သတင္း

အစုိးရကုိယ္တုိင္ ဘုရားေျမထဲ က်ဴးေက်ာ္ျခင္း

NLD အစုိးရ ဗုဒၶဘာသာအေပၚထားတဲ့ သေဘာထားကုိ လက္ေတြ႕ျပဆုိလုိက္တာပါပဲ။ ႏွစ္ေပါင္းမ်ားစြာက ဘုရားေျမ၊ စစ္အစုိးရေပးခဲ့တယ္ဆုိၿပီး မီးသတ္စခန္းအေၾကာင္းျပ ဘုရားေျမ ျပန္လုတဲ့ပြဲပါ။

ေျမရွားလုိ႔လည္းမဟုတ္ဘူး။
ေျမမရွိလုိ႔လည္း မဟုတ္ဘူး။
ဘုရားေျမကုိ လုိခ်င္လုိ႔။
တံတုိင္းလည္းခတ္ထားတယ္။
ေဂါပကလည္းရွိတယ္။
ၾသဝါဒါစရိယလည္း ရွိတယ္။
ဥပေဒေၾကာင္းအတုိင္းပဲသြားရမွာ။
အခုေတာ့ ေဂါပကလည္း ထည့္မတြက္။
ၾသဝါဒါစရိယလည္း ထည့္မတြက္။
ရြာသူရြာသားေတြကုိလည္း ထည့္မတြက္။

အစုိးရက ဓားျပပုံေပါက္ေနၿပီး ျပည္သူက ဓားျပအတုိက္ခံရတဲ့ပုံစံမ်ဳိး သက္ေရာက္ေနတာပါ။ ၿမဳိ႕နယ္ေထြအုပ္ရဲ႕ေနာက္ကြယ္မွာ လက္မည္းႀကီးေတြရွိေနလုိ႔သာ ဘုရားဝန္းထဲအထိ က်ဴးေက်ာ္ရဲတာပါ။ ဒါမွမဟုတ္ ႏုိင္ငံအုပ္ခ်ဳပ္ မင္းလုပ္တဲ့သူေတြကုိယ္တုိင္က ဘာသာ သာသနာကုိ ေစာ္ကားခြင့္ျပဳထားလုိ႔ အခုလုိ သာသနာဖ်က္လုပ္ငန္းေတြ လက္ရဲဇတ္ရဲ လုပ္လာတာလားလုိ႔ ေမးခြန္းထုတ္စရာပါပဲ။

ဝီရသူ(မစုိးရိမ္)
3.4.2018
PM 11:34

 

“က်ဳိကၡမီၿမဳိ႕ရွိ ျမစိမ္းေရာင္ဘုရား ဝတၱကေျမအား မီးသတ္အုပ္စုမွ ရယူမႈ မြန္ျပည္နယ္အစုိးရခြင့္ျပဳခဲ့ေသာ္လည္း တရားမဝင္ေရႊေလွဗလီအား မဖ်က္ရဲ”

ဇင္ႏုိင္၊ ရဲေက်ာ္ထက္
မြန္ျပည္နယ္တြင္တည္ရွိေသာ ကမၻာေက်ာ္တန္ခုိးႀကီးဘုရားတစ္ဆူျဖစ္သည့္ က်ဳိကၡမီေရလယ္ဘုရားႀကီးအနီးရွိ သမုိင္းဝင္ျမစိမ္းေရာင္ေစတီပုရဝဏ္အတြင္း ေဆာက္လုပ္ထားေသာ မီးသတ္အေဆာက္အအုံႏွင့္ ပတ္သက္ၿပီး ေျဖရွင္း၍မရႏုိင္ေပ။
သမုိင္းဝင္ျမစိမ္းေရာင္ေစတီမွာ အဂၤလိပ္ေခတ္မတုိင္မီ တည္ထားကုိးကြယ္ခဲ့ေသာ ေစတီတစ္ဆူျဖစ္ၿပီး ေစတီဝင္းအတြင္း မီးသတ္အေဆာက္အအုံ တည္ေဆာက္မႈႏွင့္ပတ္သက္၍ ေဂါပကအဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံမ်ားမွ သတင္းစာရွင္းလင္းပြဲႏွင့္ ဆႏၵထုတ္ေဖာ္ခဲ့မႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

“မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္က က်ဳိကၡမီၿမဳိ႕ထဲမွာရွိတဲ့ ျမစိမ္းေရာင္ဘုရားေျမက ဂရန္မရွိဘူးလုိ႔ေျပာၿပီး၊ ျပည္သူေတြကန္႔ကြက္ေနတဲ့ၾကားကေန အာဏာမတရားတဲ့နည္းလမ္းေတြသုံးၿပီး အႀကိမ္ႀကိမ္က်ဴးေက်ာ္ေနတဲ့ မီးသတ္အေဆာက္အအုံကုိ တုိးခ်ဲ႕တာေတြ ခြင့္ျပဳေပးခဲ့တယ္”ဟု က်ဳိကၡမီၿမဳိ႕ သုသာန္ေက်ာင္းဆရာေတာ္ဘဒၵႏၲ ဝိသုဒၶစာရကေျပာသည္။

အဆုိပါေျမႏွင့္ပတ္သက္၍ ၂၀၁၇ ဇန္နဝါရီလ ၂၁ ရက္ေန႔တြင္ သံျဖဴဇရပ္ၿမဳိ႕ က်ဳိကၡမီၿမဳိ႕ဆင္ပုန္းေက်ာင္းတြင္ ၿမဳိ႕နယ္ဌာနဆုိင္ရာတာဝန္ရွိသူမ်ား၊ ဆရာေတာ္မ်ားႏွင့္ ရပ္ကြက္ေနျပည္သူလူထု ေျဖရွင္းညွိႏႈိင္းခ်က္မ်ားအရ ဘုရားေျမအျပင္ဘက္ သုသာန္ေက်ာင္းဆရာေတာ္ေပးခဲ့သည့္ ေျမအက်ယ္ ၀ ဒႆမ ၁၀၃ ဧကကုိ မီးသတ္အေဆာက္အအုံေျမအျဖစ္ အသုံးျပဳ ညွိႏႈိင္းေဆာင္ရြက္ရန္ သေဘာတူခဲ့သည္။ ထုိသုိ႔ မီးသတ္အေဆာက္အအုံ အသုံးျပဳမႈေၾကာင့္ ဘုရားေစတီ ကြယ္ျခင္းႏွင့္ မုခ္ဦးမွာအေဆာက္အအုံႏွင့္ မလြတ္သျဖင့္အသုံးျပဳႏုိင္ျခင္း မရွိေတာ့ေၾကာင္း ဆရာေတာ္က မိန္႔သည္။

