သတင္း

ဒီမုိကေရစီလုိ႔ေျပာရင္ ယုံမွာေတာင္မဟုတ္ဘူး(၁၀)

ဒီမုိကေရစီအစုိးရလက္ထက္မွာ ဒီမုိကေရစီမဆန္တဲ့ အာဏာရွင္က်င့္ထုံးေတြ မၾကာခဏ ေတြ႕ျမင္ေနရ တယ္။ ေတြ႕ျမင္ေနရတာေတြအားလုံး လူမဆန္တဲ့လုပ္ရပ္ေတြပဲ ျဖစ္ေနတတ္တာက ျပႆနာ။

ဇန္နဝါရီလ ၂၄ရက္ေန႔က ကုိေက်ာ္မ်ဳိးေရႊ အာမခံေလွ်ာက္ထားမႈ ပယ္ခ်ခံခဲ့ရတယ္။ ဝွီးခ်ဲနဲ႔ ရုံးထြက္ေနရ တာလည္း တုိင္းသိျပည္သိ။ ေရာဂါေဝဒနာခံစားေနရတာလည္း တရားသူႀကီးအျမင္။ ဝုိင္းဝန္းေပြ႕ထူ ေဖးကူေနၾကရတဲ့ လုံၿခဳံေရးသမားေတြေတာင္ စုပ္တစ္သက္သက္ ။ ျမင္ရသူအေပါင္း စိတ္မခ်မ္းသာစရာ။ ပထမတရားသူႀကီးက ေထာင္ဆရာဝန္ကုိယ္တုိင္ တရားရုံးသုိ႔ လာေရာက္ထြက္ဆုိေပးမွ အာမခံေပးႏုိင္မယ္ လုိ႔ဆုိၿပီး ေနာက္တရားသူႀကီးက အရုိးဆရာဝန္ကုိ သမၼန္စာႏွင့္ဆင့္ေခၚၿပီး ေမးျမန္းမယ္ဆုိပါတယ္။ အရုိးဆရာဝန္က တရားရုံးမွာ ကုိေက်ာ္မ်ဳိးေရႊအေျခအေနက အသက္အႏၲရာယ္မရွိေၾကာင္းနဲ႔ စကားေျပာ ႏုိင္ေသးေၾကာင္း ထြက္ဆုိသြားပါတယ္။ အရုိးဆရာဝန္ရဲ႕ ထြက္ဆုိခ်က္အရ တရားသူႀကီးက အာမခံမေပး ဘဲ ပယ္ခ်လုိက္ပါတယ္။ ဒီပုံအတုိင္းဆုိ အသက္ေသခါနီးအေျခအေန စကားမေျပာႏုိင္တဲ့ အေျခအေန ေရာက္မွ အာမခံေပးမည့္သေဘာ သက္ေရာက္ေနပါတယ္။

ေထာင္ပုိင္ႀကီးႏွင့္ ေထာင္ဆရာဝန္က ေထာက္ခံေပးထားၿပီး လူနာအေျခအေနကုိလည္း ကုိယ္တုိင္ျမင္ ေနရၿပီျဖစ္ပါလ်က္ ဆင္ေျပာင္ႀကီးေရွ႕ခ်ထားၿပီး ဆင္ဟုတ္ မဟုတ္ ဆင္ဆရာေခၚေမးၾကည့္ဦးမည့္ သေဘာ မ်ဳိးလုပ္ေဆာင္သြားတာပါ။

