သတင္း

ေလာကဓံအတြက္ အားေပးခ်က္

“ေလာကဓံအတြက္ အားေပးခ်က္”

(ျမေစတီရဲေက်ာင္းဆရာေတာ္ႀကီးက ဦးဝီရသူအား အားေပးဆုံးမေသာ ကဗ်ာျဖစ္သည္။)

ဘုရားျမတ္စြာ တုိ႔ဆရာလည္း
ၾကမၼာဝဋ္ေၾကြး ဆပ္ရေသး၏
ဝဋ္ေၾကြးရွိက ေျပးမရဘဲ
ဆပ္ရသည္မွာ ဓမၼတာတည္း။

ေသခ်ာေတြးယူ အေလးမူေလာ့
ျပဳသူအသစ္ ျဖစ္သူအေဟာင္း
သူေကာင္းစကား ရင္ဝယ္ထား၍
သင့္အားဆုိဆဲ လူခပဲကုိ
စိတ္ထဲရႊင္ၿမဴး လြန္ခ်ီးက်ဴးေလာ့။

အထူးရွည္ၾကာ သံသရာမွ
ပါလာတုံျငား အျပစ္မ်ားကုိ
ဖယ္ရွားေပးသူ မ်ားဗုိလ္လူဟု
ၾကည္ျဖဴစိတ္ထဲ မွတ္ယူစြဲ၍
ဆင့္ကဲဆန္းစစ္ သံသရာအျပစ္ကုိ
ေၾကြးသစ္ပမာ ယူၾကရွာသည္
လြန္စြာသနားထုိက္သူပါတကား….။

ျမေစတီဆရာေတာ္
အဂၢမဟာပ႑ိတ၊ ပါဠိပါရဂူ
အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရး(ဗဟုိ)
အေထြေထြအတြင္းေရးမွဴးခ်ဳပ္
ေမာ္လၿမဳိင္ၿမဳိ႕၊ မြန္ျပည္နယ္။

“လောကဓံအတွက် အားပေးချက်”

(မြစေတီရဲကျောင်းဆရာတော်ကြီးက ဦးဝီရသူအား အားပေးဆုံးမသော ကဗျာဖြစ်သည်။)

ဘုရားမြတ်စွာ တို့ဆရာလည်း
ကြမ္မာဝဋ်ကြွေး ဆပ်ရသေး၏
ဝဋ်ကြွေးရှိက ပြေးမရဘဲ
ဆပ်ရသည်မှာ ဓမ္မတာတည်း။

သေချာတွေးယူ အလေးမူလော့
ပြုသူအသစ် ဖြစ်သူအဟောင်း
သူကောင်းစကား ရင်ဝယ်ထား၍
သင့်အားဆိုဆဲ လူခပဲကို
စိတ်ထဲရွှင်မြူး လွန်ချီးကျူးလော့။

အထူးရှည်ကြာ သံသရာမှ
ပါလာတုံငြား အပြစ်များကို
ဖယ်ရှားပေးသူ များဗိုလ်လူဟု
ကြည်ဖြူစိတ်ထဲ မှတ်ယူစွဲ၍
ဆင့်ကဲဆန်းစစ် သံသရာအပြစ်ကို
ကြွေးသစ်ပမာ ယူကြရှာသည်
လွန်စွာသနားထိုက်သူပါတကား….။

မြစေတီဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊ ပါဠိပါရဂူ
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(ဗဟို)
အထွေထွေအတွင်းရေးမှူးချုပ်
မော်လမြိုင်မြို့၊ မွန်ပြည်နယ်။