ထုတ်ပြန်ကြေညာချက်သတင်း

တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ “ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း” ကြီး၏ သဘောထား ထုတ်ပြန်ချက်

“ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း(ဗဟို) သဘောထား ထုတ်ပြန်ချက်”

ဇွန်လ ၇-ရက်၊ ၂၀၁၇-ခု၊ ဗုဒ္ဓဟူးနေ့၌ မြိတ်မှ ရန်ကုန်သို့ ထွက်ခွာပျံသန်းလာသည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ပျက်ကျမှုတွင် လေယာဉ်ပေါ်လိုက်ပါလာသူ ၁၂၂ ဦး အသက်ဆုံးရှုံးသွားကြကြောင်း ကြားသိရသဖြင့် မိမိတို့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီးအနေဖြင့် အလွန်မတန် စိတ်မကောင်းခြင်း ကြီးစွားဖြစ်ရပါသည်၊ ဖေးမကူညီသောအားဖြင့်လည်း ကျပ်ငွေ ၆၁-သိန်း ထည့်ဝင်လှူဒါန်းလိုက်ပါသည်။

သို့ဖြစ်၍ အဆိုပါ ကြီးမားသော ဆုံးရှုံးမှုများအတွက်-

၁။ ရဟန်းရှင်လူ ပြည်သူများနှင့် ထပ်တူထပ်မျှ လွန်စွာဝမ်းနည်း ကြေကွဲရပါကြောင်းကိုလည်းကောင်း
၂။ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီး၏ ဖေးမကူညီ ကျပ်ငွေ ၆၁ သိန်း ထည့်ဝင်လှူဒါန်းမှုကို အားလုံး ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ပါကြောင်းကိုလည်းကောင်း
ရဟန်းရှင်လူ ပြည်သူများအားလုံး၏ ကိုယ်စား ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီးက သဘောထား ထုတ်ပြန်လိုက်သည်။

 

ဦးဆောင်တာဝန်ခံ နာယကများ
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီး