နဂါးနီစုဘူးသတင်း

နဂါးနီစုဘူး အောင်မြင်မှု

ပည်ကြီးတံခွန်မြို့နယ် ဆ/ရပ်ကွက် နဂါးနီစုဘူးအမှတ်(၁)ကို 1.9.2013 မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ သိန်း(၁၀၀) ကျပ်တန် ပဒေသာပင် စိုက်ထူပေးခဲ့ရာမှ အခုဆိုရင် ၁၅,၈၅၅,၀၀၀ ကျပ် စုဆောင်းနိုင်ခဲ့ပါပြီ။

ကျန်းမာရေးအတွက် ၂,၅၈၇,၀၀၀ ထောက်ပံ့နိုင်ခဲ့ပြီး အသင်းဝင် ၂၃၆ ဦးရှိပါတယ်။ ၁၅၅ ဦးက တစ်သိန်းခွဲတန်းဖြစ်ပြီး ၈၁ ဦးက ငါးသောင်းတန်းဖြစ်ပါတယ်။

နဂါးနီစုဘူးပေါင်း (၇)ဘူးအထိ ရှိပြီး အသင်းဝင်ဦးရေ စုစုပေါင်း ၇၇၉ ဦး ရှိပါတယ်။ စာရေးသူထုတ်ပေးထားတဲ့ပဒေသာပင်ငွေဟာ ၅၅,၃၄၀,၀၀၀ ကျပ်ဖြစ်ပါတယ်။

အမြတ်ငွေက ၅၉,၄၃၉,၅၀၀ ကျပ်ဖြစ်ပါတယ်။ ကျန်းမာရေးထောက်ပံ့ငွေက ၆,၉၈၇,၀၀၀ ကျပ်ဖြစ်ပါတယ်။ ရိက္ခာထောက်ပံ့ငွေက ၂၆၀၀၀၀ ကျပ်ပါ။

စုစုပေါင်း လည်ပတ်နေတဲ့ငွေတွေကတော့ ၁၁၄,၇၇၉,၅၀၀ ကျပ်ဖြစ်ပါတယ်။ ရပ်ကွက်အသီးသီးရဲ့ ရံပုံငွေအဖြစ်ပဲ အသုံးပြုပါတယ်။

သိန်းငါးရာကျော် အရင်းအနှီးထုတ်ပေးထားတာ သိန်းငါးရာကျော် မြတ်အောင် စုဆောင်းနိုင်ခဲ့ကြတဲ့ နဂါးနီအသင်းသူ အသင်းသားများရဲ့ စွမ်းအားပဲဖြစ်ပါတယ်။

ဒီငွေတွေဟာ စာရေးသူ ချွေးနည်းစာတွေဖြစ်ပါတယ်။ ဒါပေမဲ့ မ.ဘ.သ ငွေတွေလားဆိုပြီး ဆိုင်ရာအာဏာပိုင်နှင့်ပင်နီတွေက လိုက်လံစစ်ဆေး မေးမြန်း စုံစမ်းနေကြပါကြောင်း။

သြာ်……အခုမှသတိရလို့ ပြောရဦးမယ် ကျုပ်က ငွေထုတ်ပေးထားတယ်ဆိုပြီး သူတို့ကို ကျုပ်အလိုလိုက်ရမယ်ဆိုတဲ့သဘောမျိုး မအောက်မေ့လိုက်ပါနဲ့။ သူတို့လေးတွေ အားကိုးတဲ့ပါတီကို သူတို့လေးတွေစိတ်တိုင်းကျ မဲထည့်ကြပါတယ်ဗျာ။
ဘယ်ပါတီကိုထည့်ပါ ဘယ်ပါတီကိုမထည့်ပါနဲ့လို့ တစ်ခါမှ တစ်ခွန်းမှ မပြောဖူးခဲ့ကြောင်းပါဗျာ……..။
ဝီရသူ(မစိုးရိမ်)
7.6.2017
PM 6:13