက္ေနၾကၿပီ(အပုိင္း-၁)

(ဆရာေတာ္ဦးဝီရသူႏွင့္ ေမးသမွ် ေျဖသမွ်)

ဒီတစ္ပတ္မွာေတာ့ တရားေဟာခြင့္ ျပန္လည္ရရွိၿပီျဖစ္တဲ့ ဆရာေတာ္ဦးဝီရသူနဲ႔ ဆရာေတာ္ေဟာမယ့္ တရားပြဲေတြအေၾကာင္း အမုန္းစကားကုိ အဓိပၸါယ္ဖြင့္ဆုိၾကပုံမ်ားနဲ႔ ျမန္မာ့ႏုိင္ငံေရးသုံးသပ္ခ်က္အခ်ဳိ႕ကုိ ေမးျမန္းထားပါတယ္။ ဆရာေတာ္ဦးဝီရသူရဲ႕ အသံဟာ အမ်ဳိး ဘာသာ သာသနာအတြက္ အခုထိ အေရးႀကီးေနဆဲျဖစ္တဲ့အတြက္ ဆရာေတာ္ရဲ႕အသံကုိ ျမန္မာ့ဥဒါန္းပရိသတ္မ်ား အဆက္မျပတ္ၾကားရဖုိ႔ အင္တာဗ်ဴးအစီအစဥ္မ်ားကုိ အပတ္စဥ္ မျပတ္မကြက္ တင္ဆက္ေပးေနရျခင္းျဖစ္ပါေၾကာင္း………။

ေမး- တရားေဟာခြင့္ျပန္ရတဲ့အခ်ိန္မွာ ကုလားတရားအစား ဗမာတရားပဲ ေဟာ မယ္ဆိုေတာ့ ဗမာတရားဆိုတာ ဘယ္လို ဟာမ်ိဳးျဖစ္မလဲဘုရား။

ေျဖ- ဗမာတရားဆိုတာ ႏုိင္ငံေရးတရား ေပါ့ကြာ၊ ႏုိင္ငံေရးတရားဆိုေပမယ့္ ပိဋ ကတ္ေတာ္ကလြတ္ၿပီးေတာ့ ထင္ရာျမင္ ရာေဟာမယ့္တရားေတာ့ မဟုတ္ဘူးေပ့ါ။ ဘုရားတရားေတာ္နဲ႔အညီ ႏုိင္ငံေရးနဲ႔ ပတ္ သက္တဲ့ ဇာတ္ေတာ္ေတြ၊ ဝထၴဳေတာ္ေတြ၊ သုတၱန္ေတာ္ေတြ အဲဒါေတြနဲ႔အညီ ေခတ္ အေျခအေနေတြကို သံုးသပ္ၿပီးေတာ့ ေဟာ ၾကားသြားမွာေပါ့။

ေမး- ႏိုင္ငံေရးတရားျဖစ္မယ္ဆိုေတာ့ အရင္ အရွင္ဘုရားေဟာေနက် အမ်ိဳး သားေရးတရားေတြနဲ႔ ကြဲျပားသြားမွာေတြ ေကာ ရွိလာႏုိင္လားဘုရား။ ပံုစံအသစ္ တစ္မ်ိဳးနဲ႔ ေတြ႕ရႏိုင္လားဘုရား။

ေျဖ- ပံုစံကေတာ့ အသစ္တစ္မ်ိဳးျဖစ္သြား မွာေပါ့။ အရင္တုန္းကေတာ့ အမ်ိဳးသား ေရးတရားထဲမွာပဲ အမ်ိဳးသားေရးနဲ႔ ပတ္ သက္လာတဲ့အခါဝင္ၿပီးေတာ့ ေဝဖန္ေဟာ ၾကားတာမ်ိဳးပဲ ရွိတာေပါ့ေနာ္။ အခုက် ေတာ့ ႏုိင္ငံေရးနဲ႔ပတ္သက္တဲ့ ေကာင္း ကြက္ဆိုးကြက္ေတြကို ေကာင္းရင္ ေကာင္း သလုိ ခ်ီးက်ဴးေထာမနာျပဳၿပီးေတာ့၊ မ ေကာင္းရင္ မေကာင္းသလို ေဝဖန္ေထာက္ ျပသြားမွာမ်ိဳးေတြကိုပဲ ရည္ရြယ္တာေပါ့။

