သတင်း

ဒေါက်တာ အဘိဝံသ ဂုဏ်ပြုပူဇော်ပွဲ

ဒီကနေ့ နယုန်လဆန်း (၁၄)ရက် 8.6.2017 မွန်းလွဲပိုင်းမှာ ကျင်းပပါတယ်။ ချမ်းအေးသာစံမြို့နယ် တောင်စလင်းတိုက်သစ် ဘာဝနာဌာနမှာကျင်းပတာပါ။

အိန္ဒိယနိုင်ငံ B Hdu တက္ကသိုလ်မှာ Ph.D ဒေါက်တာဘွဲ့ရ အရှင်အာဒိစ္စနှင့် မြင်းခြံမြို့ ပရိယတ္တိသဒ္ဓမ္မပါလဓမ္မာစရိယ အဘိဝံသဘွဲ့ရ အရှင်တေဇောဘာသာဘိဝံသတို့ကို ဂုဏ်ပြုပူဇော်တဲ့ ပွဲဖြစ်ပါတယ်။

နှစ်ပါးလုံးက ညီအစ်ကိုအရင်းဖြစ်ပြီး မစိုးရိမ်တိုက်သစ်မှာ ပညာသင်ကြားပြီး/ပညာသင်ကြားဆဲ ရဟန်းတော်များဖြစ်ပါတယ်။
တောင်စလင်းတိုက်သစ် ပဓာနနာယက ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခနှင့် တိုက်အုပ်နာယက ဆရာတော်ဘဒ္ဒန္တနေမိန္ဒတို့၏ တပည့်အရင်းဖြစ်ပါတယ်။

အခမ်းအနားမှာ အပူဇော်ခံ ရဟန်းတော်နှစ်ပါး၏ မိသားစုများ ဝါခင်းကုန်းဆရာတော်၏ တပည့် ဒကာ ဒကာမများနှင့် ဧည့်ပရိသတ်များတက်ရောက်ကြပါတယ်။ မန္တလေးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် လူမှုရေးဝန်ကြီး အမှူးပြုသော အစိုးရအကြီးအကဲများလည်း တက်ရောက်ကြပါတယ်။

ဝါခင်းကုန်းဆရာတော်ကြီးသြဝါဒပေးအပြီးမှာ စာအောင်သံဃာနှစ်ပါးအား ရတုများ တေးထပ်များဖြင့် ပူဇော်ကြပါတယ်။ စာရေးသူနှင့်အတူ မစိုးရိမ်တိုက်သစ် ဓမ္မပါလနာယကဆရာတော် ဘဒ္ဒန္တဓမ္မသီလိတာဘိဝံသလည်း တက်ရောက်ပါတယ်။ စာအောင်သံဃာနှစ်ပါးက ဘဒ္ဒန္တဓမ္မသီလိတာဘိဝံသ၏ ဓမ္မပါလကျောင်းမှာ ပညာသင်ကြားရင်း စာအောင်ခဲ့ကြသူတွေပဲဖြစ်ပါတယ်။

ကျေးဇူးရှင် ဝါခင်းကုန်းဆရာတော်ကြီး ယခုလို ထူးချွန်ထက်မြတ်သော တပည့်သာဝကများဖြင့် သာသနာတော်ကို ဦးဆောင်ဦးရွက်ပြုနိုင်ပါစေဘုရား။

ဝီရသူ(မစိုးရိမ်)
8.6.2017
PM 18:00