Daily Archives: June 8, 2017

သတင်း

Le Venerable W

“Le Venerable W”ဇာတ်ကား ပြင်သစ်နိုင်ငံ ကိန်းရုပ်ရှင်ပွဲတော်မှာပြသနေပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။
သတင်း

ဒေါက်တာ အဘိဝံသ ဂုဏ်ပြုပူဇော်ပွဲ

ဒီကနေ့ နယုန်လဆန်း (၁၄)ရက် 8.6.2017 မွန်းလွဲပိုင်းမှာ ကျင်းပပါတယ်။ ချမ်းအေးသာစံမြို့နယ် တောင်စလင်းတိုက်သစ် ဘာဝနာဌာနမှာကျင်းပတာပါ။ အိန္ဒိယနိုင်ငံ B Hdu တက္ကသိုလ်မှာ Ph.D ဒေါက်တာဘွဲ့ရ အရှင်အာဒိစ္စနှင့် မြင်းခြံမြို့ ပရိယတ္တိသဒ္ဓမ္မပါလဓမ္မာစရိယ အဘိဝံသဘွဲ့ရ အရှင်တေဇောဘာသာဘိဝံသတို့ကို ဂုဏ်ပြုပူဇော်တဲ့ ပွဲဖြစ်ပါတယ်။ နှစ်ပါးလုံးက ညီအစ်ကိုအရင်းဖြစ်ပြီး မစိုးရိမ်တိုက်သစ်မှာ ပညာသင်ကြားပြီး/ပညာသင်ကြားဆဲ ရဟန်းတော်များဖြစ်ပါတယ်။ တောင်စလင်းတိုက်သစ် ပဓာနနာယက ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခနှင့် တိုက်အုပ်နာယက ဆရာတော်ဘဒ္ဒန္တနေမိန္ဒတို့၏ တပည့်အရင်းဖြစ်ပါတယ်။ အခမ်းအနားမှာ အပူဇော်ခံ ရဟန်းတော်နှစ်ပါး၏ မိသားစုများ ဝါခင်းကုန်းဆရာတော်၏ တပည့် ...
ထုတ်ပြန်ကြေညာချက်သတင်း

တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ “ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း” ကြီး၏ ...

“ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း(ဗဟို) သဘောထား ထုတ်ပြန်ချက်” ဇွန်လ ၇-ရက်၊ ၂၀၁၇-ခု၊ ဗုဒ္ဓဟူးနေ့၌ မြိတ်မှ ရန်ကုန်သို့ ထွက်ခွာပျံသန်းလာသည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ပျက်ကျမှုတွင် လေယာဉ်ပေါ်လိုက်ပါလာသူ ၁၂၂ ဦး အသက်ဆုံးရှုံးသွားကြကြောင်း ကြားသိရသဖြင့် မိမိတို့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီးအနေဖြင့် အလွန်မတန် စိတ်မကောင်းခြင်း ကြီးစွားဖြစ်ရပါသည်၊ ဖေးမကူညီသောအားဖြင့်လည်း ကျပ်ငွေ ၆၁-သိန်း ထည့်ဝင်လှူဒါန်းလိုက်ပါသည်။ သို့ဖြစ်၍ အဆိုပါ ကြီးမားသော ဆုံးရှုံးမှုများအတွက်- ၁။ ရဟန်းရှင်လူ ပြည်သူများနှင့် ထပ်တူထပ်မျှ လွန်စွာဝမ်းနည်း ကြေကွဲရပါကြောင်းကိုလည်းကောင်း ...
သတင်း