ေမး- စစ္အစိုးရလက္ထက္မွာ ေထာင္ က်ခဲ့ရၿပီး ေထာင္က ထြက္စဥ္တုန္းက တရားပလႅင္ကို စတက္ခဲ့ရတုန္းက ခံစား ခ်က္ကို အရွင္ဘုရားေျပာခဲ့ဖူးတာရွိပါ တယ္ဘုရား၊ ပန္းေတြကလည္းေမႊး၊ ေအာက္ကလည္း ပရိသတ္ေတြနဲ႔ဆိုေတာ့ ခံစားမႈက အသစ္ႀကီးလိုျဖစ္ခဲ့ရတယ္လို႔။ အခုလည္း အရပ္သားဒီမိုကေရစီအစိုးရ လက္ထက္မွာ တရားေဟာခြင့္ပိတ္ခံခဲ့ရ တယ္၊ ခု တရားျပန္ေဟာရေတာ့မယ္ဆို ေတာ့ လက္ရွိအခ်ိန္မွာ စိတ္ခံစားခ်က္က ဘယ္လိုျဖစ္ေနလဲဘုရား။

ေျဖ- အခုခ်ိန္ထိေတာ့ တရားပလႅင္ေပၚ မတက္ရေသးေတာ့ မခံစားရေသးဘူး ေပါ့။ ဒါေပမယ့္ တရားျပန္ေဟာရတဲ့အခါ ၾသကာသကန္ေတာ့ခ်ိဳးၿပီးရင္ ဆုေပးရတဲ့ ဟာကို အခုျပန္ေဖာ္မရေတာ့ဘူး။
အဲဒါေလးတစ္ခုက အခုခ်ိန္ထိျပန္ ေဖာ္မရဘူး ျဖစ္ေနတယ္။ ပလႅင္ေပၚက်မွ ထြက္ေပၚလာမလားမသိဘူး။ ဆုေပးေတာင္ ေမ့ကုန္ၿပီဆိုေတာ့ ေျပာစရာမရွိေတာ့ဘူး ေပါ့ေလ။ ဒါေပမယ့္ ၁၈ ရက္ေန႔ ယင္းမာ ပင္ဘက္မွာ တရားဦးေဟာရမယ္ဆိုေတာ့ အဲဒီက်မွပဲ ခံစားမႈေပၚမွာေပါ့ေနာ့။

ေမး- တရားပြဲေတြလည္း လက္ခံထား တယ္၊ က်င္းပမယ့္ၿမိဳ႕ေတြလည္း ေၾကညာ ထားတာေတြ႕ပါတယ္ဘုရား။ အရွင္ဘုရား တရားပြဲကို ဒီလိုက်င္းပတဲ့ေနရာမွာ ဌာန ဆုိင္ရာတင္တဲ့အခါ သက္ဆုိင္ရာ အာ ဏာပိုင္ေတြဟာ ဖိအားေပးတာတို႔၊ ဟန္႔ တားတာတို႕ အဲဒီလို အခက္အခဲေတြေကာ ရွိပါသလားဘုရား။

ေျဖ- တခ်ိဳ႕က်ေတာ့ ေတာ္႐ံုတန္႐ံုနဲ႔ လက္မခံခ်င္ဘူး။ ဆရာေတာ္ သံဃာေတာ္ ေတြလိုက္လာမွ မျဖစ္လို႔ ခြင့္ေပးတာမ်ိဳး ေတြ ရွိတာေပါ့။ တခ်ိဳ႕က်ေတာ့လည္း ေဘာင္ထဲကေန ညစ္တာမ်ိဳးေတြ ရွိတယ္။ ဥပမာ ဆိုၾကပါစို႔၊ မဟနက ေဟာခြင့္ေပး ပါတယ္ဆိုတဲ့အမိန္႔ သူတို႔ဆီကို ေရာက္မ လာတဲ့အတြက္ ခြင့္မျပဳရဲပါဘူးဆိုၿပီး ေျပာင္ ညစ္တာေပါ့။ အဲဒါမ်ိဳးေတြလည္း ရွိတာ ေပါ့။

