သတင္း

ဒီမုိကေရစီလုိ႔ေျပာရင္ ယုံမွာေတာင္မဟုတ္ဘူး(၁၄)

(၁)
ဒီမုိကေရစီဆုိင္းဘုတ္ေအာက္မွာ တရားဥပေဒစုိးမုိးေရးေခါင္းစဥ္ရွိမွ ဒီမုိကေရစီစစ္တာပါ။ ေရြးေကာက္တင္ ေျမွာက္ခံထားရတာတစ္ခုတည္းကုိ ဒီမုိကေရစီလုိ႔ ဆုိလုိတာမဟုတ္ပါဘူး။ ေရြးေကာက္တင္ေျမွာက္ခံထားရတဲ့ အစုိးရက တရားဥပေဒကုိ မေလးစားဘဲ လုပ္ပုိင္ခြင့္ကုိ အခြင့္ေကာင္းယူၿပီး တရားရုံးကုိ ခ်ဳပ္ကုိင္ထားရင္ အာဏာရွင္စနစ္ကုိ က်င့္သုံးရာေရာက္ပါတယ္။

ဒီမုိကေရစီအစုိးရႀကီး အာဏာရွင္မဆန္ရေလေအာင္ မ႑ဳိင္သုံးခုကုိ တစ္ကန္႔စီခြဲထားရတာပါ။ သူ႔က႑ႏွင့္သူ အုပ္ခ်ဳပ္ရၿပီး မ႑ဳိင္တစ္ခုႏွင့္တစ္ခုဟာ တစ္ခါတရံ သူစိမ္းျပင္ျပင္ ေနၾကရသလုိ တစ္ခါတရံမွာ အတုိက္အခံသမားလုိ ေနၾကရတာပါ။ မ႑ဳိင္သုံးရပ္လုံးက က်ရာက႑မွ ျပည္သူ႔အက်ဳိးကုိ သယ္ပုိးေနၾကသူ မ်ားျဖစ္လုိ႔ မ႑ဳိင္တစ္ခုခုက ခၽြတ္ေခ်ာ္လြဲမွားခဲ့ရင္ က်န္မ႑ဳိင္မ်ားက ထိန္းေက်ာင္းတည့္မတ္ေပးရတဲ့သေဘာ ပါပဲ။

လက္ရွိ NLD အစုိးရဟာ မ႑ဳိင္သုံးခုကုိ တစ္ကန္႔စီ မထားတတ္ဘဲ ေရာေကာေသာေကာ လုပ္ေနတာကုိ ေတြ႕ရပါတယ္။ ဥပေဒျပဳေရးမ႑ဳိင္သမားေတြက အုပ္ခ်ဳပ္ေရးမွာ ဝင္ေရာက္စြက္ဖက္ေနတာတုိ႔၊ အုပ္ခ်ဳပ္ေရး မ႑ဳိင္သမားေတြက တရားစီရင္ေရးမွာ ဝင္ေရာက္စြက္ဖက္ေနတာတုိ႔ဟာ ဒီမုိကေရစီ စနစ္ကုိ တလြဲအသုံးခ်ေန တာပါပဲ။

(၂)
မုိက္ကယ္ေက်ာ္ျမင့္အမႈကုိ ၾကည့္လုိက္ပါ။ ျဖစ္စဥ္တစ္ခုတည္း ျပစ္မႈတစ္ခုတည္းကုိပဲ ၅၀၅(ခ)ျဖင့္ ေထာင္ဒဏ္ ၁ႏွစ္၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ ေထာင္ဒဏ္ ၆လ၊ ရာဇသတ္ႀကီးပုဒ္မ ၂၁၁ျဖင့္ ေထာင္ဒဏ္ ၃လ၊ ၿငိမ္းစုစီဥပေဒ ပုဒ္မ ၁၉ ျဖင့္ ေထာင္ဒဏ္ ၁လခ်မွတ္ပစ္လုိက္တာပါ။

၁၈.၁.၂၀၁၈ ရက္ေန႔မွာ ဒဂုံၿမဳိ႕နယ္တရားရုံးက ၆၆(ဃ)ျဖင့္ ေထာင္ဒဏ္ ၆ လ၊ ၂၁၁ျဖင့္ ေထာင္ဒဏ္ ၃လ၊ ၆.၃.၂၀၁၈ ရက္ေန႔မွာ တာေမြတရားရုံးမွ ၅၀၅(ခ)ျဖင့္ ေထာင္ဒဏ္ ၁ႏွစ္၊ ၁၆.၃.၂၀၁၈ ရက္ေန႔မွာ ပုဒ္မ ၁၉ျဖင့္ တာေမြတရားရုံးမွ ေထာင္ဒဏ္ ၁လ ခ်မွတ္ခဲ့ၾကတာပါ။