ထုိ႔ေနာက္ ဘုရားေျမႏွင့္မီးသတ္ေျမကုိ ရွင္းလင္းတိက်ေစရန္အတြက္ နယ္နိမိတ္သတ္မွတ္ၿပီး ျပည္သူမ်ားႏွင့္ ဘုရားေဂါပကအဖြဲ႕တုိ႔မွ ၂၀၀၀ ခုႏွစ္တြင္ အုတ္တံတုိင္းခတ္ သံဆူးႀကဳိးဆြဲကာ ကာရံခဲ့ေသာ္လည္း မည္သူတစ္ဦးတစ္ေယာက္မွ တားျမစ္ကန္႔ကြက္ျခင္းမရွိခဲ့ေၾကာင္း၊ တစ္ႏွစ္ေက်ာ္အၾကာတြင္ မီးသတ္အေဆာက္အအုံမ်ားအား ဘတ္ဂ်က္ေငြထပ္က်လာသျဖင့္ ထပ္မံတုိးခ်ဲ႕ရန္အတြက္ ဘုရားေျမကုိ မီးသတ္အေဆာက္အအုံအတြက္ တုိးခ်ဲ႕က်ဴးေက်ာ္ၿပီး ေျမ ၀ ဒႆမ ၁၇၂ ဧကကုိ ေလွ်ာက္ထားခဲ့ၾကၿပီး ဘုရားေျမကုိမေပးႏုိင္သျဖင့္ ကန္႔ကြက္စာအား ၂၀၁၇ ႏုိဝင္ဘာလ ၁၄ ရက္ေန႔တြင္ ျပည္သူလူထု ၃၀၀ ေက်ာ္မွ လက္မွတ္ေရးထုိး၍ ဝန္ႀကီးခ်ဳပ္ထံ တင္ျပခဲ့ေၾကာင္း၊ ဆရာေတာ္မွ ဆက္လက္မိန္႔ၾကားသည္။

က်ဳိကၡမီၿမဳိ႕ ျမစိမ္းေရာင္ဘုရားေျမသည္ လြန္ခဲ့ေသာႏွစ္ေပါင္း တစ္ရာေက်ာ္ခန္႔မွ ဘုရားေျမအျဖစ္အသုံးျပဳခဲ့ၿပီး ေခတ္အဆက္ဆက္အစုိးရလက္ထက္မ်ားတြင္လည္း ဘုရားေျမအျဖစ္ သတ္မွတ္ေပးခဲ့ေၾကာင္း၊ ေျမတုိင္းတာေပးခဲ့ေၾကာင္း၊ ၂၀၀၂ ခုႏွစ္တြင္ ဘုရားအဝင္မုခ္ဦးကုိ အလွဴရွင္မ်ားမွ လွဴဒါန္းခဲ့ၿပီး ခုႏွစ္ေရးထုိးျခင္းမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း၊ ဘုရားမုခ္ဦးတည္ေဆာက္ျခင္းႏွင့္ နယ္နိမိတ္သတ္မွတ္ျခင္းမ်ား ကုိလည္း မည္သူတစ္ဦးတစ္ေယာက္မွ ကန္႔ကြက္ျခင္းမရွိသလုိ အားလုံးမွ အသိအမွတ္ျပဳခဲ့မႈမ်ားလည္း ရွိခဲ့ေၾကာင္း ေဒသခံမ်ားမွ ေျပာၾကားသည္။

“အခုအစုိးရက ျပည္သူတင္ေျမွာက္ထားတဲံျပည္သူ႔အစုိးရျဖစ္လုိ႔ အမိန္႔အာဏာနဲ႔ ဘုရားေျမသိမ္းလုိ႔မရဘူး။ အာဏာကုိအသုံးျပဳသိမ္းဆည္းျခင္းက ျပည္သူ႔အစုိးရမဟုတ္ဘူး။ အာဏာရွင္အစုိးရသာျဖစ္ပါတယ္။ အစုိးရေျမဆုိတာက အေျခခံဥပေဒမရွိစဥ္က အသုံးအႏႈန္းျဖစ္တယ္”ဟု ျမစိမ္းေရာင္ေဂါပကအဖြဲ႕မွ အတြင္းေရးမွဴး ဦးေအာင္ကုိလတ္က ေျပာသည္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၃၆၃တြင္ ႏုိင္ငံေတာ္သည္ အသိအမွတ္ျပဳထားေသာ ဘာသာသာသနာမ်ားကုိ တတ္ႏုိင္သမွ် ကူညီေစာင့္ေရွာက္မည္ဟုျပ႒ာန္းထားၿပီး ယခုအခါ မကူညီသည့္အျပင္ ဘုရားေျမကုိ အဖြဲ႕အစည္းအေဆာက္အအုံေဆာက္လုပ္ရာတြင္ ခြင့္ျပဳေပးေသာဌာနဆုိင္ရာဝန္ထမ္းမ်ား အေနျဖင့္ အေဆာက္အအုံမ်ား ေဆာက္လုပ္ျခင္းအတြက္ ပုိင္ဆုိင္မႈေျမဂရန္ရွိ၊ မရွိကုိ မစစ္ေဆးဘဲ ေဆာက္လုပ္ျခင္းသည္ ဥပေဒႏွင့္ညီညြတ္မႈမရွိေၾကာင္း၊ ပတ္ဝန္းက်င္ကန္႔ကြက္မႈရွိ၊ မရွိ ဥပေဒအတုိင္း ေဆာင္ရြက္သင့္ေၾကာင္း၊ ဘုရားေျမႏွင့္ပတ္သက္၍ အျငင္းပြားဖြယ္ျဖစ္လာပါက ဘုရားေက်ာင္းဝတၱကေျမ၊ ဂရန္ေျမပုိင္ဆုိင္မႈႏွင့္ စပ္လ်ဥ္းေသာ ျပႆနာမ်ားကုိကုိင္တြယ္ေျဖရွင္းရသူ အဆင့္ဆင့္ေသာ အဖြဲ႕အစည္းမ်ားသည္ ဥပေဒရႈေထာင့္မွမဟုတ္ဘဲ ဝိနည္း၊ အ႒ာကထာရႈေထာင့္မွ မည္သုိ႔ ပညတ္ထားသည္ကုိ ေလ့လာဆုံးျဖတ္သင့္ေၾကာင္း ၄င္းက ဆုိသည္။