We Love WIRATHU လက်မှတ်ကမ်ပိန်းစတော့မည်

We Love WIRATHU ခေါင်းစဉ်ဖြင့် ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်) ၏ အမျိုး ဘာသာ သာသနာအရေး ဆောင်ရွက်ချက်များအပေါ် ကြည်ညိုလေးစားသူများ၏ ထောက်ခံလက်မှတ် များကို စတင်ကောက်ခံပါတော့မည်။ တာင်ဒဂုံမြို့နယ်မှ စတင်မှာဖြစ်ပြီး ကောက်ခံရရှိထားသည့် လက်မှတ်များကို ဆရာတော်ဦးဝီရသူအား အခမ်းအနားဖြင့် ဆက်ကပ်မည်ဖြစ်ကြောင်း မျိုးချစ်ဝီရတမာက ပြောကြားပါတယ်။ မဏ္ဍပ်ထိုးကာ လက်မှတ်ကောက်ပွဲများလည်း ပါဝင်မှာပါ။ မြန်မာပြည်ကိုချစ်ပါသည် အသက်သွေးနှင့်ပေးဆပ်မည် ဗုဒ္ဓသာသနာ့အကျိုးကိုရည် သွေးစက်ချ၍လမ်းပြမည်။ ဝီရသူ(မစိုးရိမ်) (၂၀၀၅ ခု အိုးဘို ဘ၀တက္ကသိုလ်မှာ ရေးစပ်သည်။)  
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၈၉)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာနေ ဦးခင်မောင်မြင့်+ဒေါ်အေးဝင်း မိသားစုမှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် လှူဒါန်းစဉ်။ (7.6.2017) (သမီးဖြစ်သူ စံထိုက်သူကိုယ်တိုင် ရေးဆွဲသော ပုံတူဆီဆေး ပန်းချီကားချပ်ကိုလည်း လှူဒါန်းသွားပါသည်။) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ ...
နဂါးနီစုဘူးသတင်း

နဂါးနီစုဘူး အောင်မြင်မှု

ပည်ကြီးတံခွန်မြို့နယ် ဆ/ရပ်ကွက် နဂါးနီစုဘူးအမှတ်(၁)ကို 1.9.2013 မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ သိန်း(၁၀၀) ကျပ်တန် ပဒေသာပင် စိုက်ထူပေးခဲ့ရာမှ အခုဆိုရင် ၁၅,၈၅၅,၀၀၀ ကျပ် စုဆောင်းနိုင်ခဲ့ပါပြီ။ ကျန်းမာရေးအတွက် ၂,၅၈၇,၀၀၀ ထောက်ပံ့နိုင်ခဲ့ပြီး အသင်းဝင် ၂၃၆ ဦးရှိပါတယ်။ ၁၅၅ ဦးက တစ်သိန်းခွဲတန်းဖြစ်ပြီး ၈၁ ဦးက ငါးသောင်းတန်းဖြစ်ပါတယ်။ နဂါးနီစုဘူးပေါင်း (၇)ဘူးအထိ ရှိပြီး အသင်းဝင်ဦးရေ စုစုပေါင်း ၇၇၉ ဦး ရှိပါတယ်။ စာရေးသူထုတ်ပေးထားတဲ့ပဒေသာပင်ငွေဟာ ၅၅,၃၄၀,၀၀၀ ကျပ်ဖြစ်ပါတယ်။ အမြတ်ငွေက ၅၉,၄၃၉,၅၀၀ ကျပ်ဖြစ်ပါတယ်။ ကျန်းမာရေးထောက်ပံ့ငွေက ၆,၉၈၇,၀၀၀ ကျပ်ဖြစ်ပါတယ်။ ရိက္ခာထောက်ပံ့ငွေက ၂၆၀၀၀၀ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (န၀ကမ္မအလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မြစ်ကြီးနားမြို့နေ ဦးကျော်သူ+ဒေါ်စိုင်းခေါန်မိသားစုက အလှုငွေ ၅၀၀၀၀၀ိ/ (ငါးသိန်းကျပ်) လှူဒါန်းပါသည်။ (7.6.2017) ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ (၃၄) ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်တို့၌ ဆင်းရဲသူဆင်းရဲသားများအတွက် နဂါးနီစုဘူးအသင်း ...