ျမန္မာျပည္သူေတြဟာ ဥပေဒရဲ႕ေအာက္မွာ တစ္ေျပးညီရွိေနတာမ်ဳိး မဟုတ္ေတာ့ပါဘူး။ အစုိးရကုိ ေထာက္ခံတဲ့သူေတြက ဥပေဒကေပးထားတဲ့ အခြင့္အေရးထက္ေတာင္ ေက်ာ္လြန္ကာ ရရွိေနၿပီး အစုိးရကုိ မေထာက္ခံတဲ့သူဆုိ ဥပေဒကေပးထားတဲ့အခြင့္အေရးေတြကုိ တစ္ျပားသားမွ မရေတာ့ပါဘူး။ ဒါဟာ တရားဥပေဒစုိးမုိးေရး တတြင္တြင္ေျပာလာတဲ့ အရပ္သားဒီမုိကေရစီလက္ထက္ ျမန္မာ့တရားစီရင္ေရး မ်က္ေမွာက္အေျခအေနပါ။ ဒီအတြက္ အံ့ၾသမိတာေတာ့ အမွန္ပါပဲ။ ဒီထက္ပုိၿပီး အံ့ၾသစရာေကာင္းတာက အမ်ဳိးသားေရးယုံၾကည္ခ်က္အခ်ဳပ္သား က်န္းမာေရးအေျခေနကုိ မူဆလင္ဆရာဝန္ဆင့္ေခၚၿပီး ထြက္ဆုိ ခုိင္းတာပါပဲ။ စုန္ေလရွဴလည္း ေမႊးတယ္ေျပာတတ္တဲ့ ျမန္မာ့ႏုိင္ငံေရးေလာ္ဘီေတြစကားနဲ႔ေျပာရရင္ အကြက္ေတြလွတယ္ေပါ့ေနာ္။ ရာသီေပၚအကြက္ေတြ သိပ္လွတယ္ေပါ့။ ဆရာဝန္ရယ္၊ တရားသူႀကီးရယ္၊ အာဏာရပါတီရယ္၊ အာဏာရအစုိးရရယ္ စုေပါင္းအားနဲ႔ အခ်ဳပ္သားတစ္ဦးကုိ အႏုိင္က်င့္လုိက္ၾကတဲ့ပြဲႀကီး မွာ ရာသီကြက္က သိပ္လွပါတယ္ဗ်ာ။

မေကြးေက်ာင္းဆရာေတာ္ ဦးပါေမာကၡကုိ ျမင္ရတာက ဝမ္းနည္းစရာ။ တရားခံကုိ တရားခံလုိ႔ပဲ ဆက္ဆံမယ္ဆုိတဲ့ ရဲတပ္ဖြဲ႕ဝင္တစ္ဦးလုပ္ရပ္က လုိင္းေပၚမွာ ျမင္လုိ႔မေကာင္း။ ၅၀၅(ခ)မေျမာက္ဘဲနဲ႔ လည္း ၅၀၅(ခ)တပ္ၿပီး ဇြတ္စီရင္ေနတာေတြ႕ရတယ္။ တရားရုံးဦးတုိက္ေလွ်ာက္ထားသူဆုိသူ တရားလုိကုိ စစ္ေဆးေတာ့ သူ႔လက္မွတ္မဟုတ္ဘူးလုိ႔ ျငင္းဆုိသြားတာေတြ႕ရတယ္။ ဒါဆုိ သူတုိင္တာမဟုတ္ေၾကာင္း ေပၚလြင္သြားၿပီ။ စြဲခ်က္အဆင့္ထိပင္ ေစာင့္စရာမလုိဘဲ အမႈကုိ ပလပ္လုိက္ရုံသာ ရွိေတာ့တာပါ။ ဒါေပမဲ့ ဆက္စစ္ေနတာပါပဲ။