သမုိင္းဝင္ ျမစိမ္းေရာင္ေစတီသည္ လြန္ခဲ့ေသာႏွစ္ေပါင္း တစ္ရာေက်ာ္မွ တည္ရွိေသာေစတီျဖစ္ကာ ဘုရားေျမအျဖစ္ ယခုအသုံးျပဳေနသည့္ေျမသည္ ေျမစာရင္းမွတ္တမ္းအရ ဗုိလ္တဲေျမ လြတ္လပ္ေရးရၿပီးေနာက္ မဆလေခတ္မွ ေခတ္အဆက္ဆက္ေသာ အစုိးရမင္းတုိ႔လက္ထက္၌ ဘုရားေျမအျဖစ္ အသုံးျပဳခဲ့ရာ ထုိ႔အတူ ဘုရားေစတီမုခ္ဦးလွဴဒါန္းမႈကမၸည္းတြင္လည္း ၂၀၀၂ ခုႏွဏ္က လက္မွတ္ေရးထုိးခဲ့သည္။ ၂၀၁၇ ခုႏွစ္မွ မီးသတ္ေျမအတြက္ သုသာန္ေက်ာင္းဆရာေတာ္ထံ လာေရာက္ေတာင္းဆုိသျဖင့္ မုခ္ဦးအျပင္ဘက္ကုိ ခြင့္ျပဳၿပီးေနာက္ပုိင္းမွသာ ယင္းေျမသည္ ဘုရားေျမမဟုတ္၍ အစုိးရပုိင္ေျမအျဖစ္ အာဏာရွင္လက္ေအာက္သုိ႔ က်ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း ၄င္းက ဆုိသည္။

“ဘုရားေျမက ေခတ္အဆက္ဆက္က တည္ရွိခဲ့တာကုိ သာသနာေရးဦးစီးဌာန၊ ေျမစာရင္းဌာန၊ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနတုိ႔က အလုပ္မလုပ္ဘဲ လ်စ္လ်ဴရႈထားခဲ့ေတာ့ ဘုရားေျမက ဂရန္မက်တာျဖစ္ပါတယ္”ဟု ဦးေအာင္ကုိလတ္မွ ျဖည့္စြက္ေျပာၾကားသည္။

ေတာသူေတာင္သားမ်ားသည္ ဂရန္အေၾကာင္းကုိ နားမလည္သျဖင့္ မိမိတုိ႔ေနထုိင္သည့္အိမ္ကုိပင္ ဂရန္မလုပ္ၾကေၾကာင္း၊ ထုိ႔ေၾကာင့္ ဘုရားေျမကုိလည္း ယခုကဲ့သုိ႔ လူလည္မ်ားသိမ္းဆည္းမည္ဟု မထင္မွတ္ထားသျဖင့္ ဂရန္ျပဳလုပ္ရန္ မေတြးမိခဲ့ေၾကာင္း၊ ေခတ္အဆက္ဆက္မင္းမ်ားမွာလည္း ဘုရားေျမကုိမသိမ္းဆည္းခဲ့ၾကေၾကာင္း၊ ယခုအစုိးရဂလက္ထက္က်မွသာ ဘုရားသာသနာေျမကုိ ဖ်က္ဆီးေနသလားဟု ေတြးမိေနေၾကာင္း ယင္းက ဆုိသည္။

“ဘုရားေျမကုိ မုဆုိးမအိမ္ေျမေလာက္ေတာင္ တန္ဖုိးမထားဘဲ ရက္ရက္စက္စက္ သိမ္းဆည္းခဲ့ျခင္းအတြက္ ျပည္သူေတြက အာဏာရွင္မုိ႔ လက္တု႔ံမျပန္ႏုိင္ေသာ္လည္း မိမိတုိ႔စိတ္ထဲက မုန္းတီးမိတယ္။ ဒါေပမဲ့ မိမိတုိ႔ႏုိင္ငံသား ရပုိင္ခြင့္ေတြကုိေတာ့ ဆက္လက္ ေတာင္းဆုိသြားမယ္။ ေတာင္းဆုိတဲ့အခ်ိန္ ေသဆုံးခဲ့ရင္ ဝိညာဥ္အျဖစ္နဲ႔ ဆက္လက္ေဆာင္ရြက္သြားမယ္”ဟု လုိက္ပါေဆာင္ရြက္သူ ကုိေအာင္ျမင့္က ေျပာသည္။

အဆုိပါျဖစ္စဥ္သည္ ဗုဒၶဘာသာဝင္မ်ားအတြက္ အလြန္ပင္ဝမ္းနည္းစရာေကာင္းေၾကာင္း၊ ႏွစ္ေပါင္းရာခ်ီတည္တံ့လာသည့္ ဘုရားေျမသည္ မေန႔တစ္ေန႔မွ ျဖစ္ေပၚလာေသာ မီးသတ္အေဆာက္အအုံေၾကာင့္ ဘုရားကြယ္ျခင္း၊ မုခ္ဦးကြယ္ျခင္းအျဖစ္မ်ဳိးႏွင့္ ႀကဳံရမည့္အျပင္ အုတ္စည္းရုိးမုခ္ဦးတည္ေဆာက္ၿပီးမွ ဘုရားေျမအတြင္း လူမဆန္စြာ အာဏာကုိအသုံးျပဳ၍ ဘုရားေျမကုိ အစုိးရေျမ ဂရန္မရွိဟူေသာ လူတန္းစားတစ္စု၏ အတင္းဝင္ေရာက္ ထပ္မံသိမ္းဆည္းခံရျခင္းသည္ မိမိတုိ႔ ဗုဒၶဘာသာဝင္မ်ားအတြက္ အလြန္ပင္ရွက္စရာသမုိင္းတစ္ခုျဖစ္ေနေၾကာင္း မြန္ျပည္နယ္အစုိးရသည္ ဘုရားေျမကုိသာ အတင္းအဓမၼသိမ္းဆည္းခဲ့ေသာ္လည္း မြန္ျပည္နယ္ ဘီးလင္းၿမဳိ႕တြင္ တရားမဝင္ေဆာက္လုပ္ထားသည့္ ဂရန္မရွိေသာ ေရႊေလွဗလီကုိ ဝန္ႀကီးခ်ဳပ္ ဦးမင္းမင္းဦး လက္ထက္ကပင္ ဖ်က္ိသမ္းမိန္႔ ႏွစ္ႀကိမ္က်ခဲ့သည့္တုိင္ေအာင္ မည္သည့္အစုိးရအဖြဲ႕တစ္ဦးကမွ်၊ မည္သည့္ဝန္ႀကီးခ်ဳပ္ကမွ် မဖ်က္သိမ္းရဲေပ။ ဗုဒၶဘာသာဘုရားေျမကုိ ငရဲမေၾကာက္ဖားစီး၊ ငါးစီးသိမ္းဆည္းခဲ့ၿပီး တရားမဝင္ကုလား ဗလီအား အသံပင္မထြက္ရဲခဲ့ေၾကာင္း မြန္ျပည္နယ္အစုိးရသည္ ထုိမွ်ေလာက္ပင္ အမ်ဳိးဘာသာကုိ ေစာင့္ထိန္းသူမ်ားျဖစ္ေနၾကေၾကာင္း ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ား၊ ဌာနဆုိင္ရာမ်ား၏ ဘာသာေရးစိတ္ဓာတ္သည္ အလြန္ပင္ ညံ့ဖ်င္းေၾကာင္း ၄င္းက ဆုိသည္။

ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ေျမစာရင္း၊ သာသနာေရး၊ မီးသတ္စေသာ ဌာနဆုိင္ရာမ်ားသည္ ဘက္လုိက္ေဆာင္ရြက္ခဲ့မႈႏွင့္ပတ္သက္၍ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ တင္ျပခဲ့ေသာ္လည္း မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္သည္ ဘာသာ သာသနာႏွင့္ဆုိင္သည့္ ကိစၥမ်ားကုိ မွန္ကန္စြာမသုံးသပ္ဘဲ ဘုရားေျမကုိ သိမ္းဆည္းခြင့္ျပဳခဲ့ေၾကာင္း၊ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔ နံနက္ ၈ နာရီခြဲခန္႔အခ်ိန္တြင္ ဘုရားေျမမ်ားအား မီးသတ္အဖြဲ႕ႏွင့္ လက္နက္ကုိင္ရဲအပါအဝင္ လူေလးဆယ္ခန္႔မွာ အတင္းအဓမၼ ဝင္ေရာက္၍ ေျမသန္႔တရားနာျပဳလုပ္ၿပီး အခ်ိန္ႏွင့္တေျပးညီ မည္သူတစ္ဦးတစ္ေယာက္မွ မဝင္ေရာက္ေအာင္ တားဆီး၍ ထုိေန႔ညပုိင္းတြင္ ေျမတူစးစက္ျဖင့္ ေျမတူးေဖာ္ခဲ့ေၾကာင္း၊ ယင္းႏွင့္ပတ္သက္၍ ေဒသခံျပည္သူမ်ားမွ သံျဖဴဇရပ္ၿမဳိ႕ေပၚတြင္ ဥပေဒႏွင့္အညီ ဆႏၵေဖာ္ထုတ္ခဲ့ေသာ္လည္း ဘုရားေျမတြင္ ဆက္လက္ အတင့္ရဲစြာလုပ္ကုိင္လ်က္ရွိေၾကာင္း ကုိေအာင္ျမင့္က ေျပာၾကားသည္။

“မြန္ျပည္နယ္အစုိးရက အေမွ်ာ္အျမင္ကင္းမဲ့စြာနဲ႔ ဘုရားေျမကုိ သိမ္းဆည္းတာက အစုိးရတစ္ရပ္လုံးကုိ ထိခုိက္ေစတာျဖစ္တာကုိ သတိျပဳေစခ်င္ပါတယ္။ ကၽြန္ေတာ္တုိ႔က ေျပာင္းလဲဖုိ႔အတြက္ လက္ရွိအစုိးရကုိ မဲေပးခဲ့တယ္။ အာဏာရွင္ကုိမုန္း၍ မဲေပးခဲ့တာျဖစ္တယ္။ အခုဟာက ေအာက္ေျချပည္နယ္အစုိးရမွ ျပည္သူလူထုကုိ အာဏာရွင္သဖြယ္ ဆက္ဆံခဲ့ရဳံသာမကဘဲ ဘုရားေျမကုိပင္ သိမ္းဆည္းျခင္းေတြက အလြန္ပင္စိတ္ထိခုိက္ခဲ့ရပါတယ္”ဟု လုိက္ပါေဆာင္ရြက္သူ ကုိသိန္းေဌးကေျပာသည္။

မီးသတ္အေဆာက္အအုံေဆာက္လုပ္ျခင္းႏွင့္ပတ္သက္၍ သံျဖဴဇရပ္ၿမဳိ႕နယ္ မီးသတ္ဦးစီးဌာနအေနျဖင့္ လုပ္ထုံးလုပ္နည္းႏွင့္အညီ ေဆာင္ရြက္ခဲ့ျခင္းမရွိေၾကာင္း၊ ေျမလြတ္ေနရာခြင့္ျပဳခ်က္မက်မီ အေဆာက္အအုံကုိ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ထုိအေဆာက္အအုံ ေဆာက္လုပ္ရာတြင္ အေဆာက္အအုံပုံစံႏွင့္ ေဆာက္လုပ္ျခင္းႏွင့္ပတ္သက္၍ ေျမမိန္႔မက်ဘဲ လက္လြတ္စပယ္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ယင္းေဆာက္လုပ္မႈေၾကာင့္ မုခ္ဦးႏွင့္ဘုရားေစတီမွာ မီးသတ္အေဆာက္အအုံေၾကာင့္ ကြယ္သြားၿပီး အိမ္သာဆားဗစ္ကန္မ်ားကုိလည္း ဘုရားေစတီဘက္အတြင္း ျပဳလုပ္ခဲ့ကာ ေစတီေျမအတြင္းသုိ႔ ေပတစ္ရာ ထပ္မံက်ဴးေက်ာ္ခဲ့သည္။ ထုိျဖစ္စဥ္အား ရပ္ကြက္ေနျပည္သူမ်ားမွ ကန္႔ကြက္ခဲ့ေၾကာင္း ၄င္းက ဆုိသည္။

အဆုိပါ က်ဴးေက်ာ္ဝင္ေရာက္မႈႏွင့္ပတ္သက္၍ သုသာန္ေက်ာင္းဆရာေတာ္ႏွင့္ ဦးေဆာင္သူမ်ားမွ ျပည္နယ္မီးသတ္ဦးစီးဌာနသုိ႔ သြားေရာက္ေတြ႕ဆုံရာတြင္ ျပည္နယ္မီးသတ္ဌာနမွ အဆုိပါ ေျမေလွ်ာက္ထားျခင္းအား ၄င္းတုိ႔ မညႊန္ၾကားထားေၾကာင္း၊ ေရဂါလန္ႏွစ္ေသာင္းအား ယခုမီးသတ္အေဆာက္အအုံေနရာတြင္သာ ေျမေအာက္ကန္အျဖစ္ ေဆာက္လုပ္ရန္ ညႊန္ၾကားထားေၾကာင္း၊ ေရဂါလန္ႏွစ္ေသာင္းမွာလည္း လက္ရွိေနရာတြင္ ေျမေနရာလုံေလာက္ေၾကာင္း၊ ဘုရားေျမႏွင့္ လြတ္ကင္းေၾကာင္း ျပန္လည္ေျဖရွင္းခဲ့သည္။

