သတင္း

ေတာင္ႀကီးခရီးစဥ္

တန္ခူးလဆန္း ၃ ရက္ (19.3.2018) ရက္ေန႔ မနက္ပုိင္းမွာ ဟဲဟုိးေလဆိပ္သုိ႔ ေရာက္ပါတယ္။ အရင္တုန္းကလုိ VIP ခန္းမွာ နားခြင့္မရေတာ့ပါဘူး။ ျပည္နယ္ဝန္ႀကီးခ်ဳပ္ရဲ႕ အမိန္႔လုိ႔ ဆုိပါတယ္။ သေဘာထားႀကီးတဲ့ ဒီမုိကေရစီကုိ ေလးစားေနမိပါတယ္။

ေအာင္ပန္းၿမဳိ႕၊ ေဇာတိစံျပေက်းရြာ၊ ဦးဇင္းမဲႀကီးရဲ႕ အရိႏၵမမစုိးရိမ္(ေက်ာင္းသစ္ေက်ာင္း)မွာ ေန႔ဆြမ္းစားပါတယ္။ မြန္းလြဲပုိင္းမွာ စာေရးသူရယ္၊ ဦးဂႏၶသာရရယ္၊ ေဒါက္တာအရွင္ဝိမလဝံသ(နာလႏၵာတကၠသုိလ္)ရယ္ သုံးပါးလုံး ေတာင္ႀကီးသုိ႔ ခရီးဆက္ခဲ့ပါတယ္။ ေတာင္ႀကီးၿမဳိ႕သူ ၿမဳိ႕သားမ်ားက ယာဥ္တန္းမ်ား၊ ရုိးရာဝတ္စုံမ်ားျဖင့္ ႀကဳိဆုိၾကပါတယ္။

ေရႊေတာင္ရပ္ကြက္၊ သီတဂူေက်ာင္းဆရာေတာ္ႀကီးအား ဖူးေျမာ္ပူေဇာ္ၿပီး ၾသဝါဒေပးပါတယ္။ ၄င္းေနာက္ သိမ္ေတာင္ေက်ာင္းတုိက္မွာ တည္းခုိပါတယ္။ သူငယ္ခ်င္းျဖစ္သူ အရွင္ပညာတိကၡာလကၤာရာဘိဝံသ ဦးစီးတဲ့ ဓမၼစကူးလ္ေက်ာင္းေဆာင္ႀကီးမွာ အနားယူရင္း အမ်ဳိးဘာသာ သာသနာအေရး ေဆြးေႏြးၾကပါတယ္။

ဓမၼစကူးလ္ေက်ာင္းႀကီးက ေျခာက္ထပ္ေဆာင္ႀကီးပါ။ အေပၚဆုံးထပ္မွာ ေစတီေတာ္တည္ထားပါတယ္။ အထပ္တုိင္းမွာ စာသင္ခန္းေတြရွိပါတယ္။ စုေပါင္းဘုရားဝတ္တက္တဲ့ ေဟာခန္းက သက္သက္ပါ။ အထပ္တုိင္းမွာ မိန္းကေလးအိပ္သာ၊ ေယာက်္ားေလးအိပ္သာ တစ္ဖက္စီခြဲျခားထားၿပီး၊ လက္ေဆးကန္မ်ား ေရခ်ဳိးခန္းမ်ား သီးျခားစီ လုပ္ေပးထားပါတယ္။ ေတာင္ႀကီးက သားသားမီးမီးေတြ ဘုန္းကံႀကီးပါေပ့ဗ်ာ။

 

“တောင်ကြီးခရီးစဉ်”

တန်ခူးလဆန်း ၃ ရက် (19.3.2018) ရက်နေ့ မနက်ပိုင်းမှာ ဟဲဟိုးလေဆိပ်သို့ ရောက်ပါတယ်။ အရင်တုန်းကလို VIP ခန်းမှာ နားခွင့်မရတော့ပါဘူး။ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အမိန့်လို့ ဆိုပါတယ်။ သဘောထားကြီးတဲ့ ဒီမိုကရေစီကို လေးစားနေမိပါတယ်။
အောင်ပန်းမြို့၊ ဇောတိစံပြကျေးရွာ၊ ဦးဇင်းမဲကြီးရဲ့ အရိန္ဒမမစိုးရိမ်(ကျောင်းသစ်ကျောင်း)မှာ နေ့ဆွမ်းစားပါတယ်။

မွန်းလွဲပိုင်းမှာ စာရေးသူရယ်၊ ဦးဂန္ဓသာရရယ်၊ ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)ရယ် သုံးပါးလုံး တောင်ကြီးသို့ ခရီးဆက်ခဲ့ပါတယ်။ တောင်ကြီးမြို့သူ မြို့သားများက ယာဉ်တန်းများ၊ ရိုးရာဝတ်စုံများဖြင့် ကြိုဆိုကြပါတယ်။
ရွှေတောင်ရပ်ကွက်၊ သီတဂူကျောင်းဆရာတော်ကြီးအား ဖူးမြော်ပူဇော်ပြီး သြဝါဒပေးပါတယ်။

၎င်းနောက် သိမ်တောင်ကျောင်းတိုက်မှာ တည်းခိုပါတယ်။ သူငယ်ချင်းဖြစ်သူ အရှင်ပညာတိက္ခာလင်္ကာရာဘိဝံသ ဦးစီးတဲ့ ဓမ္မစကူးလ်ကျောင်းဆောင်ကြီးမှာ အနားယူရင်း အမျိုးဘာသာ သာသနာအရေး ဆွေးနွေးကြပါတယ်။

ဓမ္မစကူးလ်ကျောင်းကြီးက ခြောက်ထပ်ဆောင်ကြီးပါ။ အပေါ်ဆုံးထပ်မှာ စေတီတော်တည်ထားပါတယ်။ အထပ်တိုင်းမှာ စာသင်ခန်းတွေရှိပါတယ်။ စုပေါင်းဘုရားဝတ်တက်တဲ့ ဟောခန်းက သက်သက်ပါ။ အထပ်တိုင်းမှာ မိန်းကလေးအိပ်သာ၊ ယောကျ်ားလေးအိပ်သာ တစ်ဖက်စီခွဲခြားထားပြီး၊ လက်ဆေးကန်များ ရေချိုးခန်းများ သီးခြားစီ လုပ်ပေးထားပါတယ်။
တောင်ကြီးက သားသားမီးမီးတွေ ဘုန်းကံကြီးပါပေ့ဗျာ။