ေမး- တရားပြဲေတြကို အာဏာပိုင္ေတြ ဘက္က ဟန္႔တားလာတာေတြရွိခဲ့ရင္ ဘယ္လိုေတြ ေဆာင္ရြက္ဖို႔ရွိမလဲဘုရား။ မဟနဥကၠ႒ ဗန္းေမာ္ဆရာေတာ္ႀကီးက ေတာ့ ေဟာခြင့္ျပဳတယ္၊ ထပ္ပိတ္ဖို႔မရွိ ဘူးလို႔ ေျပာခဲ့ၿပီးဆိုေပမယ့္ ဒါကို မသိခ်င္
ေယာင္ေဆာင္ၿပီး တရားပြဲကို ဟန္႔တား လာတာမ်ိဳးေတြ ရွိခဲ့ရင္ ဘယ္လို ေဆာင္ရြက္မလဲဘုရား။

ေျဖ- အဲဒါေတာ့ လုပ္ထံုးလုပ္နည္း အတုိင္း ဦးဇင္းတို႔က ေဘာင္ထဲကေန သြားရမွာေပါ့။ တကယ္တမ္းက်ေတာ့ အာဏာပိုင္ေတြ ခြင့္ျပဳမွ ေဟာရတဲ့ အ ေျခအေနမ်ိဳးမဟုတ္ဘူးေလ။ အာဏာ ပိုင္ေတြကို အသိေပးရတဲ့အဆင့္ပဲ ရွိ တာေပါ့။ တရားေဟာခြင့္ ျပဳတယ္မျပဳ ဘူးဆိုတာ အာဏာပိုင္ေတြရဲ႕ အလုပ္ မဟုတ္ဘူးေလ။ အာဏာပိုင္ေတြ ဆံုး ျဖတ္ရမွာမဟုတ္ဘူးေပါ့။ တကယ္ဆံုး ျဖတ္ရမွာက်ေတာ့ ရပ္ေက်းသံဃနာယ ကတို႔၊ ၿမိဳ႕နယ္ သံဃနာယကတို႔၊ တိုင္း သံဃနာယကတို႔ ဒီသံဃာအဖြဲ႕အစည္း ေတြကမွ တရားေဟာခြင့္ ျပဳတယ္၊ မျပဳ ဘူးလို႔ ဆံုးျဖတ္ပိုင္ခြင့္ရွိတာေလ။ သံ ဃာ့အဖြဲ႕အစည္းက ဆံုးျဖတ္ၿပီးတယ္ဆို ရင္ အာဏာပိုင္ေတြကို အသိေပး႐ံုပဲရွိ တာေပါ့။
အာဏာပိုင္ေတြကို အသိေပးရ ျခင္း အေၾကာင္းအရင္းကေတာ့ လံုၿခံဳ ေရးလိုအပ္တဲ့အခါ ကူညီရေအာင္လို႔၊ တျခား အကူအညီေတြလိုခ်င္လို႔ အသိ ေပးရတာကိုး။ တကယ္လို႔ တစ္စံုတစ္ ရာျဖစ္ခဲ့ရင္ သူတို႔မွ အသိမေပးတာ၊ ဘာမွမတတ္ႏုိင္ဘူးဆိုတဲ့ ဆင္ေျခမ်ိဳး ေတြ၊ အေၾကာင္းျပခ်က္မ်ိဳးေတြ ေျပာ လာႏုိင္တယ္ေလ။ အဲေတာ့ သူတို႔ကို အသိေပးတဲ့အဆင့္သာရွိပါတယ္။ သူတို႔ အမိန္႔ ခံယူရတဲ့အဆင့္မရွိပါဘူး။ ဒါ ေၾကာင့္ ရပ္ေက်းသံဃနာယကတို႔၊ ၿမိဳ႕ နယ္သံဃနာယကတို႔က ခြင့္ျပဳမယ္ဆို ရင္ အာဏာပိုင္ေတြ ဘယ္လိုပဲ ေႏွာင့္ ယွက္ေႏွာင့္ယွက္ ဦးဇင္းတို႔ကေတာ့ ေဟာၿမဲေဟာသြားမွာပါ။ အရင္တုန္း လည္း ဒီလိုပဲ ေဟာခဲ့တာပဲ။