သိမ္းဆည္းခံေျမမ်ား ျပန္လည္ရရွိေရးအတြက္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ရုံ၊ ဆႏၵထုတ္ေဖာ္ရန္ ျပင္ဆင္ေဆာင္ရြက္ရုံမွ်ျဖင့္ ဥပေဒပုဒ္မ အမ်ဳိးမ်ဳိးသုံး၍ ေထာင္သြင္းအက်ဥ္းခ်ထားျခင္းမွာ မတရားခံေနရျခင္း ျဖစ္ေၾကာင္း မုိက္ကယ္ေက်ာ္ျမင့္က ေျပာၾကားပါတယ္။

အခုဆုိရင္ မုိက္ကယ္ေက်ာ္ျမင့္ရဲ႕ ဇနီးသည္ဟာ သူ႔ခင္ပြန္းမတရားခံေနရတာေၾကာင့္ အသံထြက္ၿပီး အကူအညီမေတာင္းရဲတဲ့ဘဝေရာက္ရွိေနပါတယ္။ ခင္ပြန္းျဖစ္သူက သတင္းစာရွင္းလင္းပြဲလုပ္ဖုိ႔ စီစဥ္တာနဲ႔တင္ အဖမ္းခံရတာျဖစ္လုိ႔ သူမကလည္း သတင္းစာရွင္းလင္းပြဲမလုပ္ရဲ။ ခင္ပြန္းအႏုိင္က်င့္ခံေနရတာကုိ ျပည္သူေတြထံ တင္ျပလုိေပမယ့္ သတင္းစာရွင္းလင္းပြဲမလုပ္ရဲလုိ႔ မတင္ျပႏုိင္ျဖစ္ေနရတဲ့ဘဝပါ။ ေယာက်္ား ျဖစ္သူအႏုိင္က်င့္ခံေနရတာေတာင္ ကယ္ပါ ယူပါ ေအာ္ဟစ္အကူအညီမေတာင္းရဲတဲ့ဘဝမ်ဳိးဟာ ဒီမုိကေရစီ ဆုိင္းဘုတ္ေအာက္မွာ လုံးဝမရွိသင့္တဲ့ အရာပဲျဖစ္ပါတယ္။

ဒီမုိကေရစီဆုိင္းဘုတ္ေအာက္မွာ သတင္းစာရွင္းလင္းပြဲေတာင္ မလုပ္ရဲတဲ့ ျပည္သူတစ္ဦးရဲ႕ဘဝကုိ စာနာေပးမည့္ မ႑ဳိင္တစ္ရပ္ရပ္ေတာ့ အမွန္တကယ္ လုိအပ္ေနပါၿပီ။

(၃)
မြန္ျပည္နယ္၊ က်ဳိကၡမီၿမဳိ႕နယ္၊ သံျဖဴဇရပ္၊ ျမစိမ္းေရာင္ဘုရားေဂါပကႏွင့္ မီးသတ္တပ္ဖြဲ႕တုိ႔ေျမပုိင္ဆုိင္မႈ အျငင္း ပြားမႈက အေတာ္ဆန္းပါတယ္။

ျမစိမ္းေရာင္ေစတီေတာ္ ေဂါပကလည္းရွိတယ္၊ ၾသဝါဒါစရိယလည္းရွိတယ္။ သံဃနာယကအဖြဲ႕လည္းရွိတယ္။ ရြာသူ ရြာသားျပည္သူမ်ားလည္းရွိတယ္။ ျမစိမ္းေရာင္ဘုရားေျမကုိလည္း အုတ္တံတုိင္းခတ္ထားၿပီးျဖစ္တယ္။ ဘုရားေျမတစ္ျခမ္းက ႏွစ္ေပါင္းတစ္ရာေက်ာ္ခဲ့ၿပီ။ အသစ္တစ္ျခမ္းက ယခင္စစ္အစုိးရလက္ထက္မွာ ရရွိထားတာ။ စစ္အစုိးရလက္ထက္ ဦးသိန္းစိန္အစုိးရလက္ထက္မွာ ဘာသံမွမၾကားခဲ့ရေပမယ့္ ဒီကေန႔ NLD အစုိးရလက္ထက္မွာေတာ့ အသစ္တစ္ျခမ္းေျမကုိ ဝင္လုတဲ့ ျပႆနာေပၚေပါက္လာပါတယ္။