ဦးပါေမာကၡေရွ႕ေန ဦးေအာင္သူရိန္ထြန္းက သကၤန္းဝတ္ခြင့္ေပးဖုိ႔ တရားရုံးမွာ ေလွ်ာက္ထားတာလည္း ပယ္ခ်ခံရျပန္ပါတယ္။ ေရွ႕ေနဦးေအာင္သူရိန္ထြန္းက ၂၀၁၃ခုႏွစ္ ႏုိင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ ၄၇ပါးစုံညီ ဒုတိယအစည္းအေဝးဆုံးျဖတ္ခ်က္ ၁၁(ဃ)အရ သံဃာေတာ္မ်ား အမႈရင္ဆုိင္စဥ္ကာလမွာ သကၤန္းဝတ္ခြင့္ျပဳထားျခင္း၊ ၁၈၉၄ခုႏွစ္ အက်ဥ္းေထာင္အက္ဥပေဒႏွင့္ အက်ဥ္းေထာင္လက္စြဲဥပေဒ ၁၀၄၆တုိ႔အရ အက်ဥ္းက်သံဃာမ်ားအား သကၤန္းဝတ္ခြင့္ျပဳထားျခင္းတုိ႔ကုိ ေထာက္ျပ၍ တရားသူႀကီးထံ ေလွ်ာက္ထားခဲ့တာပါ။ ဦးပါေမာကၡေရွ႕ေနက သကၤန္းဝတ္ခြင့္ ေလွ်ာက္ထားမႈကုိ တရားရုံးကပယ္ခ်လုိက္ တာဟာ သံဃာ့ဥပေဒနဲ႔ ႏုိင္ငံ့ဥပေဒကုိ မေလးစား မရုိေသမွန္း သက္ေသျပလုိက္တာလုိ႔ ေျပာရမွာပါ။
အဂၤလိပ္ေခတ္၊ ဖဆပလေခတ္၊ မဆလေခတ္ေတြမွာ သံဃာေတာ္ေတြ အက်ဥ္းစံေနရစဥ္ သကၤန္းဝတ္ခြင့္ ရရွိခဲ့ၾကတယ္။ အမ်ဳိးသားေခါင္းေဆာင္ လြတ္လပ္ေရးဗိသုကာႀကီး ဗုိလ္ခ်ဳပ္ေအာင္ဆန္းရဲ႕သမီး ေဒၚေအာင္ဆန္းစုၾကည္အစုိးရလက္ထက္မွာ အခ်ဳပ္သားအဆင့္မွာေတာင္ သကၤန္းဝတ္ခြင့္ မရရွိခဲ့ဘူး။ နဝတစစ္အာဏာရွင္ေခတ္ႏွင့္ အရပ္သားဒီမုိကေရစီေခတ္ ႏုိင္ငံေရးစနစ္သာ ကြာေပမယ့္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္တာခ်င္းကေတာ့ အတူတူပါပဲဆုိတာ ဘယ္လုိမွ ျငင္းလုိ႔မရႏုိင္ေတာ့ပါဘူး။

မႏၲေလးေက်ာင္းသားသပိတ္က ေပၚလာျပန္ပါတယ္။ ရတနာပုံတကၠသုိလ္မွာ သပိတ္စခန္းဖြင့္ၿပီး ပညာေရး အသုံးစရိတ္တုိးျမွင့္ေပးေရး ဆႏၵထုတ္ေဖာ္ခဲ့ၾကတဲ့ ေက်ာင္းသားေတြပါ။
ဗမာႏုိင္ငံလုံးဆုိင္ရာေက်ာင္းသား သမဂၢ(ဗကသ)အဖြဲ႕က ဦးေဆာင္ေတာင္းဆုိၾကတာပါ။ ဇန္နဝါရီလ ၂၂ရက္ေန႔မွာ စတင္ခဲ့ၿပီး ၄င္းလ ၂၅ရက္ေန႔ မနက္ ၄း၁၅နာရီမွာ ဖမ္းဆီးကာ မိဘမ်ားထံ ျပန္လည္အပ္ႏွံၿပီး ၄င္းလ ၂၆ရက္ေန႔မွာ ေက်ာင္းတက္ခြင့္ရပ္စဲ(ေက်ာင္းထုတ္)ပစ္လုိက္ၾကတာပါ။ ေက်ာင္းသား ၉ ဦး၊ ေက်ာင္းသူ ၅ဦး စုစုေပါင္း ၁၄ဦး ေက်ာင္းထုတ္ခံလုိက္ရတာပါ။
ေက်ာင္းသားမ်ားေတာင္းဆုိတာလည္း အမ်ားႀကီးေတာ့ မဟုတ္ပါဘူး။ ပညာေရးအသုံးစရိတ္ တုိးျမွင့္ေပး ေရး၊ သင္ေထာက္ကူပစၥည္းမ်ား ေထာက္ပံ့ေရး၊ အေဆာင္မ်ားတုိးခ်ဲ႕ ေဆာက္လုပ္ေပးေရးေလာက္ပါပဲ။ အစုိးရျဖဳတ္ခ်ေရးဆုိတာလည္း မပါပါဘူး။

ေဒၚေအာင္ဆန္းစုၾကည္ႏုတ္ထြက္ေပးေရးလည္း မပါပါဘူး။ ဒါကုိပဲ ေက်ာင္းထုတ္တဲ့အဆင့္ထိ အေရးယူလုိက္ၾကတာပါ။ ပညာေရးတန္ဖုိးထားတဲ့ ေက်ာင္းသားေတြ ႏုိင္ငံေရးကုိ စိတ္ဝင္စားတဲ့ ေက်ာင္းသားေတြ အခုေတာ့ ပညာေရးတစ္ပုိင္းတစ္စႀကီးနဲ႔ ေက်ာင္းထြက္လုိက္ ရပါၿပီ။