ထုိ႔အတူ သာသနာ့ဂရန္ေျမမက်ေသးသျဖင့္ သာသနာ့ေျမဟု မသတ္မွတ္သင့္ေၾကာင္း၊ ဆရာေတာ္မ်ားမွ ဘုရားေျမကုိေပးျခင္းဆုိသည္မွာ အဆုိပါေျမကုိ သံဃာမ်ားအေနျဖင့္ စီမံခန္႔ခြဲ၍ မရေၾကာင္း၊ သာသနိကအေဆာက္အအုံကုိ သံဃာမပုိင္ေၾကာင္း၊ သာသနိကအေဆာက္အအုံဆုိသည္မွာ သာသနာကသာ ပုိင္ဆုိင္ေၾကာင္း၊ ထုိ႔အတူ ဘုရားေျမကုိလည္း သံဃာမပုိင္ေၾကာင္း၊ သာသနာကပုိင္သျဖင့္ စီမံခန္႔ခြဲ၍ မရေၾကာင္း၊ ဘုရားေျမဆုိသည္မွာ ေရွးဘုရင္မ်ားကပင္ သိမ္းယူ၍မရေၾကာင္း၊ သမုိင္းစာေပမ်ားတြင္ ေဖာ္ျပထားသည္ဟု ၄င္းက ဆက္လက္ရွင္းျပသည္။

မီးသတ္စခန္းေဆာက္လုပ္ရန္အတြက္ ေျမေနရာသတ္မွတ္ေပးပါရန္ တင္ျပလာျခင္းကိစၥႏွင့္ပတ္သက္၍ ကြင္းဆင္းစစ္ေဆးခ်က္ေတြ႕ရွိခ်က္မွာ သံျဖဴဇရပ္ၿမဳိ႕နယ္၊ က်ဳိကၡမီၿမဳိ႕၊ ေအာင္ပင္လယ္ရပ္ကြက္၊ အကြက္အမွတ္(၂) ဦးပုိင္အမွတ္(၇) ေျမခ်ိန္ဧရိယာ ၀ ဒႆမ ၁၇၂ ဧကရွိေျမကုိ မီးသတ္စခန္းအျဖစ္ အသုံးျပဳရန္ ၂၀၁၆ ခုႏွစ္၊ ဇူလုိင္ ၁၂ ရက္ေန႔တြင္ ေလွ်ာက္ထားခဲ့ျခင္းျဖစ္ၿပီး အဆုိပါ ေလွ်ာက္ထားေသာ ေျမမွာ အစုိးရအေဆာက္အအုံေျမ P-W-D ဗုိလ္တဲႀကီး အသုံးျပဳခြင့္ရရွိထားေသာ ေျမအျဖစ္ စာရင္းအမွတ္အသား ထားရွိေသာ ေျမဟု စစ္ေဆးခ်က္ေတြ႕ရွိခဲ့ေၾကာင္း ေဒသခံတုိ႔၏ ေျပာၾကားခ်က္အရ သိရသည္။
ယင္းေျမႏွင့္ပတ္သက္၍ ေျမဧက ၁၂ ဒႆမ ၃၈၈ ဧကအနက္ လက္ရွိေျမျပင္တြင္ က်ဳိကၡမီၿမဳိ႕ ၿမဳိ႕မေဘာလုံးကြင္း ၇ ဒႆမ ၃၅၀ဧက လူေနအိမ္မ်ား အသုံးျပဳထားမႈ ၂ ဒႆမ ၇၃၀ဧက၊ လမ္းေျမ ၀ ဒႆမ ၉၂၃ဧက၊ စာသင္ေက်ာင္း ၀ ဒႆမ ၉၂၃ဧက၊ ျမစိမ္းေရာင္ဘုရားေျမ ၀ဒႆမ ၂၃၈ ဧကႏွင့္ ယခုမီးသတ္စခန္းေျမအျဖစ္ လ်ာထားေသာေျမ ၀ဒႆမ ၁၇၂ ဧကတုိ႔ အသီးသီး အသုံးျပဳထားေၾကာင္း သိရသည္။

မီးသတ္စခန္းေဆာက္လုပ္ရန္ ေျမေနရာသတ္မွတ္ေပးမႈ တင္ျပလာျခင္းႏွင့္ပတ္သက္၍ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လ ၄ ရ၇က္ေန႔မွာ ၿမဳိ႕နယ္မီးသတ္ ဦးစီးမွဴး ဦးေအာင္ေက်ာ္ေထြးမွ ၄င္းအေနျဖင့္ သံျဖဴဇရပ္ၿမဳိ႕နယ္တြင္ တာဝန္ရယူခ်ိန္၌ ၿမဳိ႕နယ္အတြင္း မီးေဘးလုံၿခဳံေရးကိစၥရပ္မ်ားကုိ အရွိန္အဟုန္ျမွင့္ ေဆာင္ရြက္ေနေၾကာင္း၊ ထုိ႔အျပင္ က်ဳိကၡမီၿမဳိ႕ အဂၤါႏွင့္အညီျဖစ္ေစေရး ၂၀၁၆-၁၇ ဘ႑ာႏွစ္တြင္ မြန္ျပည္နယ္ မီးသတ္ဦးစီးဌာနမွဴးထံ တင္ျပ၍ မီးသတ္စခန္းႏွင့္ မီးသတ္ေရယာဥ္မ်ားရရွိေရး တင္ျပေဆာင္ရြက္ခဲ့ေၾကာင္း၊ ယခုအခါ အဆုိပါ မီးသတ္စခန္း ေဆာက္လုပ္ေရးအတြက္ လက္ရွိစခန္းတြင္ ေျမေနရာက်ဥ္းသျဖင့္ ေနရာသစ္ရွာေဖြေနေၾကာင္း ေနရာသစ္ရရွိပါက မီးသတ္စခန္းလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ အဆုိပါေနရာအား ၿမဳိ႕အေထာက္အကူအဖြဲ႕မ်ား၊ ဌာနဆုိင္ရာမ်ား ရပ္မိရပ္ဖမ်ားမွ ကူညီေဆာင္ရြက္ေပးပါရန္ ဦးေအာင္ေက်ာ္ေထြးမွ တင္ျပခဲ့ေၾကာင္း သိရသည္။