မီးသတ္ရုံးအတြက္ဆုိကာ ဘုရားမုခ္ဦးတစ္ျခမ္းကုိကြယ္ၿပီး အထပ္ျမင့္အေဆာက္အဦးေဆာက္လုိက္ပါတယ္။ ဉာဏ္ေတာ္နိမ့္တဲ့ျမစိမ္းေရာင္ေစတီေတာ္ေလး တုိက္ျမင့္ႀကီးေၾကာင့္ ကြယ္သြားတဲ့အျပင္ မုခ္ဦးတစ္ျခမ္းလည္း တုိက္ျမင့္ႀကီးႏွင့္ ပိတ္မိသြားပါတယ္။ အုတ္တံတုိင္းကာရံထားတဲ့ ဘုရားဝတ္းထဲထိဝင္လာၿပီး အေဆာက္အအုံ ေဆာက္တာ၊ ေရကန္တူးတာေတြ ဆက္လုပ္လာပါတယ္။ ေဂါပကကလည္း တားတယ္။ ၾသဝါဒါစရိယက ဆရာေတာ္ကလည္းတားတယ္။ ျပည္သူေတြကလည္း တားပါလ်က္ အထက္အမိန္႔ဟုဆုိကာ ၿမဳိ႕နယ္ေထြ အုပ္က ခြင့္ျပဳမိန္႔ထုတ္ေပးရုံတင္မကဘဲ လုံၿခဳံေရးအျပည့္အဝေပးၿပီး ဝင္ေရာက္လုပ္ေဆာင္ေစခဲ့တာပါ။

တကယ္ေတာ့ ဂရံမေပါက္ေသးေပမယ့္ ႏွစ္ေပါင္းမ်ားစြာ အုတ္တံတုိင္းကာရံထားတဲ့ ဘုရားေျမအတြက္ ဘုရားေဂါပကအဖြဲ႕မွာပဲ တာဝန္ရွိတာပါ။ အဲဒီေျမဟာ အစုိးရစီမံပုိင္ခြင့္ရွိတဲ့ေျမ ျဖစ္ေပမယ့္ ႏွစ္ေပါင္းမ်ားစြာ အုတ္တံတုိင္းကာရံထားတာျဖစ္လုိ႔ အမိန္႔အာဏာႏွင့္ ဝင္ေရာက္က်ဴးေက်ာ္ခြင့္ လုံးဝမရွိပါဘူး။ ေျမယာအျငင္း ပြားလွ်င္ ဥပေဒေၾကာင္းအရပဲ ေျဖရွင္းေပးရမွာပါ။ ဒါကုိပဲ အထက္အမိန္႔ဟုဆုိကာ ဘုရားဝန္းထဲထိ က်ဴးေက်ာ္ ဝင္ေရာက္ခြင့္ရေအာင္ လူမုိက္အားေပးလုပ္ေနတာေတြဟာ ဥပေဒကုိ မထီမဲ့ျမင္ျပဳလုိက္ျခင္းပဲ ျဖစ္ပါတယ္။

မီးသတ္ရုံးႏွင့္ေရကန္တည္ေဆာက္စရာေျမေနရာမရွိလုိ႔လည္း မဟုတ္၊ ဘုရားေဘးမွာတင္ ေျမကြက္လပ္ႀကီး လည္း အဆင္သင့္ရွိၿပီးသားျဖစ္ပါလ်က္ ဘုရားဝန္းထဲထိ ဝင္ေရာက္ေဆာက္ခြင့္ေပးတဲ့ ၿမဳိ႕နယ္ေထြအုပ္ကုိ အံၾသေနမိပါေတာ့တယ္။ မီးသတ္ကုိ အေၾကာင္းျပၿပီး ဘုရားေျမကုိလုယူတဲ့ ဓားျပမႈ-အာဏာဓားျပမႈလုိ႔ေတာင္ ဆုိႏုိင္ပါေသးတယ္။