ေမး- တရားပြဲေတြ ေဟာခြင့္ရၿပီဆို ေတာ့ အရင္ အရွင္ဘုရားတရားပြဲမပိတ္ ခံရခင္က အရွင္ဘုရားကို အျမင္မၾကည္ လင္သူေတြ၊ မလိုလားသူေတြက အရွင္ ဘုရားက တရားပလႅင္ကေန အမုန္းစ ကားေတြေျပာေနတယ္ဆိုတာမ်ိဳး အၿမဲ လိုေျပာပါတယ္ဘုရား။ တရားတစ္ပုဒ္ လံုးကို အစအဆံုးေဝဖန္တာမ်ိဳးထက္ သူတို႔လိုခ်င္တဲ့အပိုင္းကိုပဲ ျဖတ္ေတာက္ ၿပီး လူမႈကြန္ရက္မွာတင္တာမ်ိဳးေတြ လုပ္ ၾကတယ္ေပါ့ဘုရား။ တရားတစ္ပုဒ္လံုး ရဲ႕ အႏွစ္သာရေတြကို ေထာက္ျပေျပာ ဆိုတာမ်ိဳးထက္ ဆရာေတာ္ဦးဝီရသူက အမုန္းစကားေျပာေနတယ္ဆိုတဲ့ ပံုစံမ်ိဳး ျဖစ္ေအာင္ ရည္ရြယ္ခ်က္ရွိရွိ ပံုေဖာ္ၾက တာေတြကိုလည္း ရွိခဲ့တယ္ေပါ့ဘုရား။ အခုေရာ ဒီလိုေဝဖန္သံေတြက လြတ္ ေအာင္ ဘယ္လိုမ်ိဳးပံုစံနဲ႔ ေဟာမယ္ဆို ၿပီး စီစဥ္ထားတာေတြေရာရွိလားဘုရား။ တကယ္လို႔ ကိုယ္က အစြန္းလြတ္ေအာင္ ေျပာေနေပမယ့္ တစ္ဖက္က အမုန္းစ ကားေျပာပါတယ္ဘာညာ ဝါဒျဖန္႔ၾက မယ္၊ မဟုတ္မမွန္ စြပ္စြဲေရးသားၾကမယ္ ဆိုရင္ ဘယ္လိုတံု႔ျပန္ေဆာင္ရြက္မလဲ ဘုရား။

ေျဖ- ဆရာေတာ္ေတြအပိုင္းကေကာ၊ ဒကာေတြရဲ႕အပိုင္းကပါ အၿမဲတမ္း ေလွ်ာက္တာေတြရွိတယ္၊ အႀကံေပး တာေတြရွိတယ္။ တျခားသူေတြ ေဝဖန္ ေထာက္ျပလို႔မရေအာင္ ေဟာၾကားတတ္ ဖို႔ေလ။ အဲဒီလို ေဝဖန္ေထာက္ျပစရာ မရွိေလညက္ေအာင္ ကိုယ့္ဘက္က ျပည့္ စံုပါလ်က္နဲ႔မွ သီတဂူဆရာေတာ္ႀကီးတို႔ ကို ျပစ္မွားေစာ္ကားသလိုမ်ိဳး ျပစ္မွား ေစာ္ကားတာမ်ိဳးကိုေတာ့ ဂ႐ုစိုက္စရာ မလိုဘူးေပါ့။ ဒါေၾကာင့္မို႔ တည္တည္ တံ့တံ့၊ ခန္႔ခန္႔ညားညားနဲ႔ ထိထိမိမိ ေလး ေဟာဖို႔အႀကံေပးထားတာ ရွိတာ ေပါ့။ အဲဒီအတုိင္းပဲ ဦးဇင္းတို႔က ေဟာ သြားမွာပါ။ အဲဒီလို ေဟာတဲ့အခ်ိန္မွာမွ ေစာေစာကလို ေဝဖန္တာေတြ ထိုးႏွက္ တာေတြ တိုက္ခိုက္တာေတြ၊ ေခ်မႈန္းတာ ေတြ လုပ္လာရင္ေတာ့ ဦးဇင္းတို႔က လည္း ဥပေဒနဲ႔ပဲျပန္ၿပီး တံု႔ျပန္ရမွာပဲ ေလ။