လယ္ယာႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနမွ ဦးမ်ဳိးညြန္႔မွ က်ဳိကၡမီၿမဳိ႕တြင္ မီးသတ္စခန္း ေဆာက္လုပ္မည့္ အစီအစဥ္ႏွင့္ ရန္ပုံေငြရရွိေရးတုိ႔အား မိမိတုိ႔ ယခင္အစုိးရလက္ထက္တြင္ ခ်ေပးခဲ့ေၾကာင္း၊ ဖြံ႕ၿဖဳိးတုိးတက္ေရးအတြက္ ဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့စဥ္မွ ႀကဳိးပမ္းေဆာင္ရြက္ခဲ့ေၾကာင္း၊ ယခု မီးသတ္စခန္းေျမေနရာအတြက္ မိမိတုိ႔အေနျဖင့္ တာဝန္ယူ ေဆာင္ရြက္ေပးရမွာျဖစ္ေၾကာင္း၊ ေျမလြတ္အေနျဖင့္ ေဘာလုံးကြင္းမ်ားလြတ္ေနပါသျဖင့္ မီးသတ္ဦးစီးဌာနအေနျဖင့္ အေထာက္အကူျပဳ ေကာ္မတီမ်ား၊ ရပ္မိရပ္ဖမ်ား၊ ကန္႔ကြက္ရန္မရွိေၾကာင္း၊ မိမိတုိ႔ဖြံ႕ၿဖဳိးတုိးတက္ေရးအတြက္ မီးသတ္စခန္းသည္ မရွိမျဖစ္လုိအပ္ေၾကာင္း ၄င္းကဆုိသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ ၿမဳိ႕အေထာက္အကူျပဳေကာ္မတီ ေဆြၚေႏြးခ်က္မ်ားမွာ မိမိတို႔အတြက္ မီးသတ္စခန္းသည္ မရွိမျဖစ္ လုိအပ္ပါေၾကာင္း ယခုေဘာလုံးကြင္းေဘးရွိ ေျမေနရာအား အစုိးရမီးသတ္ဌာန ေဆာက္လုပ္မည္ဆုိပါက မိမိတုိ႔ေကာ္မတီသုံးရပ္အေနျဖင့္ ကန္႔ကြက္ရန္မရွိေၾကာင္း ေဆြးေႏြးခဲ့သည္။ ယင္းကိစၥမ်ားႏွင့္ပတ္သက္၍ အစည္းအေဝး ဆုံးျဖတ္ခ်က္အရ က်ဳိကၡမီၿမဳိ႕အဂၤါရပ္ႏွင့္အညီ နယ္ေျမမီးသတ္စခန္း ေဆာက္လုပ္ေရးအတြက္ ၿမဳိ႕မိၿမဳိ႕ဖမ်ား၊ ၿမဳိ႕အေထာက္အကူျပဳေကာ္မတီေလးရပ္ အဖြဲ႕ဝင္မ်ား၊ ဌာနဆုိင္ရာမ်ား၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ားမွ ကန္႔ကြက္ရန္မရွိပါသျဖင့္ မီးသတ္ဦးစီးဌာန ေျမေနရာအား အသုံးျပဳခြင့္ရရွိေရး ဆုံးျဖတ္ခဲ့ေၾကာင္း သိရွိရသည္။

“က်ဳိကၡမီ မီးသတ္အေဆာက္အအုံနဲ႔ပတ္သက္လုိ႔ အခုဘတ္ဂ်က္ သိန္းႏွစ္ရာက ေရကန္နဲ႔ အဝီစိတြင္းအတြက္ ေပးတယ္။ အေဆာက္အအုံကေတာ့ ၿပီးခဲ့တဲ့ ဘ႑ာႏွစ္က က်ပ္သိန္း ၁၀၈၀ ကုိ ေပးခဲ့တယ္။ ေျမေနရာကုိေတာ့ ဆရာေတာ္နဲ႔ ေဒသခံေတြက ရွာေပးခဲ့တာပါ” ဟု သံျဖဴဇရပ္ၿမဳိ႕နယ္ မီးသတ္တပ္ဖြဲ႕မွ ဒုဦးစီးမွဴး ဦးေအာင္ေက်ာ္ေထြးမွ ေျပာသည္။
အဆုိပါ ေျမေနရာသည္ အစုိးရပုိင္ ေျမေနရာျဖစ္ၿပီး ယင္းေနရာတြင္ တည္ေဆာက္ရန္အတြက္ အစုိးရထံမွ တရားဝင္ ခြင့္ျပဳခြင့္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း ၄င္းကေျပာသည္။

 

“အစိုးရကိုယ်တိုင် ဘုရားမြေထဲ ကျူးကျော်ခြင်း”

NLD အစိုးရ ဗုဒ္ဓဘာသာအပေါ်ထားတဲ့ သဘောထားကို လက်တွေ့ပြဆိုလိုက်တာပါပဲ။ နှစ်ပေါင်းများစွာက ဘုရားမြေ၊ စစ်အစိုးရပေးခဲ့တယ်ဆိုပြီး မီးသတ်စခန်းအကြောင်းပြ ဘုရားမြေ ပြန်လုတဲ့ပွဲပါ။

မြေရှားလို့လည်းမဟုတ်ဘူး။
မြေမရှိလို့လည်း မဟုတ်ဘူး။
ဘုရားမြေကို လိုချင်လို့။
တံတိုင်းလည်းခတ်ထားတယ်။
ဂေါပကလည်းရှိတယ်။
သြဝါဒါစရိယလည်း ရှိတယ်။
ဥပဒေကြောင်းအတိုင်းပဲသွားရမှာ။
အခုတော့ ဂေါပကလည်း ထည့်မတွက်။
သြဝါဒါစရိယလည်း ထည့်မတွက်။
ရွာသူရွာသားတွေကိုလည်း ထည့်မတွက်။

အစိုးရက ဓားပြပုံပေါက်နေပြီး ပြည်သူက ဓားပြအတိုက်ခံရတဲ့ပုံစံမျိုး သက်ရောက်နေတာပါ။ မြို့နယ်ထွေအုပ်ရဲ့နောက်ကွယ်မှာ လက်မည်းကြီးတွေရှိနေလို့သာ ဘုရားဝန်းထဲအထိ ကျူးကျော်ရဲတာပါ။

ဒါမှမဟုတ် နိုင်ငံအုပ်ချုပ် မင်းလုပ်တဲ့သူတွေကိုယ်တိုင်က ဘာသာ သာသနာကို စော်ကားခွင့်ပြုထားလို့ အခုလို သာသနာဖျက်လုပ်ငန်းတွေ လက်ရဲဇတ်ရဲ လုပ်လာတာလားလို့ မေးခွန်းထုတ်စရာပါပဲ။