(၄)
ေတာင္ႀကီးခရုိင္ ကေလာၿမဳိ႕နယ္၊ေက်းလက္ရတနာပညာေရးေဘာ္ဒါပုိင္ရွင္ မုဒိမ္းေတာ္မီေအာင္အမႈက ခုထိ မၿပီးျပတ္ေသးပါဘူး။ သူ႔ေနာက္မွာ ျဖစ္ပြားတဲ့ မုဒိမ္းမႈက အမိန္႔ခ်ၿပီးတာေတာင္ ၾကာပါၿပီ။ မုဒိမ္းသမားခ်င္း အတူတူ အရပ္သားမူဆလင္အမႈက ခဏေလးနဲ႔ ၿပီးသြးာၿပီး ပါတီသမားမူဆလင္အမႈက တစ္ႏွစ္ေက်ာ္တဲ့အထိ အခ်ိန္ဆြဲေကာင္းတုန္းပဲ ရွိပါေသးတယ္။ ပါတီသမားေတြ အမတ္နီနီေတြက သူတုိ႔ေက်းဇူးရွင္ႀကီး ေတာ္မီေအာင္ ကုိ ဝန္းရံေနၾကလုိ႔ နစ္နာသူမိန္းကေလးမွာ မိေအးႏွစ္ခါနာဘဝမ်ဳိး က်ေရာက္ရေတာ့မလုိ ျဖစ္ေနေတာ့တာပါ။ အမတ္ေဒၚနီႏွင့္တရားသူႀကီးတုိ႔က မိန္းမသားခ်င္း မစာနာတတ္ၾကတာလား ေတာ္မီေအာင္ကယ္ဆယ္ေရးက သူတုိ႔အတြက္ တအားအေရးႀကီးေနလုိ႔လား မေျပာတတ္ေတာ့ပါဘူး။

မုဒိမ္းက်င့္ခံရတဲ့ မိန္းကေလးက ဆယ္တန္းေက်ာင္းသူေလးျဖစ္လုိ႔ ပုဒ္မ ၃၆၃ တပ္ထားတာလည္း ျပဳတ္ေအာင္ လုိက္ျဖဳတ္ေနၾကတယ္။ မုဒိမ္းမႈ ပုဒ္မ ၃၇၆ တပ္ထားတာလည္း ပန္းေသပန္းညႈိးပုံစံမ်ဳိးအျဖစ္နဲ႔ အထမေျမာက္ ေအာင္ လုပ္ေနၾကတယ္။ အနီသမားေတြဟာ နစ္နာသူမိန္းကေလးကုိ လုံးဝမစာနာဘဲ ကြင္းလုံးကၽြတ္ လြတ္ေအာင္ ဌာနဆုိင္ရာေတြကုိ ဖိအားေပးျခင္း သိမ္းသြင္းျခင္းမ်ား ျပဳလုပ္ေနၾကတာေၾကာင့္ ေတာသူ ေတာင္သား မိဘမ်ားမွာ သမီးေလးအတြက္ စိတ္ပ်က္အားငယ္ျဖစ္ေနရေတာ့တာပါ။

ဒါဟာ အုပ္ခ်ဳပ္ေရးမ႑ဳိင္က တရားစီရင္ေရး မ႑ဳိင္ကုိ ဖိအားေပးျခင္းရဲ႕ သရုပ္သကန္ျဖစ္သလုိ ပါတီသမားေတြက ျပည္သူ႔မ်က္ႏွာလုံးဝမၾကည့္ေတာ့ဘဲ မုဒိမ္းသမား မူဆလင္ကုလားမ်က္ႏွာကုိပဲ ၾကည့္ေန ၾကတဲ့ျပယုဂ္ျဖစ္ပါတယ္။

(၅)

ဆုိရွယ္မီဒီယာမ်ားကုိ ေစာင့္ၾကည့္ရန္ အဖြဲ႕ဖြဲ႕စည္းထားၿပီး က်ပ္ေငြ ၆၄၂၆သန္း သုံးစြဲခဲ့ေၾကာင္း သတင္းေတြ ေပၚထြက္လာပါတယ္။ ဆုိရွယ္မီဒီယာေတြကုိ ဥပေဒနဲ႔အညီ ေစာင့္ၾကည့္ထိန္းေက်ာင္းႏုိင္ေရး အတြက္လုိ႔ အေၾကာင္းျပေပမယ့္ ေဖ့စ္ဘုတ္သုတ္သင္ေရး စီမံကိန္းႀကီးမွန္း လူတုိင္းသူိၾကပါတယ္။

တကယ္ေတာ့ တည္ၿငိမ္ေအးခ်မ္းေရးကုိ အေၾကာင္းျပၿပီး အာဏာလုံၿခဳံေရးနဲ႔ အာဏာေရရွည္တည္ၿမဲေရး အတြက္ပါပဲ။
ဒီေနရာရသြားရင္ ဒီေနရာလုံၿခဳံေရးနဲ႔ ဒီေနရာမွာပဲ ထာဝရတည္ၿမဲေရးတုိ႔ဆုိတာ အလုိလုိေပၚေပါက္လာေတာ့ တာပါပဲ။ ျပည္သူအတြက္ဆုိ ဘက္ဂ်က္မရွိဘူး အၿမဲေျပာခဲ့တဲ့သူေတြဟာ အာဏာလုံၿခဳံေရးနဲ႔ ထာဝရတည္တန္႔ ေရးအတြက္ေတာ့ သန္းေပါင္းေျခာက္ေထာင္ေက်ာ္ သုံးစြဲခဲ့ၾကတာပါ။ ျပည္သူ႔အတြက္ဆုိ ေစတနာမရွိဘူး။ သူတုိ႔အတြက္ဆုိ ေငြေတြ ထြက္ထြက္လာတယ္ဆုိတဲ့ သေဘာမ်ဳိးပါ။

