သတင္း

ထူးျခားတဲ့ ထုိင္းဧည့္သည္

6.3.2018 မနက္အေစာ ထုိင္းဧည့္သည္ေရာက္ေနတယ္ဆုိလုိ႔ ထြက္ေတြ႕လုိက္ပါတယ္။ ဖူးရုံသက္သက္ပါတဲ့။ စာေရးသူိကုိ ဖူးျမင္လုိက္ရတာနဲ႔တင္ သူၾကားထားတာေတြ မဟုတ္မွန္း တန္းသိလုိက္ပါတယ္တဲ့။ စာေရးသူ တရားပြဲအပိတ္ခံရတာလည္း သူသိတယ္။

ေဖ့စ္ဘုတ္အပိတ္ခံရတာလည္း သူသိတယ္။ ျပည္တြင္းျပည္ပ မီဒီယာေတြလႊင့္တာလည္း သူသိတယ္။ ျပည္တြင္းျမန္မာဗုဒၶဘာသာဝင္ေတြကေတာင္ အေကာင္းမျမင္မွန္း သူသိတယ္။ ဒါေပမဲ့ သူကုိယ္တုိင္ေလ့လာခ်င္လုိ႔ လာဖူးတာပါတဲ့။ ေက်ာင္းေဆာင္ကလည္း ခမ္းနားမႈမရွိ ေနထုိင္ပုံကလည္း ထည္ဝါမႈမရွိတာေတြ႕ရလုိ႔ ကမၻာႀကီးတစ္ခုခု လြဲေနၿပီလုိ႔ သူယူဆပါတယ္တဲ့။

US ေဒၚလာ ႏွစ္ရာလွဴသြားပါတယ္။ မန္း မေဟာ္သဓာ ေျမကြက္ကုိလည္း ဝင္ၾကည့္သြားတယ္။ မိသားစုလုိက္ လာလွဴပါဦးမယ္လုိ႔ ေလွ်ာက္ထားသြားပါတယ္။ စာေရးသူကုိ အျမင္မၾကည္တဲ့ အနီအေၾကာင္ေတြနဲ႔ပတ္သက္ၿပီး ဥပမာေလးေပးၿပီး ရွင္းျပလုိက္ပါတယ္။

စာေရးကုိရင္ဘဝက ေရအင္တုံထဲက်ေနတဲ့ ပ်ားေကာင္ေတြကုိ ကယ္ခဲ့ဖူးတယ္။ ကယ္လည္းကယ္ရေသးတယ္ ေက်းဇူးမတင္တဲ့အျပင္ ပ်ားေကာင္ေတြက ဝုိင္းတုတ္တာေတာင္ခံခဲ့ရတယ္။ ေနာက္ေတာ့ မျဖစ္ေခ်ဘူးဆုိၿပီး လတ္ႏွင့္မဆယ္ေတာ့ဘဲ ေရခြက္ႏွင့္ပဲ ဆယ္ေတာ့တယ္။ ကုိယ္လည္းေဘးကင္း သူတုိ႔လည္း လြတ္ေျမာက္ႏွင့္ အေတာ္ထိေရာက္ခဲ့တယ္။

ပထမအတုတ္ခံရစဥ္က ပ်ားေကာင္ေတြဟာလည္း တု္ခ်င္လုိ႔တုတ္ၾကတာမဟုတ္ဘူး ရန္သူမိတ္ေဆြ မကြဲျပားလုိ႔ ေၾကာ္ကအားလန္႔အား တုတ္ၾကတာ။ ဒုတိယ အတု္မခံရေတာ့တာက ကယ္ဆယ္ေရးနည္းပညာ အဆင့္ျမင့္သြားလုိ႔ပါ။

ဒီလုိပဲ စာေရးသူက ကယ္တာကုိ သူတုိ႔က တြယ္တယ္ထင္ၿပီး ဝုိင္းတုတ္ၾကတဲ့သေဘာပါ။ ကယ္ခ်င္တာပဲ သိၿပီး ပညာသားမပါလုိ႔ အတုတ္ခံေနရတယ္လုိ႔ပဲ မွတ္ပါတယ္။ တုတ္တဲ့ပ်ားအေပၚ စိတ္ႏွင့္ေတာင္ မျပစ္မွားပါဘူး။ အခုကေနစၿပီး ပညာသားပါပါနဲ႔ ကယ္တင္ပါေတာ့မယ္။ ပ်ားတုတ္မခံရေအာင္လုိ႔ပါလုိ႔။ စာရႈသူတုိ႔ ပ်ားတုတ္ေဘးမွ ေဝးၾကပါေစေသာ္…….ဝ္။