၇.၁.၂၀၁၄ခုႏွစ္ ခ်င္းျပည္နယ္ တီးတိန္ၿမဳိ႕ လူထုေတြ႕ဆုံပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ေျဖၾကားခဲ့တာေလး သတိရမိလုိက္ပါတယ္။ ဝန္ထမ္းနဲ႔ေက်ာင္းသား ႏုိင္ငံေရးမပတ္သက္ရဘူး မူဝါဒအေပၚ သေဘာထားကုိ ေမးျမန္းရာမွာ ေဒၚေအာင္ဆန္းစုၾကည္က – ေက်ာင္းသားေတြ ႏုိင္ငံေရးမပတ္သက္ရဘူးဆုိတဲ့ စကားဟာ ဒီမုိကေရစီႏုိင္ငံမျဖစ္ေစခ်င္တဲ့လူေတြ ေျပာတဲ့စကားလုိ႔ ေျဖခဲ့ၿပီး ေက်ာင္းသားေတြ ႏုိင္ငံေရး မပတ္သက္ရ ရင္ ဒီမုိကေရစီမထြန္းကားႏုိင္ဘူး၊ လုံးဝလုံးဝ ဆန္႔က်င္ပါတယ္လုိ႔ ကန္႔ကြက္ခဲ့တာပါ။ ဒါ့အျပင္ ေက်ာင္းသားေတြ ႏုိင္ငံေရးလုပ္ၾကပါ။ ႏုိင္ငံေရးသိေအာင္ ႀကဳိးစားၾကပါလုိ႔ေတာင္ တုိက္တြန္းသြား ခဲ့ပါေသးတယ္။

၇.၆.၂၀၁၅ ရက္ေန႔တုန္းကလည္း ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္မွာ ေက်ာင္းသားေတြနဲ႔ေတြ႕ဆုံၿပီး အဆင့္ျမင့္ပညာေရးလုိခ်င္ရင္ NLDကုိမဲေပးဖုိ႔ တုိက္တြန္းခဲ့ပါေသးတယ္။ ရန္ကုန္၊ မႏၲေလးအပါအဝင္ ၿမဳိ႕နယ္ေပါင္း ၁၈ၿမဳိ႕နယ္ရွိ တကၠသုိလ္ ၁၅ခုမွ ေက်ာင္းသားေက်ာင္းသူ ၆၂ဦးကုိ ေျပာၾကားခဲ့တာပါ။

အခုေတာ့ ႏုိင္ငံေရးလုပ္မိခဲ့တဲ့ ေက်ာင္းသားေတြ၊ အဆင့္ျမင့္ပညာေရးလုိလားတဲ့ ေက်ာင္းသားေတြကုိ ေဒၚေအာင္ဆန္းစုၾကည္ေခါင္းေဆာင္တဲ့ အစုိးရက ေက်ာင္းထုတ္ပစ္လုိက္ပါၿပီ။ မဆလေခတ္၊ နဝတေခတ္ ေက်ာင္းသားေတြကမွ ေက်ာင္းျပန္တက္ခြင့္ရခဲ့ပါေသးတယ္။ ဒီခ်ဳပ္အစုိးရလက္ထက္က် ေက်ာင္းတက္ခြင့္ ေတာင္ မရရွိၾကေတာ့ပါဘူး။

Wira Thu အမည္နဲ႔ ဖြင့္ထားတဲ့ ေဖ့စ္ဘုတ္အေကာင့္မွာ Follower ေလးသိန္းေက်ာ္ရွိပါတယ္။ အဲဒီေဖ့စ္ဘုတ္ကုိ နည္းမ်ဳိးစုံနဲ႔ ရန္ရွာေနၾကတာၾကာပါၿပီ။ ဇန္နဝါရီလ ၂၄ရက္ေန႔ ညေနပုိင္းမွာေတာ့ ဘယ္လုိမွ ျပန္ဖြင့္လုိ႔ မရေတာ့ပါဘူး။ တစ္ဆက္တည္းမွာပဲ အဂၤလိပ္ဘာသာျဖင့္ သတင္းတင္တဲ့ Ven Vicittarbhivomsa အေကာင့္လည္း အပိတ္ခံလုိက္ရပါတယ္။ ေနာက္တစ္ရက္မွာ We Love Wirathu ေဖ့စ္ဘုတ္ဂရု အပိတ္ခံလုိက္ရပါတယ္။ အဲဒီေနာက္ အမ်ဳိးသားေရးအေကာင့္ေတြ တစ္ေကာင့္ၿပီးတစ္ ေကာင့္ က်ကုန္ၾကပါေတာ့တယ္။