ဝီရသူ(မစိုးရိမ်)
3.4.2018
PM 11:34

“ကျိုက္ခမီမြို့ရှိ မြစိမ်းရောင်ဘုရား ဝတ္တကမြေအား မီးသတ်အုပ်စုမှ ရယူမှု မွန်ပြည်နယ်အစိုးရခွင့်ပြုခဲ့သော်လည်း တရားမဝင်ရွှေလှေဗလီအား မဖျက်ရဲ”

ဇင်နိုင်၊ ရဲကျော်ထက်

မွန်ပြည်နယ်တွင်တည်ရှိသော ကမ္ဘာကျော်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် ကျိုက္ခမီရေလယ်ဘုရားကြီးအနီးရှိ သမိုင်းဝင်မြစိမ်းရောင်စေတီပုရဝဏ်အတွင်း ဆောက်လုပ်ထားသော မီးသတ်အဆောက်အအုံနှင့် ပတ်သက်ပြီး ဖြေရှင်း၍မရနိုင်ပေ။

သမိုင်းဝင်မြစိမ်းရောင်စေတီမှာ အင်္ဂလိပ်ခေတ်မတိုင်မီ တည်ထားကိုးကွယ်ခဲ့သော စေတီတစ်ဆူဖြစ်ပြီး စေတီဝင်းအတွင်း မီးသတ်အဆောက်အအုံ တည်ဆောက်မှုနှင့်ပတ်သက်၍ ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံများမှ သတင်းစာရှင်းလင်းပွဲနှင့် ဆန္ဒထုတ်ဖော်ခဲ့မှုများ ပြုလုပ်ခဲ့ကြသည်။

“မွန်ပြည်နယ်ဝန်ကြီးချုပ်က ကျိုက္ခမီမြို့ထဲမှာရှိတဲ့ မြစိမ်းရောင်ဘုရားမြေက ဂရန်မရှိဘူးလို့ပြောပြီး၊ ပြည်သူတွေကန့်ကွက်နေတဲ့ကြားကနေ အာဏာမတရားတဲ့နည်းလမ်းတွေသုံးပြီး အကြိမ်ကြိမ်ကျူးကျော်နေတဲ့ မီးသတ်အဆောက်အအုံကို တိုးချဲ့တာတွေ ခွင့်ပြုပေးခဲ့တယ်”ဟု ကျိုက္ခမီမြို့ သုသာန်ကျောင်းဆရာတော်ဘဒ္ဒန္တ ဝိသုဒ္ဓစာရကပြောသည်။

အဆိုပါမြေနှင့်ပတ်သက်၍ ၂၀၁၇ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သံဖြူဇရပ်မြို့ ကျိုက္ခမီမြို့ဆင်ပုန်းကျောင်းတွင် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာတော်များနှင့် ရပ်ကွက်နေပြည်သူလူထု ဖြေရှင်းညှိနှိုင်းချက်များအရ ဘုရားမြေအပြင်ဘက် သုသာန်ကျောင်းဆရာတော်ပေးခဲ့သည့် မြေအကျယ် ၀ ဒဿမ ၁၀၃ ဧကကို မီးသတ်အဆောက်အအုံမြေအဖြစ် အသုံးပြု ညှိနှိုင်းဆောင်ရွက်ရန် သဘောတူခဲ့သည်။ ထိုသို့ မီးသတ်အဆောက်အအုံ အသုံးပြုမှုကြောင့် ဘုရားစေတီ ကွယ်ခြင်းနှင့် မုခ်ဦးမှာအဆောက်အအုံနှင့် မလွတ်သဖြင့်အသုံးပြုနိုင်ခြင်း မရှိတော့ကြောင်း ဆရာတော်က မိန့်သည်။

ထို့နောက် ဘုရားမြေနှင့်မီးသတ်မြေကို ရှင်းလင်းတိကျစေရန်အတွက် နယ်နိမိတ်သတ်မှတ်ပြီး ပြည်သူများနှင့် ဘုရားဂေါပကအဖွဲ့တို့မှ ၂၀၀၀ ခုနှစ်တွင် အုတ်တံတိုင်းခတ် သံဆူးကြိုးဆွဲကာ ကာရံခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မှ တားမြစ်ကန့်ကွက်ခြင်းမရှိခဲ့ကြောင်း၊ တစ်နှစ်ကျော်အကြာတွင် မီးသတ်အဆောက်အအုံများအား ဘတ်ဂျက်ငွေထပ်ကျလာသဖြင့် ထပ်မံတိုးချဲ့ရန်အတွက် ဘုရားမြေကို မီးသတ်အဆောက်အအုံအတွက် တိုးချဲ့ကျူးကျော်ပြီး မြေ ၀ ဒဿမ ၁၇၂ ဧကကို လျှောက်ထားခဲ့ကြပြီး ဘုရားမြေကိုမပေးနိုင်သဖြင့် ကန့်ကွက်စာအား ၂၀၁၇ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြည်သူလူထု ၃၀၀ ကျော်မှ လက်မှတ်ရေးထိုး၍ ဝန်ကြီးချုပ်ထံ တင်ပြခဲ့ကြောင်း၊ ဆရာတော်မှ ဆက်လက်မိန့်ကြားသည်။

ကျိုက္ခမီမြို့ မြစိမ်းရောင်ဘုရားမြေသည် လွန်ခဲ့သောနှစ်ပေါင်း တစ်ရာကျော်ခန့်မှ ဘုရားမြေအဖြစ်အသုံးပြုခဲ့ပြီး ခေတ်အဆက်ဆက်အစိုးရလက်ထက်များတွင်လည်း ဘုရားမြေအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း၊ မြေတိုင်းတာပေးခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်တွင် ဘုရားအဝင်မုခ်ဦးကို အလှူရှင်များမှ လှူဒါန်းခဲ့ပြီး ခုနှစ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဘုရားမုခ်ဦးတည်ဆောက်ခြင်းနှင့် နယ်နိမိတ်သတ်မှတ်ခြင်းများ ကိုလည်း မည်သူတစ်ဦးတစ်ယောက်မှ ကန့်ကွက်ခြင်းမရှိသလို အားလုံးမှ အသိအမှတ်ပြုခဲ့မှုများလည်း ရှိခဲ့ကြောင်း ဒေသခံများမှ ပြောကြားသည်။

