သတင်း

ဒီအစိုးရလက်ထက် အာဏာပိုင်တွေရဲ့ပစ်မှတ်ကဘာလဲ

အရင်တစ်ခါတောင်ဒဂုံနဂါးရုံဘုရားကလေး။ ဒီကနေ့ လှိုင်သာယာ ဆွမ်းလောင်းဓမ္မာရုံ။ တိုင်ကြားတဲ့သူရှိတယ်ဆိုတော့ ဓမ္မာရုံဖျက်ဖို့တိုင်ကြားတာ အနက်မဟုတ်ရင် အနီပဲ။

လှိုင်သာယာမြို့က သံဃာတော်များနှင့် သီလရှင်များ ဆွမ်းလောင်းအသင်းများ သတိဝီရိယရှိကြပါ။ တစ်ခုပြီးတစ်ခု ပစ်မှတ်ထားလာတာကိုတွေ့ရတယ်။

တိုင်းပြည်ကောင်းရာကောင်းကျိုးတော့ ဘာတစ်ခုမှမလုပ်ကြဘူး။ တိုင်းဖျက်ပြည်ဖျက် သာသနာဖျက်လုပ်ငန်းတွေတော့ အားသွန်ခွန်စိုက်လုပ်နေကြတယ်။

သာသနာအတွက် အတော်ရင်လေးစရာကောင်းတဲ့ခေတ်ကိုရောက်နေပြီ။


ဝီရသူ(မစိုးရိမ်)
2.7.2017
PM 6:03


==========================================================
ဆွမ်းလောင်းဓမ္မရုံ ဖျက်ရန်အမိန့်ထုတ်

လှိုင်သာယာ
ဇူလိုင် ၂

လှိုင်သာယာမြို့နယ်၊ ၁၉ရပ်ကွက်၊ ချစ်ကြည်ရေးလမ်းရှိ ဓမ္မရက္ခိတဆွမ်းလောင်းဓမ္မာရုံအား တိုင်ကြားချက်အရဟုဆိုကာ ယခုလ ဇူလိုင် ၃ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်ရန်အမိန့်ပေးညွှန်ကြားလာကြောင်း သိရှိရပါတယ်။

အဆိုပါဆွမ်းလောင်းဓမ္မာရုံမှာ အပါတ်စဉ် တနင်္ဂနွေနေ့ နံနက်အရုဏ်တက်တိုင်း ကျောင်းပေါင်း ၇ကျောင်းမှ သံဃာတော်နှင့် သီလရှင် ဆရာကြီးဆရာလေးပေါင်း ၁၃၀ကျော်ကို လောင်းလှူလျက်ရှိကြောင်း သိရပါတယ်။

ချစ်ကြည်ရေးလမ်းခင်းစဉ်အခါတုန်းကလမ်း လမ်းခင်းတာမလွတ်လို့ စည်ပင်ကဖျက်ခိုင်းသေးတယ်။ အဲ့ဒိတုန်းကတော့ လမ်းသူလမ်းသားတွေ စုပေါင်းလက်မှတ်ထိုးပြီးတော့ ဒီဓမ္မာရုံလေးကြောင့် စုပေါင်းကုသိုလ် လုပ်နေရတာပါဆိုပြီး စည်ပင်ကိုစာတင်တော့ လူကြီးတွေလာကြည့်ပြီး အစဉ်ပြေသွားတယ်။ အခုတစ်ကြိမ်မှာတော့ စာကြီးနဲ့ထွက်လာပြီး ဘယ်နေ့နောက်ဆုံးဖျက်ပါ ဆိုတော့ အလှူရှင်တွေရဲ့သဒ္ဓါနဲ့တည်ထားတဲ့ဓမ္မာရုံလေး ကျွန်တော်တို့မဖျက်ရက်ဘူး။ ဟု ဆွမ်းလောင်းအကျိုးဆောင်တစ်ဦးက ဆိုပါတယ်။

တကယ်တော့ဗျာ.. စည်ပင်မြေပေါ်ရောက်လို့ဖျက်ကြကြေးဆိုရင် စည်ပင်မြေကျူး ကျော်ပြီး ကိုယ်ကျိုးအတွက် သုံးနေတဲ့သူတွေအများကြီးပါ။ တိုင်ကြားလို့ ဖျက်ခိုင်းကြေးဆိုရင် ကျွန်တော်တို့ လည်းတိုင်မယ်။ ဖျက်ခိုင်းမလား။ တိုင်တဲ့သူက တိုင်ရင်တောင် လူကြီးတွေက စဉ်းစားသင့်တယ်။

ဒါကိုယ်ကျိုးအတွက်ဆောက်ထားတဲ့အဆောက်အဦးမဟုတ်ဘူးလေ။ ရပ်ကွက်က ဗုဒ္ဓဘာသာဝင်တွေ အပတ်စဉ်ကုသိုလ်ယူနေတဲ့အာစိဏ္ဏကံကုသိုလ်ဖြစ်သလို. ရဟန်းတော်နဲ့သီလရှင်တွေအတွက်လည်း အထောက်အပံ့ပြုနေတာ။ မလုပ်သင့်ဘူး။ ဟု ချစ်ကြည်ရေးလမ်းနေ ပြည်သူတစ်ဦးမှ ဆိုပါတယ်။

ဓမ္မရက္ခိတဆွမ်းလောင်းဓမ္မာရုံဟာ ချစ်ကြည်ရေးလမ်းနဲ့ သံသုမာလမ်းမှ ဗုဒ္ဓဘာသာမိသားစုတွေရဲ့ သဒ္ဒါတရားနဲ့ ( ဝါတွင်း)အပါတ်စဉ် အရုဏ်ဆွမ်းလောင်းလှူနေတာဖြစ်သလို အမျိုးသားရေးဆရာတော် အရှင်ဝီရသူရဲ့ ဝစီပိတ် တရားပွဲကိုလည်း ဦးဆောင်ကျင်းပခဲ့တဲ့ ဆွမ်းလောင်းအသင်းဖြစ်ပါတယ်။

ကိုဇေ
လှိုင်သာယာ