(ဆက္လက္ေဖာ္ျပပါမည္။)

“ဒီမိုကရေစီဆိုတာ ဒါမျိုးကြီးလားဆိုတဲ့အတွေး ပြည်သူတွေရဲ့ခေါင်းထဲ ရောက်နေကြပြီ(အပိုင်း-၁)”

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)
ဒီတစ်ပတ်မှာတော့ တရားဟောခွင့် ပြန်လည်ရရှိပြီဖြစ်တဲ့ ဆရာတော်ဦးဝီရသူနဲ့ ဆရာတော်ဟောမယ့် တရားပွဲတွေအကြောင်း အမုန်းစကားကို အဓိပ္ပါယ်ဖွင့်ဆိုကြပုံများနဲ့ မြန်မာ့နိုင်ငံရေးသုံးသပ်ချက်အချို့ကို မေးမြန်းထားပါတယ်။ ဆရာတော်ဦးဝီရသူရဲ့ အသံဟာ အမျိုး ဘာသာ သာသနာအတွက် အခုထိ အရေးကြီးနေဆဲဖြစ်တဲ့အတွက် ဆရာတော်ရဲ့အသံကို မြန်မာ့ဥဒါန်းပရိသတ်များ အဆက်မပြတ်ကြားရဖို့ အင်တာဗျူးအစီအစဉ်များကို အပတ်စဉ် မပြတ်မကွက် တင်ဆက်ပေးနေရခြင်းဖြစ်ပါကြောင်း………။

မေး- တရားဟောခွင့်ပြန်ရတဲ့အချိန်မှာ ကုလားတရားအစား ဗမာတရားပဲ ဟော မယ်ဆိုတော့ ဗမာတရားဆိုတာ ဘယ်လို ဟာမျိုးဖြစ်မလဲဘုရား။

ဖြေ- ဗမာတရားဆိုတာ နိုင်ငံရေးတရား ပေါ့ကွာ၊ နိုင်ငံရေးတရားဆိုပေမယ့် ပိဋ ကတ်တော်ကလွတ်ပြီးတော့ ထင်ရာမြင် ရာဟောမယ့်တရားတော့ မဟုတ်ဘူးပေ့ါ။ ဘုရားတရားတော်နဲ့အညီ နိုင်ငံရေးနဲ့ ပတ် သက်တဲ့ ဇာတ်တော်တွေ၊ ဝထ္ထုတော်တွေ၊ သုတ္တန်တော်တွေ အဲဒါတွေနဲ့အညီ ခေတ် အခြေအနေတွေကို သုံးသပ်ပြီးတော့ ဟော ကြားသွားမှာပေါ့။

မေး- နိုင်ငံရေးတရားဖြစ်မယ်ဆိုတော့ အရင် အရှင်ဘုရားဟောနေကျ အမျိုး သားရေးတရားတွေနဲ့ ကွဲပြားသွားမှာတွေ ကော ရှိလာနိုင်လားဘုရား။ ပုံစံအသစ် တစ်မျိုးနဲ့ တွေ့ရနိုင်လားဘုရား။

