Daily Archives: March 21, 2018

သတင်းအင်တာဗျူး

ဒီမိုကရေစီဆိုတာ ဒါမျိုးကြီးလားဆိုတဲ့အတွေး ပြည်သူတွေရဲ့ခေါင်းထဲ ရောက်နေကြပြီ(အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) ဒီတစ်ပတ်မှာတော့ တရားဟောခွင့် ပြန်လည်ရရှိပြီဖြစ်တဲ့ ဆရာတော်ဦးဝီရသူနဲ့ ဆရာတော်ဟောမယ့် တရားပွဲတွေအကြောင်း အမုန်းစကားကို အဓိပ္ပါယ်ဖွင့်ဆိုကြပုံများနဲ့ မြန်မာ့နိုင်ငံရေးသုံးသပ်ချက်အချို့ကို မေးမြန်းထားပါတယ်။ ဆရာတော်ဦးဝီရသူရဲ့ အသံဟာ အမျိုး ဘာသာ သာသနာအတွက် အခုထိ အရေးကြီးနေဆဲဖြစ်တဲ့အတွက် ဆရာတော်ရဲ့အသံကို မြန်မာ့ဥဒါန်းပရိသတ်များ အဆက်မပြတ်ကြားရဖို့ အင်တာဗျူးအစီအစဉ်များကို အပတ်စဉ် မပြတ်မကွက် တင်ဆက်ပေးနေရခြင်းဖြစ်ပါကြောင်း………။ မေး- တရားဟောခွင့်ပြန်ရတဲ့အချိန်မှာ ကုလားတရားအစား ဗမာတရားပဲ ဟော မယ်ဆိုတော့ ဗမာတရားဆိုတာ ဘယ်လို ဟာမျိုးဖြစ်မလဲဘုရား။ ဖြေ- ဗမာတရားဆိုတာ နိုင်ငံရေးတရား ပေါ့ကွာ၊ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၆၃

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ကန့်ဘလူမြို့၊ ကိုဇင်မျိုးထွန်း+မအေးမြမိုး မိသားစုမှ အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (12.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ မန်းမဟော်သဓာ ...
သတင်း

၂၀၁၈ ဒုတိယဓမ္မသဘင်(တောင်ကြီးအေးသာယာ)

တန်ခူးလဆန်း ၃ရက် (19.3.2018) ရက်နေ့ ည ၈း၃၀ နာရီ၊ တောင်ကြီးခရိုင်၊ အေးသာယာမြို့သစ်၊ မြို့လယ်သာသနာ့ဗိမာန်၊ ပရဟိတအသင်းအဖွဲ့များ နှစ်စဉ်ကျင်းပအပ်သော သာသနာတည်တံ့ ခိုင်မြဲရေးတရားပွဲ။ ၂၀၁၈ ရဲ့ ဒုတိယဓမ္မသဘင်ပါ။ ထေရဝါဒသာသနာတရားတော် ဟောကြားခဲ့ပါတယ်။ ပြာသိုလပြည့်နေ့တုန်းက ပခုက္ကူမြို့မှာ ဒယ်အိုးဆရာတော်ဟောကြားခဲ့တဲ့ တရားထဲမှာ သံဃာ့ဥသျှောင် ဆရာတော်ကြီးတွေကို ဝေဖန်ပုတ်ခတ်ဟောကြားချက်များကို ကျမ်းဂန်အထောက်အထားနဲ့ ပြန်လည်ချေပခဲ့ပါတယ်။ ထေရဝါဒမှာ ခေါင်းဆောင်ဆိုတာ မရှိခဲ့ဘူး။ သာသနာပိုင်တို့၊ ဥက္ကဋ္ဌတို့ဆိုတာ အခုမှ ပေါ်လာတာလို့ ဒယ်အိုးက ဆိုထားပါတယ်။ ထေရဝါဒခေါင်းဆောင်ဟာ ရှင်မဟာကဿပပါ။ ရဟန္တာတွေက ရွေးချယ်တင်မြှောက်ကြတာပါ။ ...
သတင်း

တောင်ကြီးခရီးစဉ်

တန်ခူးလဆန်း ၃ ရက် (19.3.2018) ရက်နေ့ မနက်ပိုင်းမှာ ဟဲဟိုးလေဆိပ်သို့ ရောက်ပါတယ်။ အရင်တုန်းကလို VIP ခန်းမှာ နားခွင့်မရတော့ပါဘူး။ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အမိန့်လို့ ဆိုပါတယ်။ သဘောထားကြီးတဲ့ ဒီမိုကရေစီကို လေးစားနေမိပါတယ်။ အောင်ပန်းမြို့၊ ဇောတိစံပြကျေးရွာ၊ ဦးဇင်းမဲကြီးရဲ့ အရိန္ဒမမစိုးရိမ်(ကျောင်းသစ်ကျောင်း)မှာ နေ့ဆွမ်းစားပါတယ်။ မွန်းလွဲပိုင်းမှာ စာရေးသူရယ်၊ ဦးဂန္ဓသာရရယ်၊ ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)ရယ် သုံးပါးလုံး တောင်ကြီးသို့ ခရီးဆက်ခဲ့ပါတယ်။ တောင်ကြီးမြို့သူ မြို့သားများက ယာဉ်တန်းများ၊ ရိုးရာဝတ်စုံများဖြင့် ကြိုဆိုကြပါတယ်။ ရွှေတောင်ရပ်ကွက်၊ သီတဂူကျောင်းဆရာတော်ကြီးအား ဖူးမြော်ပူဇော်ပြီး သြဝါဒပေးပါတယ်။ ၄င်းနောက် သိမ်တောင်ကျောင်းတိုက်မှာ တည်းခိုပါတယ်။ သူငယ်ချင်းဖြစ်သူ ...