ဒီေငြေတြကုိ ဒီေနရာမွာ သုံးစြဲမည့္အစား ျပည္သူေတြအတြက္ သုံးစြဲလုိက္ရင္ ဘယ္ေလာက္ အက်ဳိးရွိလိမ့္ မလဲဆုိတာ ျပည္သူ႔အစုိးရဆုိသူေတြ စဥ္းစားခ်င္စိတ္ ရွိဟန္မတူပါဘူး။

ဒါေၾကာင့္ ဒီအစုိးရ ဒီပါတီနဲ႔ ဒီလႊတ္ေတာ္ကလူေတြ လုပ္ကုိင္ေနတာေတြကုိၾကည့္ၿပီး ဒီမုိကေရစီလုိ႔ေျပာရင္ ယုံမွာေတာင္ မဟုတ္ၾကပါဘူး။

ဝီရသူ(မစုိးရိမ္)

 

“ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင်မဟုတ်ဘူး(၁၄)”

(၁)
ဒီမိုကရေစီဆိုင်းဘုတ်အောက်မှာ တရားဥပဒေစိုးမိုးရေးခေါင်းစဉ်ရှိမှ ဒီမိုကရေစီစစ်တာပါ။ ရွေးကောက်တင် မြှောက်ခံထားရတာတစ်ခုတည်းကို ဒီမိုကရေစီလို့ ဆိုလိုတာမဟုတ်ပါဘူး။ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရက တရားဥပဒေကို မလေးစားဘဲ လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူပြီး တရားရုံးကို ချုပ်ကိုင်ထားရင် အာဏာရှင်စနစ်ကို ကျင့်သုံးရာရောက်ပါတယ်။
ဒီမိုကရေစီအစိုးရကြီး အာဏာရှင်မဆန်ရလေအောင် မဏ္ဍိုင်သုံးခုကို တစ်ကန့်စီခွဲထားရတာပါ။ သူ့ကဏ္ဍနှင့်သူ အုပ်ချုပ်ရပြီး မဏ္ဍိုင်တစ်ခုနှင့်တစ်ခုဟာ တစ်ခါတရံ သူစိမ်းပြင်ပြင် နေကြရသလို တစ်ခါတရံမှာ အတိုက်အခံသမားလို နေကြရတာပါ။ မဏ္ဍိုင်သုံးရပ်လုံးက ကျရာကဏ္ဍမှ ပြည်သူ့အကျိုးကို သယ်ပိုးနေကြသူ များဖြစ်လို့ မဏ္ဍိုင်တစ်ခုခုက ချွတ်ချော်လွဲမှားခဲ့ရင် ကျန်မဏ္ဍိုင်များက ထိန်းကျောင်းတည့်မတ်ပေးရတဲ့သဘော ပါပဲ။

လက်ရှိ NLD အစိုးရဟာ မဏ္ဍိုင်သုံးခုကို တစ်ကန့်စီ မထားတတ်ဘဲ ရောကောသောကော လုပ်နေတာကို တွေ့ရပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင်သမားတွေက အုပ်ချုပ်ရေးမှာ ဝင်ရောက်စွက်ဖက်နေတာတို့၊ အုပ်ချုပ်ရေး မဏ္ဍိုင်သမားတွေက တရားစီရင်ရေးမှာ ဝင်ရောက်စွက်ဖက်နေတာတို့ဟာ ဒီမိုကရေစီ စနစ်ကို တလွဲအသုံးချနေ တာပါပဲ။

(၂)
မိုက်ကယ်ကျော်မြင့်အမှုကို ကြည့်လိုက်ပါ။ ဖြစ်စဉ်တစ်ခုတည်း ပြစ်မှုတစ်ခုတည်းကိုပဲ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၁နှစ်၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ထောင်ဒဏ် ၆လ၊ ရာဇသတ်ကြီးပုဒ်မ ၂၁၁ဖြင့် ထောင်ဒဏ် ၃လ၊ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ၁လချမှတ်ပစ်လိုက်တာပါ။

