သတင်း






 

“အမေ့နှစ်ပတ်လည် ဆွမ်းကပ်အလှူတော်”

28.3.2018 ရက်နေ့ မနက် ၉း၃၀ နာရီမှာ ကျင်းပပါတယ်။ မန္တလေးတိုင်း ကျောက်ဆည်မြို့ မင်းကုန်းမဟာစာသင်တိုက်မှာ ကျင်းပတာပါ။ စာရေးသူရဲ့ ငယ်ဆရာ မင်းကုန်းမဟာစာသင်တိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တဇနိတာဘိဝံသ ရေစက်ချတရား ဟောကြားပါတယ်။

စာရေးသူရဲ့ မိသားစုများနှင့် သံဃာတော်များ သီလရှင်များ ကြွရောက်ကြပါတယ်။ တရားပွဲပြီးတဲ့အခါ နေ့ဆွမ်းကပ်ပါတယ်။
နေ့ဆွမ်းကုသိုလ်ကို စာရေးသူရဲ့ အမ မိသားစုက လှူဒါန်းကြပါတယ်။

စာရေးသူက မင်းကုန်းမဟာစာသင်တိုက် စာချဆရာတော်များနှင့် စာရေးသူ သာသနာ့ဘောင်ဝင်ခဲ့ရာ ရွှေလှံထောင်ကျောင်းတိုက်မှ သံဃာတော်များအား နဝကမ္မ အလှူငွေ တစ်သောင်းကျပ်စီ လှူဒါန်းပါတယ်။

စာရေးသူရဲ့မိခင် ဒေါ်တင်တင်ဦး ကွယ်လွန်ခဲ့တာ (၃)နှစ်ပြည့်ပါပြီ။ အမေ့အတွက် ရည်စူး လှူဒါန်းခဲ့ကြတဲ့ ကုသိုလ်ကောင်းမှုအစုစုကို ဖေးဘုတ်ပရိသတ်ကြီးအား အမျှပေးဝေပါတယ်။
နတ်လူသာဓုခေါ်စေသော်…….ဝ်။