အရပ္သားဒီမုိကေရစီက အေဝဖန္မခံႏုိင္တဲ့ ဒီမုိကေရစီျဖစ္ေနပါတယ္။
ျပည္သူ႔အစုိးရက ျပည္သူေတြကုိ ေက်ာသားရင္သား ခြဲျခားအုပ္ခ်ဳပ္ေနပါတယ္။

ေတြ႕ဆုံေဆြးေႏြးေရး အၿမဲေျပာလာခဲ့တဲ့ အစုိးရက သပိတ္ေမွာက္သံဃာ၊ သပိတ္ေမွာက္ေက်ာင္းသားေတြနဲ႔ နည္းနည္းေလးမွ မညွိႏႈိင္းဘဲ အေရးယူပစ္ေနပါတယ္။
ျပည္သူ႔အသံ နားစြင့္ခဲ့ေလသူႀကီးက ျပည္သူ႔ဆႏၵကုိ နည္းနည္းေလးမွ မေလးစားပါဘူး။
အင္း ဒီမုိကေရစီလုိ႔ေျပာရင္ ယုံၾကပါဦးမလား မသိေတာ့ပါဘူးဗ်ာ။

ဝီရသူ(မစုိးရိမ္)

 

“ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင်မဟုတ်ဘူး(၁၀)”

ဒီမိုကရေစီအစိုးရလက်ထက်မှာ ဒီမိုကရေစီမဆန်တဲ့ အာဏာရှင်ကျင့်ထုံးတွေ မကြာခဏ တွေ့မြင်နေရ တယ်။ တွေ့မြင်နေရတာတွေအားလုံး လူမဆန်တဲ့လုပ်ရပ်တွေပဲ ဖြစ်နေတတ်တာက ပြဿနာ။

ဇန်နဝါရီလ ၂၄ရက်နေ့က ကိုကျော်မျိုးရွှေ အာမခံလျှောက်ထားမှု ပယ်ချခံခဲ့ရတယ်။ ဝှီးချဲနဲ့ ရုံးထွက်နေရ တာလည်း တိုင်းသိပြည်သိ။ ရောဂါဝေဒနာခံစားနေရတာလည်း တရားသူကြီးအမြင်။ ဝိုင်းဝန်းပွေ့ထူ ဖေးကူနေကြရတဲ့ လုံခြုံရေးသမားတွေတောင် စုပ်တစ်သက်သက် ။ မြင်ရသူအပေါင်း စိတ်မချမ်းသာစရာ။ ပထမတရားသူကြီးက ထောင်ဆရာဝန်ကိုယ်တိုင် တရားရုံးသို့ လာရောက်ထွက်ဆိုပေးမှ အာမခံပေးနိုင်မယ် လို့ဆိုပြီး နောက်တရားသူကြီးက အရိုးဆရာဝန်ကို သမ္မန်စာနှင့်ဆင့်ခေါ်ပြီး မေးမြန်းမယ်ဆိုပါတယ်။ အရိုးဆရာဝန်က တရားရုံးမှာ ကိုကျော်မျိုးရွှေအခြေအနေက အသက်အန္တရာယ်မရှိကြောင်းနဲ့ စကားပြော နိုင်သေးကြောင်း ထွက်ဆိုသွားပါတယ်။ အရိုးဆရာဝန်ရဲ့ ထွက်ဆိုချက်အရ တရားသူကြီးက အာမခံမပေး ဘဲ ပယ်ချလိုက်ပါတယ်။ ဒီပုံအတိုင်းဆို အသက်သေခါနီးအခြေအနေ စကားမပြောနိုင်တဲ့ အခြေအနေ ရောက်မှ အာမခံပေးမည့်သဘော သက်ရောက်နေပါတယ်။

ထောင်ပိုင်ကြီးနှင့် ထောင်ဆရာဝန်က ထောက်ခံပေးထားပြီး လူနာအခြေအနေကိုလည်း ကိုယ်တိုင်မြင် နေရပြီဖြစ်ပါလျက် ဆင်ပြောင်ကြီးရှေ့ချထားပြီး ဆင်ဟုတ် မဟုတ် ဆင်ဆရာခေါ်မေးကြည့်ဦးမည့် သဘော မျိုးလုပ်ဆောင်သွားတာပါ။

