သတင္း

၂၀၁၈ ဒုတိယဓမၼသဘင္(ေတာင္ႀကီးေအးသာယာ)

တန္ခူးလဆန္း ၃ရက္ (19.3.2018) ရက္ေန႔ ည ၈း၃၀ နာရီ၊ ေတာင္ႀကီးခရုိင္၊ ေအးသာယာၿမဳိ႕သစ္၊ ၿမဳိ႕လယ္သာသနာ့ဗိမာန္၊ ပရဟိတအသင္းအဖြဲ႕မ်ား ႏွစ္စဥ္က်င္းပအပ္ေသာ သာသနာတည္တံ့ ခုိင္ၿမဲေရးတရားပြဲ။ ၂၀၁၈ ရဲ႕ ဒုတိယဓမၼသဘင္ပါ။
ေထရဝါဒသာသနာတရားေတာ္ ေဟာၾကားခဲ့ပါတယ္။

ျပာသုိလျပည့္ေန႔တုန္းက ပခုကၠဴၿမဳိ႕မွာ ဒယ္အုိးဆရာေတာ္ေဟာၾကားခဲ့တဲ့ တရားထဲမွာ သံဃာ့ဥေသွ်ာင္ ဆရာေတာ္ႀကီးေတြကုိ ေဝဖန္ပုတ္ခတ္ေဟာၾကားခ်က္မ်ားကုိ က်မ္းဂန္အေထာက္အထားနဲ႔ ျပန္လည္ေခ်ပခဲ့ပါတယ္။
ေထရဝါဒမွာ ေခါင္းေဆာင္ဆုိတာ မရွိခဲ့ဘူး။ သာသနာပုိင္တုိ႔၊ ဥကၠ႒တုိ႔ဆုိတာ အခုမွ ေပၚလာတာလုိ႔ ဒယ္အုိးက ဆုိထားပါတယ္။
ေထရဝါဒေခါင္းေဆာင္ဟာ ရွင္မဟာကႆပပါ။ ရဟႏၲာေတြက ေရြးခ်ယ္တင္ေျမွာက္ၾကတာပါ။ သံဃေတၳေရာတုိ႔ မဟာကႆပေတၳရပမုခႆ ဘိကၡဳသံဃႆတုိ႔ အတိအက် ရွိပါတယ္။ သံဃာ့ေထရ္ဆုိတာ သံဃာ့ေခါင္းေဆာင္ကုိ ေျပာတာပါ။ ပမုခဆုိတာ ပါေမာကၡတုိ႔ ဥကၠ႒တုိ႔နဲ႔ အဓိပၸါယ္ခ်င္း တူပါတယ္။ ဒယ္အုိးကုိေျပာခ်င္ပါတယ္။ ေထရ္ႀကီးဝါႀကီးေတြကို မေစာ္ကားပါနဲ႔။

 

“၂၀၁၈ ဒုတိယဓမ္မသဘင်(တောင်ကြီးအေးသာယာ)”

တန်ခူးလဆန်း ၃ရက် (19.3.2018) ရက်နေ့ ည ၈း၃၀ နာရီ၊ တောင်ကြီးခရိုင်၊ အေးသာယာမြို့သစ်၊ မြို့လယ်သာသနာ့ဗိမာန်၊ ပရဟိတအသင်းအဖွဲ့များ နှစ်စဉ်ကျင်းပအပ်သော သာသနာတည်တံ့ ခိုင်မြဲရေးတရားပွဲ။ ၂၀၁၈ ရဲ့ ဒုတိယဓမ္မသဘင်ပါ။
ထေရဝါဒသာသနာတရားတော် ဟောကြားခဲ့ပါတယ်။

ပြာသိုလပြည့်နေ့တုန်းက ပခုက္ကူမြို့မှာ ဒယ်အိုးဆရာတော်ဟောကြားခဲ့တဲ့ တရားထဲမှာ သံဃာ့ဥသျှောင် ဆရာတော်ကြီးတွေကို ဝေဖန်ပုတ်ခတ်ဟောကြားချက်များကို ကျမ်းဂန်အထောက်အထားနဲ့ ပြန်လည်ချေပခဲ့ပါတယ်။ ထေရဝါဒမှာ ခေါင်းဆောင်ဆိုတာ မရှိခဲ့ဘူး။ သာသနာပိုင်တို့၊ ဥက္ကဋ္ဌတို့ဆိုတာ အခုမှ ပေါ်လာတာလို့ ဒယ်အိုးက ဆိုထားပါတယ်။

ထေရဝါဒခေါင်းဆောင်ဟာ ရှင်မဟာကဿပပါ။ ရဟန္တာတွေက ရွေးချယ်တင်မြှောက်ကြတာပါ။ သံဃတ္ထေရောတို့ မဟာကဿပတ္ထေရပမုခဿ ဘိက္ခုသံဃဿတို့ အတိအကျ ရှိပါတယ်။ သံဃာ့ထေရ်ဆိုတာ သံဃာ့ခေါင်းဆောင်ကို ပြောတာပါ။ ပမုခဆိုတာ ပါမောက္ခတို့ ဥက္ကဋ္ဌတို့နဲ့ အဓိပ္ပါယ်ချင်း တူပါတယ်။ ဒယ်အိုးကိုပြောချင်ပါတယ်။ ထေရ်ကြီးဝါကြီးတွေကို မစော်ကားပါနဲ့။