၁၈.၁.၂၀၁၈ ရက်နေ့မှာ ဒဂုံမြို့နယ်တရားရုံးက ၆၆(ဃ)ဖြင့် ထောင်ဒဏ် ၆ လ၊ ၂၁၁ဖြင့် ထောင်ဒဏ် ၃လ၊ ၆.၃.၂၀၁၈ ရက်နေ့မှာ တာမွေတရားရုံးမှ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၁နှစ်၊ ၁၆.၃.၂၀၁၈ ရက်နေ့မှာ ပုဒ်မ ၁၉ဖြင့် တာမွေတရားရုံးမှ ထောင်ဒဏ် ၁လ ချမှတ်ခဲ့ကြတာပါ။

သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရုံ၊ ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်ဆောင်ရွက်ရုံမျှဖြင့် ဥပဒေပုဒ်မ အမျိုးမျိုးသုံး၍ ထောင်သွင်းအကျဉ်းချထားခြင်းမှာ မတရားခံနေရခြင်း ဖြစ်ကြောင်း မိုက်ကယ်ကျော်မြင့်က ပြောကြားပါတယ်။

အခုဆိုရင် မိုက်ကယ်ကျော်မြင့်ရဲ့ ဇနီးသည်ဟာ သူ့ခင်ပွန်းမတရားခံနေရတာကြောင့် အသံထွက်ပြီး အကူအညီမတောင်းရဲတဲ့ဘဝရောက်ရှိနေပါတယ်။ ခင်ပွန်းဖြစ်သူက သတင်းစာရှင်းလင်းပွဲလုပ်ဖို့ စီစဉ်တာနဲ့တင် အဖမ်းခံရတာဖြစ်လို့ သူမကလည်း သတင်းစာရှင်းလင်းပွဲမလုပ်ရဲ။ ခင်ပွန်းအနိုင်ကျင့်ခံနေရတာကို ပြည်သူတွေထံ တင်ပြလိုပေမယ့် သတင်းစာရှင်းလင်းပွဲမလုပ်ရဲလို့ မတင်ပြနိုင်ဖြစ်နေရတဲ့ဘဝပါ။ ယောကျ်ား ဖြစ်သူအနိုင်ကျင့်ခံနေရတာတောင် ကယ်ပါ ယူပါ အော်ဟစ်အကူအညီမတောင်းရဲတဲ့ဘဝမျိုးဟာ ဒီမိုကရေစီ ဆိုင်းဘုတ်အောက်မှာ လုံးဝမရှိသင့်တဲ့ အရာပဲဖြစ်ပါတယ်။

ဒီမိုကရေစီဆိုင်းဘုတ်အောက်မှာ သတင်းစာရှင်းလင်းပွဲတောင် မလုပ်ရဲတဲ့ ပြည်သူတစ်ဦးရဲ့ဘဝကို စာနာပေးမည့် မဏ္ဍိုင်တစ်ရပ်ရပ်တော့ အမှန်တကယ် လိုအပ်နေပါပြီ။

(၃)
မွန်ပြည်နယ်၊ ကျိုက္ခမီမြို့နယ်၊ သံဖြူဇရပ်၊ မြစိမ်းရောင်ဘုရားဂေါပကနှင့် မီးသတ်တပ်ဖွဲ့တို့မြေပိုင်ဆိုင်မှု အငြင်း ပွားမှုက အတော်ဆန်းပါတယ်။

မြစိမ်းရောင်စေတီတော် ဂေါပကလည်းရှိတယ်၊ သြဝါဒါစရိယလည်းရှိတယ်။ သံဃနာယကအဖွဲ့လည်းရှိတယ်။ ရွာသူ ရွာသားပြည်သူများလည်းရှိတယ်။ မြစိမ်းရောင်ဘုရားမြေကိုလည်း အုတ်တံတိုင်းခတ်ထားပြီးဖြစ်တယ်။ ဘုရားမြေတစ်ခြမ်းက နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီ။ အသစ်တစ်ခြမ်းက ယခင်စစ်အစိုးရလက်ထက်မှာ ရရှိထားတာ။ စစ်အစိုးရလက်ထက် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဘာသံမှမကြားခဲ့ရပေမယ့် ဒီကနေ့ NLD အစိုးရလက်ထက်မှာတော့ အသစ်တစ်ခြမ်းမြေကို ဝင်လုတဲ့ ပြဿနာပေါ်ပေါက်လာပါတယ်။