ဖြေ- ပုံစံကတော့ အသစ်တစ်မျိုးဖြစ်သွား မှာပေါ့။ အရင်တုန်းကတော့ အမျိုးသား ရေးတရားထဲမှာပဲ အမျိုးသားရေးနဲ့ ပတ် သက်လာတဲ့အခါဝင်ပြီးတော့ ဝေဖန်ဟော ကြားတာမျိုးပဲ ရှိတာပေါ့နော်။ အခုကျ တော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ကောင်း ကွက်ဆိုးကွက်တွေကို ကောင်းရင် ကောင်း သလို ချီးကျူးထောမနာပြုပြီးတော့၊ မ ကောင်းရင် မကောင်းသလို ဝေဖန်ထောက် ပြသွားမှာမျိုးတွေကိုပဲ ရည်ရွယ်တာပေါ့။

မေး- စစ်အစိုးရလက်ထက်မှာ ထောင် ကျခဲ့ရပြီး ထောင်က ထွက်စဉ်တုန်းက တရားပလ္လင်ကို စတက်ခဲ့ရတုန်းက ခံစား ချက်ကို အရှင်ဘုရားပြောခဲ့ဖူးတာရှိပါ တယ်ဘုရား၊ ပန်းတွေကလည်းမွှေး၊ အောက်ကလည်း ပရိသတ်တွေနဲ့ဆိုတော့ ခံစားမှုက အသစ်ကြီးလိုဖြစ်ခဲ့ရတယ်လို့။ အခုလည်း အရပ်သားဒီမိုကရေစီအစိုးရ လက်ထက်မှာ တရားဟောခွင့်ပိတ်ခံခဲ့ရ တယ်၊ ခု တရားပြန်ဟောရတော့မယ်ဆို တော့ လက်ရှိအချိန်မှာ စိတ်ခံစားချက်က ဘယ်လိုဖြစ်နေလဲဘုရား။

ဖြေ- အခုချိန်ထိတော့ တရားပလ္လင်ပေါ် မတက်ရသေးတော့ မခံစားရသေးဘူး ပေါ့။ ဒါပေမယ့် တရားပြန်ဟောရတဲ့အခါ သြကာသကန်တော့ချိုးပြီးရင် ဆုပေးရတဲ့ ဟာကို အခုပြန်ဖော်မရတော့ဘူး။
အဲဒါလေးတစ်ခုက အခုချိန်ထိပြန် ဖော်မရဘူး ဖြစ်နေတယ်။ ပလ္လင်ပေါ်ကျမှ ထွက်ပေါ်လာမလားမသိဘူး။ ဆုပေးတောင် မေ့ကုန်ပြီဆိုတော့ ပြောစရာမရှိတော့ဘူး ပေါ့လေ။ ဒါပေမယ့် ၁၈ ရက်နေ့ ယင်းမာ ပင်ဘက်မှာ တရားဦးဟောရမယ်ဆိုတော့ အဲဒီကျမှပဲ ခံစားမှုပေါ်မှာပေါ့နော့။

မေး- တရားပွဲတွေလည်း လက်ခံထား တယ်၊ ကျင်းပမယ့်မြို့တွေလည်း ကြေညာ ထားတာတွေ့ပါတယ်ဘုရား။ အရှင်ဘုရား တရားပွဲကို ဒီလိုကျင်းပတဲ့နေရာမှာ ဌာန ဆိုင်ရာတင်တဲ့အခါ သက်ဆိုင်ရာ အာ ဏာပိုင်တွေဟာ ဖိအားပေးတာတို့၊ ဟန့် တားတာတို့ အဲဒီလို အခက်အခဲတွေကော ရှိပါသလားဘုရား။

