သတင္း

ၿမိတ္ခရီးစဥ္ – ၁

10.2.2018 ရက္ေန႔ မနက္အေစာမွာ ရန္ကုန္ေလဆိပ္သုိ႔ ေရာက္ပါတယ္။ ရွင္မေတာင္ဆရာေတာ္ႀကီးရယ္၊ ဘူးလတ္ဦးလွေဆြႀကီးရယ္၊ ဘူလတ္ဦးလွေဆြရဲ႕ဇနီးသည္ရယ္ ေတြ႕ဆုံပါတယ္။ ဘူးလတ္ဦးလွေဆြႀကီးက စာေရးသူနဲ႔ ရွင္မေတာင္ဆရာေတာ္ႀကီးရဲ႕ လက္မွတ္ကိစၥေတြပါ လိုက္လုပ္ေပးပါတယ္။

ရြာျပင္ထုတ္ခံရသူႀကီးအမည္ရွိ စာအုပ္က အုပ္ေရ ၅၀၀ ဂ်ပ္ဖာပုံးငါးပုံး ပါတာေၾကာင့္ လက္မွတ္ေလးေစာင္နဲ႔ မရေတာ့ပါဘူး တန္ဆာေဆာင္ရပါတယ္။ ကုိးေသာင္းေက်ာ္ တစ္သိန္းနီးပါးပါ။ ဘူးလတ္ဦးလွေဆြႀကီးက ကုသုိလ္ယူၿပီး ရွင္းေပးပါတယ္။
ၿမိတ္ေလဆိပ္ကုိ မနက္ ၈း၃၀ နာရီမွာ ေရာက္ရွိပါတယ္။

ေနာင္ေတာ္ ညီေတာ္မ်ားႏွင့္ မ်ဳိးခ်စ္ေမာင္မယ္မ်ား လာေရာက္ ႀကဳိဆုိၾကပါတယ္။ ဟုိအရင္တုန္းကလုိ VIP ခန္းမွာ ႀကဳိဆုိခြင့္မရေတာ့ဘူးလုိ႔ ေျပာပါတယ္။ ရြာျပင္ထုတ္ခံရသူႀကီးဆုိေတာ့ VIP နဲ႔ ဘယ္တန္ေတာ့မလဲဗ်ာ။ VIP ဆုိတာ အဂၤလိပ္လုိဟာႀကီးေတြနဲ႔မွ တန္တာမဟုတ္လား? အဂၤလိပ္ကုိ လင္ေတာ္ဘူးေတာ့ အဂၤလိပ္ေကာင္းမွန္း သိတာေပါ့။

ဒါေၾကာင့္လည္း အဂၤလိပ္မွအဂၤလိပ္ျဖစ္ေနေတာ့တာေပါ့။ အဂၤလိပ္ဟာ အခ်ဳပ္အျခာအာဏာကုိ လာေရာက္ စြက္ဖက္ေနတဲ့သူေတြ ေစာ္ကားေနတဲ့သူေတြလုိ႔ ေဟာေျပာတဲ့ ဘုန္းဘုန္းကုိ အဂၤလိပ္ကေတာ္ႀကီးႏွင့္ အဲရစ္သားသမီးေတြက မုန္းတာဘာဆန္းလုိ႔လဲ?ေအာင္မဂၤလာပရိယတၱိစာသင္တုိက္မွာ တည္းခုိပါတယ္။ ရွင္မေတာင္ဆရာေတာ္ႀကီးႏွင့္အတူ မိတ္ဆက္စကားေျပာပါတယ္။ ေန႔ဆြမ္းစားၿပီး ခဏနားၾကပါတယ္။

 

 

“မြိတ်ခရီးစဉ် – ၁”

10.2.2018 ရက်နေ့ မနက်အစောမှာ ရန်ကုန်လေဆိပ်သို့ ရောက်ပါတယ်။ ရှင်မတောင်ဆရာတော်ကြီးရယ်၊ ဘူးလတ်ဦးလှဆွေကြီးရယ်၊ ဘူလတ်ဦးလှဆွေရဲ့ဇနီးသည်ရယ် တွေ့ဆုံပါတယ်။ ဘူးလတ်ဦးလှဆွေကြီးက စာရေးသူနဲ့ ရှင်မတောင်ဆရာတော်ကြီးရဲ့ လက်မှတ်ကိစ္စတွေပါ လိုက်လုပ်ပေးပါတယ်။

ရွာပြင်ထုတ်ခံရသူကြီးအမည်ရှိ စာအုပ်က အုပ်ရေ ၅၀၀ ဂျပ်ဖာပုံးငါးပုံး ပါတာကြောင့် လက်မှတ်လေးစောင်နဲ့ မရတော့ပါဘူး တန်ဆာဆောင်ရပါတယ်။ ကိုးသောင်းကျော် တစ်သိန်းနီးပါးပါ။ ဘူးလတ်ဦးလှဆွေကြီးက ကုသိုလ်ယူပြီး ရှင်းပေးပါတယ်။
မြိတ်လေဆိပ်ကို မနက် ၈း၃၀ နာရီမှာ ရောက်ရှိပါတယ်။ နောင်တော် ညီတော်များနှင့် မျိုးချစ်မောင်မယ်များ လာရောက် ကြိုဆိုကြပါတယ်။

ဟိုအရင်တုန်းကလို VIP ခန်းမှာ ကြိုဆိုခွင့်မရတော့ဘူးလို့ ပြောပါတယ်။ ရွာပြင်ထုတ်ခံရသူကြီးဆိုတော့ VIP နဲ့ ဘယ်တန်တော့မလဲဗျာ။ VIP ဆိုတာ အင်္ဂလိပ်လိုဟာကြီးတွေနဲ့မှ တန်တာမဟုတ်လား? အင်္ဂလိပ်ကို လင်တော်ဘူးတော့ အင်္ဂလိပ်ကောင်းမှန်း သိတာပေါ့။ ဒါကြောင့်လည်း အင်္ဂလိပ်မှအင်္ဂလိပ်ဖြစ်နေတော့တာပေါ့။ အင်္ဂလိပ်ဟာ အချုပ်အခြာအာဏာကို လာရောက် စွက်ဖက်နေတဲ့သူတွေ စော်ကားနေတဲ့သူတွေလို့ ဟောပြောတဲ့ ဘုန်းဘုန်းကို အင်္ဂလိပ်ကတော်ကြီးနှင့် အဲရစ်သားသမီးတွေက မုန်းတာဘာဆန်းလို့လဲ?

အောင်မင်္ဂလာပရိယတ္တိစာသင်တိုက်မှာ တည်းခိုပါတယ်။ ရှင်မတောင်ဆရာတော်ကြီးနှင့်အတူ မိတ်ဆက်စကားပြောပါတယ်။ နေ့ဆွမ်းစားပြီး ခဏနားကြပါတယ်။