မြန်မာပြည်သူတွေဟာ ဥပဒေရဲ့အောက်မှာ တစ်ပြေးညီရှိနေတာမျိုး မဟုတ်တော့ပါဘူး။ အစိုးရကို ထောက်ခံတဲ့သူတွေက ဥပဒေကပေးထားတဲ့ အခွင့်အရေးထက်တောင် ကျော်လွန်ကာ ရရှိနေပြီး အစိုးရကို မထောက်ခံတဲ့သူဆို ဥပဒေကပေးထားတဲ့အခွင့်အရေးတွေကို တစ်ပြားသားမှ မရတော့ပါဘူး။ ဒါဟာ တရားဥပဒေစိုးမိုးရေး တတွင်တွင်ပြောလာတဲ့ အရပ်သားဒီမိုကရေစီလက်ထက် မြန်မာ့တရားစီရင်ရေး မျက်မှောက်အခြေအနေပါ။ ဒီအတွက် အံ့သြမိတာတော့ အမှန်ပါပဲ။ ဒီထက်ပိုပြီး အံ့သြစရာကောင်းတာက အမျိုးသားရေးယုံကြည်ချက်အချုပ်သား ကျန်းမာရေးအခြေနေကို မူဆလင်ဆရာဝန်ဆင့်ခေါ်ပြီး ထွက်ဆို ခိုင်းတာပါပဲ။ စုန်လေရှူလည်း မွှေးတယ်ပြောတတ်တဲ့ မြန်မာ့နိုင်ငံရေးလော်ဘီတွေစကားနဲ့ပြောရရင် အကွက်တွေလှတယ်ပေါ့နော်။ ရာသီပေါ်အကွက်တွေ သိပ်လှတယ်ပေါ့။ ဆရာဝန်ရယ်၊ တရားသူကြီးရယ်၊ အာဏာရပါတီရယ်၊ အာဏာရအစိုးရရယ် စုပေါင်းအားနဲ့ အချုပ်သားတစ်ဦးကို အနိုင်ကျင့်လိုက်ကြတဲ့ပွဲကြီး မှာ ရာသီကွက်က သိပ်လှပါတယ်ဗျာ။

မကွေးကျောင်းဆရာတော် ဦးပါမောက္ခကို မြင်ရတာက ဝမ်းနည်းစရာ။ တရားခံကို တရားခံလို့ပဲ ဆက်ဆံမယ်ဆိုတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးလုပ်ရပ်က လိုင်းပေါ်မှာ မြင်လို့မကောင်း။ ၅၀၅(ခ)မမြောက်ဘဲနဲ့ လည်း ၅၀၅(ခ)တပ်ပြီး ဇွတ်စီရင်နေတာတွေ့ရတယ်။ တရားရုံးဦးတိုက်လျှောက်ထားသူဆိုသူ တရားလိုကို စစ်ဆေးတော့ သူ့လက်မှတ်မဟုတ်ဘူးလို့ ငြင်းဆိုသွားတာတွေ့ရတယ်။ ဒါဆို သူတိုင်တာမဟုတ်ကြောင်း ပေါ်လွင်သွားပြီ။ စွဲချက်အဆင့်ထိပင် စောင့်စရာမလိုဘဲ အမှုကို ပလပ်လိုက်ရုံသာ ရှိတော့တာပါ။ ဒါပေမဲ့ ဆက်စစ်နေတာပါပဲ။

