သတင်း

“အိပ်မပျော်သူများနှင့် ရွှေမျက်စဉ်း”

“အိပ်မပျော်သူများနှင့် ရွှေမျက်စဉ်း”
=====================

ရွှေမျက်စဉ်းပုံမှန်မှီဝဲသူများသည် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းအကျိုးများ ရရှိကြပါသည်။

ရွှေမျက်စဉ်းသည် မျက်ကြောဖြေလျှော့ခြင်း၊ အပူထုတ်ပေးခြင်းတို့ ပြုလုပ်လေ့ရှိသောကြောင့် အညောင်းပြေ၊ အပူထွက်သွားသဖြင့် အိပ်ကောင်းအောင် အထောက်အပံ့ပေးပါသည်။

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ကားဆရာတစ်ဦးသည် ညအိပ်ရာဝင်တိုင်း မျက်စဉ်းခတ်လေ့ရှိ၏။ အခြားကားဆရာများနှင့် ဆုံသည့်အခါ မျက်စဉ်းကျေးဇူးကို အမြဲပြောလေ့ရှိ၏။ ကားဆရာများက စမ်းခတ်ကြည့်ရာ အမှန်တကယ် အိပ်ကောင်းကြောင်း တွေ့ရှိသွားပေသည်။

“မွေးကင်းစ ကလေးငယ်လေးတွေ ခေါင်းရိတ်ပေးတဲ့နေ့ဆိုရင် ပိုအိပ်တတ်ကြတယ်။ အပူတွေထွက်သွားလို့ဖြစ်မယ်”ဟု မှတ်ချက်ချတတ်ကြပေသည်။

ရန်ကုန်၊ တောင်ဒဂုံမြို့နယ်နေ အလုပ်သမားနှစ်ဦးသည် အိပ်ချိန်ရောက်လျှင် တစ်နာရီ နှစ်နာရီခန့် ကြိုတင်၍ အိပ်ရာဝင်ရသည်ဆို၏။ ည ၁၀း၀၀နာရီ၌ အိပ်လိုလျှင် ည ၈း၀၀နာရီ ၉း၀၀နာရီခန့်၌ အိပ်ရာဝင်ရခြင်း ဖြစ်၏။ ရွှေမျက်စဉ်းခတ်သောအခါ အိပ်ရာထဲမရောက်ခင်မှာပင် အိပ်ချင်လာသည်ဆို၏။ အိပ်လိုက်လျှင်လည်း ခေါင်းချသည်နှင့် အိပ်ပျော်ကာ တစ်ချိုးတည်း အိပ်ပျော်သွားလေ၏။ ၎င်းတို့စကားအတိုင်းဆိုရလျှင် “တစ်မှေးပဲ”ပင်တည်း။

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံမှ သန့်ရှင်းရေးအလုပ်သမကြီးတစ်ဦးသည် အိပ်ကောင်းသဖြင့် အိပ်ရာထနောက်ကျကာ အလုပ်နောက်ကျသည်မှာ မကြာခဏပင်။

‘ဆရာ့ကြောင့်၊ ဆရာ့မျက်စဉ်းခတ်လို့’ဟု အမြဲအပြစ်တင်လေ့ရှိ၏။
နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာ၊ မြို့မကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော်၏ အစ်မကြီးသည် ရွှေမျက်စဉ်းခတ်ပြီးမှ အိပ်ကောင်းလာသဖြင့် မျက်စဉ်းကို အစွဲကြီးစွဲလျက်ရှိ၏။ အိပ်ရာထနောက်ကျဖန်များသဖြင့် အရုဏ်ဆွမ်း အချိန်မီမကပ်နိုင်ဖြစ်ကာ မောင်ဘုန်းကြီး ဆူပူသည်ကိုပင် ခံခဲ့ရသည်ဟု ဆို၏။