ဖြေ- တချို့ကျတော့ တော်ရုံတန်ရုံနဲ့ လက်မခံချင်ဘူး။ ဆရာတော် သံဃာတော် တွေလိုက်လာမှ မဖြစ်လို့ ခွင့်ပေးတာမျိုး တွေ ရှိတာပေါ့။ တချို့ကျတော့လည်း ဘောင်ထဲကနေ ညစ်တာမျိုးတွေ ရှိတယ်။ ဥပမာ ဆိုကြပါစို့၊ မဟနက ဟောခွင့်ပေး ပါတယ်ဆိုတဲ့အမိန့် သူတို့ဆီကို ရောက်မ လာတဲ့အတွက် ခွင့်မပြုရဲပါဘူးဆိုပြီး ပြောင် ညစ်တာပေါ့။ အဲဒါမျိုးတွေလည်း ရှိတာ ပေါ့။

မေး- တရားပွဲတွေကို အာဏာပိုင်တွေ ဘက်က ဟန့်တားလာတာတွေရှိခဲ့ရင် ဘယ်လိုတွေ ဆောင်ရွက်ဖို့ရှိမလဲဘုရား။ မဟနဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးက တော့ ဟောခွင့်ပြုတယ်၊ ထပ်ပိတ်ဖို့မရှိ ဘူးလို့ ပြောခဲ့ပြီးဆိုပေမယ့် ဒါကို မသိချင်
ယောင်ဆောင်ပြီး တရားပွဲကို ဟန့်တား လာတာမျိုးတွေ ရှိခဲ့ရင် ဘယ်လို ဆောင်ရွက်မလဲဘုရား။

ဖြေ- အဲဒါတော့ လုပ်ထုံးလုပ်နည်း အတိုင်း ဦးဇင်းတို့က ဘောင်ထဲကနေ သွားရမှာပေါ့။ တကယ်တမ်းကျတော့ အာဏာပိုင်တွေ ခွင့်ပြုမှ ဟောရတဲ့ အ ခြေအနေမျိုးမဟုတ်ဘူးလေ။ အာဏာ ပိုင်တွေကို အသိပေးရတဲ့အဆင့်ပဲ ရှိ တာပေါ့။ တရားဟောခွင့် ပြုတယ်မပြု ဘူးဆိုတာ အာဏာပိုင်တွေရဲ့ အလုပ် မဟုတ်ဘူးလေ။ အာဏာပိုင်တွေ ဆုံး ဖြတ်ရမှာမဟုတ်ဘူးပေါ့။ တကယ်ဆုံး ဖြတ်ရမှာကျတော့ ရပ်ကျေးသံဃနာယ ကတို့၊ မြို့နယ် သံဃနာယကတို့၊ တိုင်း သံဃနာယကတို့ ဒီသံဃာအဖွဲ့အစည်း တွေကမှ တရားဟောခွင့် ပြုတယ်၊ မပြု ဘူးလို့ ဆုံးဖြတ်ပိုင်ခွင့်ရှိတာလေ။ သံ ဃာ့အဖွဲ့အစည်းက ဆုံးဖြတ်ပြီးတယ်ဆို ရင် အာဏာပိုင်တွေကို အသိပေးရုံပဲရှိ တာပေါ့။
အာဏာပိုင်တွေကို အသိပေးရ ခြင်း အကြောင်းအရင်းကတော့ လုံခြုံ ရေးလိုအပ်တဲ့အခါ ကူညီရအောင်လို့၊ တခြား အကူအညီတွေလိုချင်လို့ အသိ ပေးရတာကိုး။ တကယ်လို့ တစ်စုံတစ် ရာဖြစ်ခဲ့ရင် သူတို့မှ အသိမပေးတာ၊ ဘာမှမတတ်နိုင်ဘူးဆိုတဲ့ ဆင်ခြေမျိုး တွေ၊ အကြောင်းပြချက်မျိုးတွေ ပြော လာနိုင်တယ်လေ။ အဲတော့ သူတို့ကို အသိပေးတဲ့အဆင့်သာရှိပါတယ်။ သူတို့ အမိန့် ခံယူရတဲ့အဆင့်မရှိပါဘူး။ ဒါ ကြောင့် ရပ်ကျေးသံဃနာယကတို့၊ မြို့ နယ်သံဃနာယကတို့က ခွင့်ပြုမယ်ဆို ရင် အာဏာပိုင်တွေ ဘယ်လိုပဲ နှောင့် ယှက်နှောင့်ယှက် ဦးဇင်းတို့ကတော့ ဟောမြဲဟောသွားမှာပါ။ အရင်တုန်း လည်း ဒီလိုပဲ ဟောခဲ့တာပဲ။