ဦးပါမောက္ခရှေ့နေ ဦးအောင်သူရိန်ထွန်းက သင်္ကန်းဝတ်ခွင့်ပေးဖို့ တရားရုံးမှာ လျှောက်ထားတာလည်း ပယ်ချခံရပြန်ပါတယ်။ ရှေ့နေဦးအောင်သူရိန်ထွန်းက ၂၀၁၃ခုနှစ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ပါးစုံညီ ဒုတိယအစည်းအဝေးဆုံးဖြတ်ချက် ၁၁(ဃ)အရ သံဃာတော်များ အမှုရင်ဆိုင်စဉ်ကာလမှာ သင်္ကန်းဝတ်ခွင့်ပြုထားခြင်း၊ ၁၈၉၄ခုနှစ် အကျဉ်းထောင်အက်ဥပဒေနှင့် အကျဉ်းထောင်လက်စွဲဥပဒေ ၁၀၄၆တို့အရ အကျဉ်းကျသံဃာများအား သင်္ကန်းဝတ်ခွင့်ပြုထားခြင်းတို့ကို ထောက်ပြ၍ တရားသူကြီးထံ လျှောက်ထားခဲ့တာပါ။ ဦးပါမောက္ခရှေ့နေက သင်္ကန်းဝတ်ခွင့် လျှောက်ထားမှုကို တရားရုံးကပယ်ချလိုက် တာဟာ သံဃာ့ဥပဒေနဲ့ နိုင်ငံ့ဥပဒေကို မလေးစား မရိုသေမှန်း သက်သေပြလိုက်တာလို့ ပြောရမှာပါ။
အင်္ဂလိပ်ခေတ်၊ ဖဆပလခေတ်၊ မဆလခေတ်တွေမှာ သံဃာတော်တွေ အကျဉ်းစံနေရစဉ် သင်္ကန်းဝတ်ခွင့် ရရှိခဲ့ကြတယ်။ အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ အချုပ်သားအဆင့်မှာတောင် သင်္ကန်းဝတ်ခွင့် မရရှိခဲ့ဘူး။ နဝတစစ်အာဏာရှင်ခေတ်နှင့် အရပ်သားဒီမိုကရေစီခေတ် နိုင်ငံရေးစနစ်သာ ကွာပေမယ့် လူ့အခွင့်အရေး ချိုးဖောက်တာချင်းကတော့ အတူတူပါပဲဆိုတာ ဘယ်လိုမှ ငြင်းလို့မရနိုင်တော့ပါဘူး။

မန္တလေးကျောင်းသားသပိတ်က ပေါ်လာပြန်ပါတယ်။ ရတနာပုံတက္ကသိုလ်မှာ သပိတ်စခန်းဖွင့်ပြီး ပညာရေး အသုံးစရိတ်တိုးမြှင့်ပေးရေး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကျောင်းသားတွေပါ။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂ(ဗကသ)အဖွဲ့က ဦးဆောင်တောင်းဆိုကြတာပါ။ ဇန်နဝါရီလ ၂၂ရက်နေ့မှာ စတင်ခဲ့ပြီး ၎င်းလ ၂၅ရက်နေ့ မနက် ၄း၁၅နာရီမှာ ဖမ်းဆီးကာ မိဘများထံ ပြန်လည်အပ်နှံပြီး ၎င်းလ ၂၆ရက်နေ့မှာ ကျောင်းတက်ခွင့်ရပ်စဲ(ကျောင်းထုတ်)ပစ်လိုက်ကြတာပါ။ ကျောင်းသား ၉ ဦး၊ ကျောင်းသူ ၅ဦး စုစုပေါင်း ၁၄ဦး ကျောင်းထုတ်ခံလိုက်ရတာပါ။
ကျောင်းသားများတောင်းဆိုတာလည်း အများကြီးတော့ မဟုတ်ပါဘူး။ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေး ရေး၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ရေး၊ အဆောင်များတိုးချဲ့ ဆောက်လုပ်ပေးရေးလောက်ပါပဲ။ အစိုးရဖြုတ်ချရေးဆိုတာလည်း မပါပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နုတ်ထွက်ပေးရေးလည်း မပါပါဘူး။ ဒါကိုပဲ ကျောင်းထုတ်တဲ့အဆင့်ထိ အရေးယူလိုက်ကြတာပါ။ ပညာရေးတန်ဖိုးထားတဲ့ ကျောင်းသားတွေ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေ အခုတော့ ပညာရေးတစ်ပိုင်းတစ်စကြီးနဲ့ ကျောင်းထွက်လိုက် ရပါပြီ။