 

“ထူးခြားတဲ့ ထိုင်းဧည့်သည်”

6.3.2018 မနက်အစော ထိုင်းဧည့်သည်ရောက်နေတယ်ဆိုလို့ ထွက်တွေ့လိုက်ပါတယ်။ ဖူးရုံသက်သက်ပါတဲ့။ စာရေးသိူကို ဖူးမြင်လိုက်ရတာနဲ့တင် သူကြားထားတာတွေ မဟုတ်မှန်း တန်းသိလိုက်ပါတယ်တဲ့။ စာရေးသူ တရားပွဲအပိတ်ခံရတာလည်း သူသိတယ်။

ဖေ့စ်ဘုတ်အပိတ်ခံရတာလည်း သူသိတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေလွှင့်တာလည်း သူသိတယ်။ ပြည်တွင်းမြန်မာဗုဒ္ဓဘာသာဝင်တွေကတောင် အကောင်းမမြင်မှန်း သူသိတယ်။ ဒါပေမဲ့ သူကိုယ်တိုင်လေ့လာချင်လို့ လာဖူးတာပါတဲ့။
ကျောင်းဆောင်ကလည်း ခမ်းနားမှုမရှိ နေထိုင်ပုံကလည်း ထည်ဝါမှုမရှိတာတွေ့ရလို့ ကမ္ဘာကြီးတစ်ခုခု လွဲနေပြီလို့ သူယူဆပါတယ်တဲ့။

US ဒေါ်လာ နှစ်ရာလှူသွားပါတယ်။ မန်း မဟော်သဓာ မြေကွက်ကိုလည်း ဝင်ကြည့်သွားတယ်။ မိသားစုလိုက် လာလှူပါဦးမယ်လို့ လျှောက်ထားသွားပါတယ်။ စာရေးသူကို အမြင်မကြည်တဲ့ အနီအကြောင်တွေနဲ့ပတ်သက်ပြီး ဥပမာလေးပေးပြီး ရှင်းပြလိုက်ပါတယ်။

စာရေးကိုရင်ဘဝက ရေအင်တုံထဲကျနေတဲ့ ပျားကောင်တွေကို ကယ်ခဲ့ဖူးတယ်။ ကယ်လည်းကယ်ရသေးတယ် ကျေးဇူးမတင်တဲ့အပြင် ပျားကောင်တွေက ဝိုင်းတုတ်တာတောင်ခံခဲ့ရတယ်။ နောက်တော့ မဖြစ်ချေဘူးဆိုပြီး လတ်နှင့်မဆယ်တော့ဘဲ ရေခွက်နှင့်ပဲ ဆယ်တော့တယ်။ ကိုယ်လည်းဘေးကင်း သူတို့လည်း လွတ်မြောက်နှင့် အတော်ထိရောက်ခဲ့တယ်။

ပထမအတုတ်ခံရစဉ်က ပျားကောင်တွေဟာလည်း တု်ချင်လို့တုတ်ကြတာမဟုတ်ဘူး ရန်သူမိတ်ဆွေ မကွဲပြားလို့ ကြော်ကအားလန့်အား တုတ်ကြတာ။ ဒုတိယ အတု်မခံရတော့တာက ကယ်ဆယ်ရေးနည်းပညာ အဆင့်မြင့်သွားလို့ပါ။

ဒီလိုပဲ စာရေးသူက ကယ်တာကို သူတို့က တွယ်တယ်ထင်ပြီး ဝိုင်းတုတ်ကြတဲ့သဘောပါ။ ကယ်ချင်တာပဲ သိပြီး ပညာသားမပါလို့ အတုတ်ခံနေရတယ်လို့ပဲ မှတ်ပါတယ်။ တုတ်တဲ့ပျားအပေါ် စိတ်နှင့်တောင် မပြစ်မှားပါဘူး။ အခုကနေစပြီး ပညာသားပါပါနဲ့ ကယ်တင်ပါတော့မယ်။ ပျားတုတ်မခံရအောင်လို့ပါလို့။ စာရှုသူတို့ ပျားတုတ်ဘေးမှ ဝေးကြပါစေသော်…….ဝ်။