မန္တလေး၊ မစိုးရိမ်တိုက်သစ် နာယကဆရာတော်တစ်ပါးသည် ရွှေမျက်စဉ်းကို နေ့စဉ် ၁ကြိမ်မှ ၃ကြိမ်အထိ ပုံမှန်ခတ်လေ့ရှိ၏။ အိပ်ကောင်းလွန်းသဖြင့် အိပ်ရာထနောက်ကျခြင်း ပရိတ်မရွတ်လိုက်ရခြင်းများ မကြာခဏကြုံရသည် ဆို၏။ ထိုဆရာတော်သည် မနက် ၄း၀၀နာရီထ၍ ပရိတ်ပဋ္ဌာန်းများ အမြဲရွတ်ဖတ်သူဖြစ်ပါသည်။ “အခုတော့ နှိုးစက်ချထားရတော့တယ်”ဟု မိန့်တော်မူပါသည်။ အိပ်ရာထနောက်ကျလျှင် ပရိတ်မရွတ်လိုက်ရမည်ကို စိုးရိမ်သောကြောင့်တည်း။

ရွှေမျက်စဉ်းကြောင့် အိပ်ကောင်းသူများ မနည်းလှပါ။ လူတိုင်းနီးပါး ဖြစ်ပါသည်။
ရွှေမျက်စဉ်းသည် အိပ်ကောင်းရုံသာ မဟုတ်ဘဲ မျက်စိပင်ပန်းလာလျှင်လည်း အချက်ပြတတ်ပါသည်။ မျက်စိများ လေးလံလာပြီး မျက်ခွံများမို့လာ တွဲကျလာသည်ဟု ခံစားမိခြင်းတို့ ဖြစ်ပါသည်။ အထူးသဖြင့် TV၊ ကွန်ပျူတာ၊ ဟန်းဆက် စသည်တို့ကို အာရုံစိုက်ကြည့်ချိန်မျိုးမှာ ဖြစ်တတ်ပါသည်။

ဟန်းဆက်ပြင်ပေးခြင်း၊ ဖေ့စ်ဘုတ်ဖွင့်ပေးခြင်းအလုပ်ကို လုပ်နေရသည့် အလုပ်သမားလေးတစ်ဦးဆိုလျှင် TVကြည့်နေစဉ် အိပ်ချင်လာသည်ကို သတိထားမိကြောင်း၊ မျက်စဉ်းအစွမ်းပြနေပြီဆိုသည်ကို သတိပြုမိကြောင်း မကြာခဏ ပြောလေ့ရှိပါသည်။
“ခါတိုင်းဆို TVအစီအစဉ်ပြီးတဲ့အထိ ကြည့်တာ၊ လုံးဝ မအိပ်ချင်ဘူး။ အခုကျ မျက်စိက အချက်ပြလာတယ်။ မျက်စိမှေးပြီး အိပ်ချင်လာတယ်”ဟု ပြောပြလေ့ရှိပါသည်။

ရန်ကုန်၊ မြောက်ဒဂုံမြို့နေ မလေပြေသည် ဖေ့စ်ဘုတ်ကြည့်ပြီးသည့်အခါတိုင်း ရွှေမျက်စဉ်းခတ်လေ့ရှိပါသည်။ မျက်လုံးအေးခြင်း၊ အိပ်ကောင်းခြင်းအကျိုးကို လက်တွေ့ခံစားလိုက်ရပါသည်။ သူမ၏ စကားအတိုင်းပြောရလျှင် ‘နောက်တစ်နေ့ကိုပါ ချေးငှားပြီး အိပ်လို့ရလျှင် အိပ်ပစ်လိုက်မှာ’ဟူလေ၏။ အိပ်ကောင်းခြင်းသည် ရွှေမျက်စဉ်း၏ ထူးခြားသော ဂုဏ်ရည်တစ်ခုပင် ဖြစ်ပါသည်။

အအိပ်အနေနည်းသည့် သက်ကြီးရွယ်အိုများသည် ရွှေမျက်စဉ်းကို မှီဝဲလျှင် စွဲသွားသည်က များပါသည်။ အကြောင်းကား အိပ်ကောင်းသောကြောင့်တည်း။

ဒေါ်သီတာအေး 09-2004013
ဒေါ်နီလာမြင့် 09-259504851