မီးသတ်ရုံးအတွက်ဆိုကာ ဘုရားမုခ်ဦးတစ်ခြမ်းကိုကွယ်ပြီး အထပ်မြင့်အဆောက်အဦးဆောက်လိုက်ပါတယ်။ ဉာဏ်တော်နိမ့်တဲ့မြစိမ်းရောင်စေတီတော်လေး တိုက်မြင့်ကြီးကြောင့် ကွယ်သွားတဲ့အပြင် မုခ်ဦးတစ်ခြမ်းလည်း တိုက်မြင့်ကြီးနှင့် ပိတ်မိသွားပါတယ်။ အုတ်တံတိုင်းကာရံထားတဲ့ ဘုရားဝတ်းထဲထိဝင်လာပြီး အဆောက်အအုံ ဆောက်တာ၊ ရေကန်တူးတာတွေ ဆက်လုပ်လာပါတယ်။ ဂေါပကကလည်း တားတယ်။ သြဝါဒါစရိယက ဆရာတော်ကလည်းတားတယ်။ ပြည်သူတွေကလည်း တားပါလျက် အထက်အမိန့်ဟုဆိုကာ မြို့နယ်ထွေ အုပ်က ခွင့်ပြုမိန့်ထုတ်ပေးရုံတင်မကဘဲ လုံခြုံရေးအပြည့်အဝပေးပြီး ဝင်ရောက်လုပ်ဆောင်စေခဲ့တာပါ။

တကယ်တော့ ဂရံမပေါက်သေးပေမယ့် နှစ်ပေါင်းများစွာ အုတ်တံတိုင်းကာရံထားတဲ့ ဘုရားမြေအတွက် ဘုရားဂေါပကအဖွဲ့မှာပဲ တာဝန်ရှိတာပါ။ အဲဒီမြေဟာ အစိုးရစီမံပိုင်ခွင့်ရှိတဲ့မြေ ဖြစ်ပေမယ့် နှစ်ပေါင်းများစွာ အုတ်တံတိုင်းကာရံထားတာဖြစ်လို့ အမိန့်အာဏာနှင့် ဝင်ရောက်ကျူးကျော်ခွင့် လုံးဝမရှိပါဘူး။ မြေယာအငြင်း ပွားလျှင် ဥပဒေကြောင်းအရပဲ ဖြေရှင်းပေးရမှာပါ။ ဒါကိုပဲ အထက်အမိန့်ဟုဆိုကာ ဘုရားဝန်းထဲထိ ကျူးကျော် ဝင်ရောက်ခွင့်ရအောင် လူမိုက်အားပေးလုပ်နေတာတွေဟာ ဥပဒေကို မထီမဲ့မြင်ပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။

မီးသတ်ရုံးနှင့်ရေကန်တည်ဆောက်စရာမြေနေရာမရှိလို့လည်း မဟုတ်၊ ဘုရားဘေးမှာတင် မြေကွက်လပ်ကြီး လည်း အဆင်သင့်ရှိပြီးသားဖြစ်ပါလျက် ဘုရားဝန်းထဲထိ ဝင်ရောက်ဆောက်ခွင့်ပေးတဲ့ မြို့နယ်ထွေအုပ်ကို အံသြနေမိပါတော့တယ်။ မီးသတ်ကို အကြောင်းပြပြီး ဘုရားမြေကိုလုယူတဲ့ ဓားပြမှု-အာဏာဓားပြမှုလို့တောင် ဆိုနိုင်ပါသေးတယ်။

(၄)
တောင်ကြီးခရိုင် ကလောမြို့နယ်၊ကျေးလက်ရတနာပညာရေးဘော်ဒါပိုင်ရှင် မုဒိမ်းတော်မီအောင်အမှုက ခုထိ မပြီးပြတ်သေးပါဘူး။ သူ့နောက်မှာ ဖြစ်ပွားတဲ့ မုဒိမ်းမှုက အမိန့်ချပြီးတာတောင် ကြာပါပြီ။ မုဒိမ်းသမားချင်း အတူတူ အရပ်သားမူဆလင်အမှုက ခဏလေးနဲ့ ပြီးသွးာပြီး ပါတီသမားမူဆလင်အမှုက တစ်နှစ်ကျော်တဲ့အထိ အချိန်ဆွဲကောင်းတုန်းပဲ ရှိပါသေးတယ်။ ပါတီသမားတွေ အမတ်နီနီတွေက သူတို့ကျေးဇူးရှင်ကြီး တော်မီအောင် ကို ဝန်းရံနေကြလို့ နစ်နာသူမိန်းကလေးမှာ မိအေးနှစ်ခါနာဘဝမျိုး ကျရောက်ရတော့မလို ဖြစ်နေတော့တာပါ။ အမတ်ဒေါ်နီနှင့်တရားသူကြီးတို့က မိန်းမသားချင်း မစာနာတတ်ကြတာလား တော်မီအောင်ကယ်ဆယ်ရေးက သူတို့အတွက် တအားအရေးကြီးနေလို့လား မပြောတတ်တော့ပါဘူး။

မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးက ဆယ်တန်းကျောင်းသူလေးဖြစ်လို့ ပုဒ်မ ၃၆၃ တပ်ထားတာလည်း ပြုတ်အောင် လိုက်ဖြုတ်နေကြတယ်။ မုဒိမ်းမှု ပုဒ်မ ၃၇၆ တပ်ထားတာလည်း ပန်းသေပန်းညှိုးပုံစံမျိုးအဖြစ်နဲ့ အထမမြောက် အောင် လုပ်နေကြတယ်။ အနီသမားတွေဟာ နစ်နာသူမိန်းကလေးကို လုံးဝမစာနာဘဲ ကွင်းလုံးကျွတ် လွတ်အောင် ဌာနဆိုင်ရာတွေကို ဖိအားပေးခြင်း သိမ်းသွင်းခြင်းများ ပြုလုပ်နေကြတာကြောင့် တောသူ တောင်သား မိဘများမှာ သမီးလေးအတွက် စိတ်ပျက်အားငယ်ဖြစ်နေရတော့တာပါ။

ဒါဟာ အုပ်ချုပ်ရေးမဏ္ဍိုင်က တရားစီရင်ရေး မဏ္ဍိုင်ကို ဖိအားပေးခြင်းရဲ့ သရုပ်သကန်ဖြစ်သလို ပါတီသမားတွေက ပြည်သူ့မျက်နှာလုံးဝမကြည့်တော့ဘဲ မုဒိမ်းသမား မူဆလင်ကုလားမျက်နှာကိုပဲ ကြည့်နေ ကြတဲ့ပြယုဂ်ဖြစ်ပါတယ်။

(၅)

ဆိုရှယ်မီဒီယာများကို စောင့်ကြည့်ရန် အဖွဲ့ဖွဲ့စည်းထားပြီး ကျပ်ငွေ ၆၄၂၆သန်း သုံးစွဲခဲ့ကြောင်း သတင်းတွေ ပေါ်ထွက်လာပါတယ်။ ဆိုရှယ်မီဒီယာတွေကို ဥပဒေနဲ့အညီ စောင့်ကြည့်ထိန်းကျောင်းနိုင်ရေး အတွက်လို့ အကြောင်းပြပေမယ့် ဖေ့စ်ဘုတ်သုတ်သင်ရေး စီမံကိန်းကြီးမှန်း လူတိုင်းသိူကြပါတယ်။

တကယ်တော့ တည်ငြိမ်အေးချမ်းရေးကို အကြောင်းပြပြီး အာဏာလုံခြုံရေးနဲ့ အာဏာရေရှည်တည်မြဲရေး အတွက်ပါပဲ။
ဒီနေရာရသွားရင် ဒီနေရာလုံခြုံရေးနဲ့ ဒီနေရာမှာပဲ ထာဝရတည်မြဲရေးတို့ဆိုတာ အလိုလိုပေါ်ပေါက်လာတော့ တာပါပဲ။ ပြည်သူအတွက်ဆို ဘက်ဂျက်မရှိဘူး အမြဲပြောခဲ့တဲ့သူတွေဟာ အာဏာလုံခြုံရေးနဲ့ ထာဝရတည်တန့် ရေးအတွက်တော့ သန်းပေါင်းခြောက်ထောင်ကျော် သုံးစွဲခဲ့ကြတာပါ။ ပြည်သူ့အတွက်ဆို စေတနာမရှိဘူး။ သူတို့အတွက်ဆို ငွေတွေ ထွက်ထွက်လာတယ်ဆိုတဲ့ သဘောမျိုးပါ။

ဒီငွေတွေကို ဒီနေရာမှာ သုံးစွဲမည့်အစား ပြည်သူတွေအတွက် သုံးစွဲလိုက်ရင် ဘယ်လောက် အကျိုးရှိလိမ့် မလဲဆိုတာ ပြည်သူ့အစိုးရဆိုသူတွေ စဉ်းစားချင်စိတ် ရှိဟန်မတူပါဘူး။

ဒါကြောင့် ဒီအစိုးရ ဒီပါတီနဲ့ ဒီလွှတ်တော်ကလူတွေ လုပ်ကိုင်နေတာတွေကိုကြည့်ပြီး ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင် မဟုတ်ကြပါဘူး။

ဝီရသူ(မစိုးရိမ်)