မန်းမဟော်သဓာသတင်း









 

 

“မန်း မဟော်သဓာ ယဉ်ကျေးလိမ္မာကလေးငယ်များ စာမေးပွဲဖြေဆိုပွဲ”

31.3.2018 မွန်းလွဲ ၁း၀၀ နာရီမှာ ကျင်းပပါတယ်။ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ မဟော်သဓာအမျိုးသားရေးကိုယ်ပိုင် အထက်တန်းကျောင်းတော်ကြီးဝန်းအတွင်းမှာ ကျင်းပတာပါ။ ပထမအကြိမ် သင်တန်းဖြစ်လို့ အခြေခံအဆင့်နှင့် ပထမအဆင့်ပဲ သင်ကြားနိုင်ပါသေးတယ်။

ပထမအဆင့် အောင်မြင်သူများကို မန်း မဘသ တိုင်းအဆင့် ယဉ်ကျေးလိမ္မာစာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရန် ဆက်လက်သင်ကြားပေးသွားမှာပါ။ ပုသိမ်ကြီးအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးကြည်ကတော့ ဓမ္မစကူးလ်ဆရာမ ဒေါ်ကြည်ကြည်ဆွေကို စာနှင့်ဆင့်ခေါ်ပြီး ယဉ်ကျေးလိမ္မာသင်တန်း ကျောင်းဝန်းထဲမှာမဖွင့်ဖို့ ကျောင်းဝန်းထဲမှာ သင်ကြားမပေးဖို့ လက်မှတ်ထိုးခိုင်းပြီး တားမြစ်ထားပါတယ်။

ဆရာမဒေါ်ကြည်ကြည်ဆွေက ကလေးငယ်လေးတွေကို ယဉ်ကျေးလိမ္မာမသင်ပေးရ၊ မစောင့်ရှောက်ရ မပြုစုရတော့လို့ ဝမ်းနည်းပက်လက် မျက်ရည်စက်ဖြင့် စာရေးသူထံ ဖုန်းဆက်လျှောက်ထားပါတယ်။ အဲ့ဒီနောက်မှာတော့ မနက်ပိုင်းဆရာမ နေ့လည်ပိုင်းဆရာမနှင့် စနေတနင်္ဂနွေ ပန်းချီသင်တန်းနည်းပြဆရာမ တို့ကို လုံးဝမသင်ခိုင်းတော့ပဲ မနက် ဆရာတော်သုံးပါး နေ့ဆရာတော်သုံးပါးဖြင့် ဆက်လက်သင်ကြားခဲ့ပါတယ်။

အဲဒီဆရာတော်တွေရဲ့ ဘွဲ့အမည်နှင့် နေရပ်လိပ်စာများကို အထက်ကကောက်ခိုင်းလို့ဟုဆိုကာ အရပ်သားတစ်ယောက် လာကောက်သွားပါတယ်။ အထက်ဆိုတာ ဘယ်ကလဲမေးတော့ ပုသိမ်ကြီးမြို့နယ်ထွေအုပ်ပါလို့ ဖြေသွားပါတယ်။ ထွေအုပ်က ဘာလုပ်ဖို့လည်းမေးတော့ တိုင်းရုံးကိုတင်ဖို့လို့ ဖြေသွားပါတယ်။

တိုင်းရုံးဆိုတာ NLD တိုင်းရုံးလား အစိုးရတိုင်းရုံးလား မသိရပါဘူး။ သေချာတာကတော့ ဒေါက်တာဇော်မြင့်မောင်၏ ကိုယ်ရေးအရာရှိက မူဆလင်ကိုအေးဝင်းဖြစ်နေတာပါပဲ။ ကိုအေးဝင်းဟာ တရားဝင် ပီအေမဟုတ်သော်လည်း တရားဝင်ပီအေက ဘာမှလုပ်ပိုင်ခွင့်မရှိဘဲ နေရာတကာမှာ မူဆလင်ကိုအေးဝင်းကိုသာ သံတော်ဦးတင်ပြီး ခွင့်တောင်းပြီးမှ ဒေါက်တာဇော်မြင့်မောင်ဆီ ဝင်ရောက်ရကြောင်း စုံစမ်းသိရှိရပါတယ်။

ကုလားပီအေထားမှတော့ ဘုရားသာသနာအားမပေးတာ မဆန်းပါဘူးဗျာ။ ယဉ်ကျေးလိမ္မာ ကလေးငယ်လေးတွေကို ကြာဇံဟင်းခါး တိုက်ကျွေးတဲ့ကုသိုလ်ရှင်လည်း ပေါ်ပါတယ်။ ဦးဇော်+ဒေါ်ဥ (ပြည့်ဝကုန်စုံဆိုင်) ကျောက်ချောရွာမိသားစုက ကျွေးမွေးလှူဒါန်းတာပါ။ အလှူရှင် မိသားစုနှင့်အတူ ကျောက်ချောရွာ ပြည်သူအားလုံး လိုရာဆန္ဒပြည့်ဝကြပါစေ။