၇.၁.၂၀၁၄ခုနှစ် ချင်းပြည်နယ် တီးတိန်မြို့ လူထုတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဖြေကြားခဲ့တာလေး သတိရမိလိုက်ပါတယ်။ ဝန်ထမ်းနဲ့ကျောင်းသား နိုင်ငံရေးမပတ်သက်ရဘူး မူဝါဒအပေါ် သဘောထားကို မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က – ကျောင်းသားတွေ နိုင်ငံရေးမပတ်သက်ရဘူးဆိုတဲ့ စကားဟာ ဒီမိုကရေစီနိုင်ငံမဖြစ်စေချင်တဲ့လူတွေ ပြောတဲ့စကားလို့ ဖြေခဲ့ပြီး ကျောင်းသားတွေ နိုင်ငံရေး မပတ်သက်ရ ရင် ဒီမိုကရေစီမထွန်းကားနိုင်ဘူး၊ လုံးဝလုံးဝ ဆန့်ကျင်ပါတယ်လို့ ကန့်ကွက်ခဲ့တာပါ။ ဒါ့အပြင် ကျောင်းသားတွေ နိုင်ငံရေးလုပ်ကြပါ။ နိုင်ငံရေးသိအောင် ကြိုးစားကြပါလို့တောင် တိုက်တွန်းသွား ခဲ့ပါသေးတယ်။

၇.၆.၂၀၁၅ ရက်နေ့တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ကျောင်းသားတွေနဲ့တွေ့ဆုံပြီး အဆင့်မြင့်ပညာရေးလိုချင်ရင် NLDကိုမဲပေးဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့နယ်ပေါင်း ၁၈မြို့နယ်ရှိ တက္ကသိုလ် ၁၅ခုမှ ကျောင်းသားကျောင်းသူ ၆၂ဦးကို ပြောကြားခဲ့တာပါ။

အခုတော့ နိုင်ငံရေးလုပ်မိခဲ့တဲ့ ကျောင်းသားတွေ၊ အဆင့်မြင့်ပညာရေးလိုလားတဲ့ ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အစိုးရက ကျောင်းထုတ်ပစ်လိုက်ပါပြီ။ မဆလခေတ်၊ နဝတခေတ် ကျောင်းသားတွေကမှ ကျောင်းပြန်တက်ခွင့်ရခဲ့ပါသေးတယ်။ ဒီချုပ်အစိုးရလက်ထက်ကျ ကျောင်းတက်ခွင့် တောင် မရရှိကြတော့ပါဘူး။

Wira Thu အမည်နဲ့ ဖွင့်ထားတဲ့ ဖေ့စ်ဘုတ်အကောင့်မှာ Follower လေးသိန်းကျော်ရှိပါတယ်။ အဲဒီဖေ့စ်ဘုတ်ကို နည်းမျိုးစုံနဲ့ ရန်ရှာနေကြတာကြာပါပြီ။ ဇန်နဝါရီလ ၂၄ရက်နေ့ ညနေပိုင်းမှာတော့ ဘယ်လိုမှ ပြန်ဖွင့်လို့ မရတော့ပါဘူး။ တစ်ဆက်တည်းမှာပဲ အင်္ဂလိပ်ဘာသာဖြင့် သတင်းတင်တဲ့ Ven Vicittarbhivomsa အကောင့်လည်း အပိတ်ခံလိုက်ရပါတယ်။ နောက်တစ်ရက်မှာ We Love Wirathu ဖေ့စ်ဘုတ်ဂရု အပိတ်ခံလိုက်ရပါတယ်။ အဲဒီနောက် အမျိုးသားရေးအကောင့်တွေ တစ်ကောင့်ပြီးတစ် ကောင့် ကျကုန်ကြပါတော့တယ်။

အရပ်သားဒီမိုကရေစီက အဝေဖန်မခံနိုင်တဲ့ ဒီမိုကရေစီဖြစ်နေပါတယ်။
ပြည်သူ့အစိုးရက ပြည်သူတွေကို ကျောသားရင်သား ခွဲခြားအုပ်ချုပ်နေပါတယ်။

တွေ့ဆုံဆွေးနွေးရေး အမြဲပြောလာခဲ့တဲ့ အစိုးရက သပိတ်မှောက်သံဃာ၊ သပိတ်မှောက်ကျောင်းသားတွေနဲ့ နည်းနည်းလေးမှ မညှိနှိုင်းဘဲ အရေးယူပစ်နေပါတယ်။
ပြည်သူ့အသံ နားစွင့်ခဲ့လေသူကြီးက ပြည်သူ့ဆန္ဒကို နည်းနည်းလေးမှ မလေးစားပါဘူး။
အင်း ဒီမိုကရေစီလို့ပြောရင် ယုံကြပါဦးမလား မသိတော့ပါဘူးဗျာ။

ဝီရသူ(မစိုးရိမ်)