မေး- တရားပွဲတွေ ဟောခွင့်ရပြီဆို တော့ အရင် အရှင်ဘုရားတရားပွဲမပိတ် ခံရခင်က အရှင်ဘုရားကို အမြင်မကြည် လင်သူတွေ၊ မလိုလားသူတွေက အရှင် ဘုရားက တရားပလ္လင်ကနေ အမုန်းစ ကားတွေပြောနေတယ်ဆိုတာမျိုး အမြဲ လိုပြောပါတယ်ဘုရား။ တရားတစ်ပုဒ် လုံးကို အစအဆုံးဝေဖန်တာမျိုးထက် သူတို့လိုချင်တဲ့အပိုင်းကိုပဲ ဖြတ်တောက် ပြီး လူမှုကွန်ရက်မှာတင်တာမျိုးတွေ လုပ် ကြတယ်ပေါ့ဘုရား။ တရားတစ်ပုဒ်လုံး ရဲ့ အနှစ်သာရတွေကို ထောက်ပြပြော ဆိုတာမျိုးထက် ဆရာတော်ဦးဝီရသူက အမုန်းစကားပြောနေတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ပုံဖော်ကြ တာတွေကိုလည်း ရှိခဲ့တယ်ပေါ့ဘုရား။ အခုရော ဒီလိုဝေဖန်သံတွေက လွတ် အောင် ဘယ်လိုမျိုးပုံစံနဲ့ ဟောမယ်ဆို ပြီး စီစဉ်ထားတာတွေရောရှိလားဘုရား။ တကယ်လို့ ကိုယ်က အစွန်းလွတ်အောင် ပြောနေပေမယ့် တစ်ဖက်က အမုန်းစ ကားပြောပါတယ်ဘာညာ ဝါဒဖြန့်ကြ မယ်၊ မဟုတ်မမှန် စွပ်စွဲရေးသားကြမယ် ဆိုရင် ဘယ်လိုတုံ့ပြန်ဆောင်ရွက်မလဲ ဘုရား။

ဖြေ- ဆရာတော်တွေအပိုင်းကကော၊ ဒကာတွေရဲ့အပိုင်းကပါ အမြဲတမ်း လျှောက်တာတွေရှိတယ်၊ အကြံပေး တာတွေရှိတယ်။ တခြားသူတွေ ဝေဖန် ထောက်ပြလို့မရအောင် ဟောကြားတတ် ဖို့လေ။ အဲဒီလို ဝေဖန်ထောက်ပြစရာ မရှိလေညက်အောင် ကိုယ့်ဘက်က ပြည့် စုံပါလျက်နဲ့မှ သီတဂူဆရာတော်ကြီးတို့ ကို ပြစ်မှားစော်ကားသလိုမျိုး ပြစ်မှား စော်ကားတာမျိုးကိုတော့ ဂရုစိုက်စရာ မလိုဘူးပေါ့။ ဒါကြောင့်မို့ တည်တည် တံ့တံ့၊ ခန့်ခန့်ညားညားနဲ့ ထိထိမိမိ လေး ဟောဖို့အကြံပေးထားတာ ရှိတာ ပေါ့။ အဲဒီအတိုင်းပဲ ဦးဇင်းတို့က ဟော သွားမှာပါ။ အဲဒီလို ဟောတဲ့အချိန်မှာမှ စောစောကလို ဝေဖန်တာတွေ ထိုးနှက် တာတွေ တိုက်ခိုက်တာတွေ၊ ချေမှုန်းတာ တွေ လုပ်လာရင်တော့ ဦးဇင်းတို့က လည်း ဥပဒေနဲ့ပဲပြန်ပြီး တုံ့ပြန်ရမှာပဲ လေ။

(ဆက်လက်ဖော်ပြပါမည်။)