“အခုအစိုးရက ပြည်သူတင်မြှောက်ထားတဲံပြည်သူ့အစိုးရဖြစ်လို့ အမိန့်အာဏာနဲ့ ဘုရားမြေသိမ်းလို့မရဘူး။ အာဏာကိုအသုံးပြုသိမ်းဆည်းခြင်းက ပြည်သူ့အစိုးရမဟုတ်ဘူး။ အာဏာရှင်အစိုးရသာဖြစ်ပါတယ်။ အစိုးရမြေဆိုတာက အခြေခံဥပဒေမရှိစဉ်က အသုံးအနှုန်းဖြစ်တယ်”ဟု မြစိမ်းရောင်ဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးအောင်ကိုလတ်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၃တွင် နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်ဟုပြဋ္ဌာန်းထားပြီး ယခုအခါ မကူညီသည့်အပြင် ဘုရားမြေကို အဖွဲ့အစည်းအဆောက်အအုံဆောက်လုပ်ရာတွင် ခွင့်ပြုပေးသောဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့် အဆောက်အအုံများ ဆောက်လုပ်ခြင်းအတွက် ပိုင်ဆိုင်မှုမြေဂရန်ရှိ၊ မရှိကို မစစ်ဆေးဘဲ ဆောက်လုပ်ခြင်းသည် ဥပဒေနှင့်ညီညွတ်မှုမရှိကြောင်း၊ ပတ်ဝန်းကျင်ကန့်ကွက်မှုရှိ၊ မရှိ ဥပဒေအတိုင်း ဆောင်ရွက်သင့်ကြောင်း၊ ဘုရားမြေနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ဖြစ်လာပါက ဘုရားကျောင်းဝတ္တကမြေ၊ ဂရန်မြေပိုင်ဆိုင်မှုနှင့် စပ်လျဉ်းသော ပြဿနာများကိုကိုင်တွယ်ဖြေရှင်းရသူ အဆင့်ဆင့်သော အဖွဲ့အစည်းများသည် ဥပဒေရှုထောင့်မှမဟုတ်ဘဲ ဝိနည်း၊ အဋ္ဌာကထာရှုထောင့်မှ မည်သို့ ပညတ်ထားသည်ကို လေ့လာဆုံးဖြတ်သင့်ကြောင်း ၎င်းက ဆိုသည်။

သမိုင်းဝင် မြစိမ်းရောင်စေတီသည် လွန်ခဲ့သောနှစ်ပေါင်း တစ်ရာကျော်မှ တည်ရှိသောစေတီဖြစ်ကာ ဘုရားမြေအဖြစ် ယခုအသုံးပြုနေသည့်မြေသည် မြေစာရင်းမှတ်တမ်းအရ ဗိုလ်တဲမြေ လွတ်လပ်ရေးရပြီးနောက် မဆလခေတ်မှ ခေတ်အဆက်ဆက်သော အစိုးရမင်းတို့လက်ထက်၌ ဘုရားမြေအဖြစ် အသုံးပြုခဲ့ရာ ထို့အတူ ဘုရားစေတီမုခ်ဦးလှူဒါန်းမှုကမ္ပည်းတွင်လည်း ၂၀၀၂ ခုနှဏ်က လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၇ ခုနှစ်မှ မီးသတ်မြေအတွက် သုသာန်ကျောင်းဆရာတော်ထံ လာရောက်တောင်းဆိုသဖြင့် မုခ်ဦးအပြင်ဘက်ကို ခွင့်ပြုပြီးနောက်ပိုင်းမှသာ ယင်းမြေသည် ဘုရားမြေမဟုတ်၍ အစိုးရပိုင်မြေအဖြစ် အာဏာရှင်လက်အောက်သို့ ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဘုရားမြေက ခေတ်အဆက်ဆက်က တည်ရှိခဲ့တာကို သာသနာရေးဦးစီးဌာန၊ မြေစာရင်းဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့က အလုပ်မလုပ်ဘဲ လျစ်လျူရှုထားခဲ့တော့ ဘုရားမြေက ဂရန်မကျတာဖြစ်ပါတယ်”ဟု ဦးအောင်ကိုလတ်မှ ဖြည့်စွက်ပြောကြားသည်။

တောသူတောင်သားများသည် ဂရန်အကြောင်းကို နားမလည်သဖြင့် မိမိတို့နေထိုင်သည့်အိမ်ကိုပင် ဂရန်မလုပ်ကြကြောင်း၊ ထို့ကြောင့် ဘုရားမြေကိုလည်း ယခုကဲ့သို့ လူလည်များသိမ်းဆည်းမည်ဟု မထင်မှတ်ထားသဖြင့် ဂရန်ပြုလုပ်ရန် မတွေးမိခဲ့ကြောင်း၊ ခေတ်အဆက်ဆက်မင်းများမှာလည်း ဘုရားမြေကိုမသိမ်းဆည်းခဲ့ကြကြောင်း၊ ယခုအစိုးရဂလက်ထက်ကျမှသာ ဘုရားသာသနာမြေကို ဖျက်ဆီးနေသလားဟု တွေးမိနေကြောင်း ယင်းက ဆိုသည်။

“ဘုရားမြေကို မုဆိုးမအိမ်မြေလောက်တောင် တန်ဖိုးမထားဘဲ ရက်ရက်စက်စက် သိမ်းဆည်းခဲ့ခြင်းအတွက် ပြည်သူတွေက အာဏာရှင်မို့ လက်တုံ့မပြန်နိုင်သော်လည်း မိမိတို့စိတ်ထဲက မုန်းတီးမိတယ်။ ဒါပေမဲ့ မိမိတို့နိုင်ငံသား ရပိုင်ခွင့်တွေကိုတော့ ဆက်လက် တောင်းဆိုသွားမယ်။ တောင်းဆိုတဲ့အချိန် သေဆုံးခဲ့ရင် ဝိညာဉ်အဖြစ်နဲ့ ဆက်လက်ဆောင်ရွက်သွားမယ်”ဟု လိုက်ပါဆောင်ရွက်သူ ကိုအောင်မြင့်က ပြောသည်။

အဆိုပါဖြစ်စဉ်သည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်ပင်ဝမ်းနည်းစရာကောင်းကြောင်း၊ နှစ်ပေါင်းရာချီတည်တံ့လာသည့် ဘုရားမြေသည် မနေ့တစ်နေ့မှ ဖြစ်ပေါ်လာသော မီးသတ်အဆောက်အအုံကြောင့် ဘုရားကွယ်ခြင်း၊ မုခ်ဦးကွယ်ခြင်းအဖြစ်မျိုးနှင့် ကြုံရမည့်အပြင် အုတ်စည်းရိုးမုခ်ဦးတည်ဆောက်ပြီးမှ ဘုရားမြေအတွင်း လူမဆန်စွာ အာဏာကိုအသုံးပြု၍ ဘုရားမြေကို အစိုးရမြေ ဂရန်မရှိဟူသော လူတန်းစားတစ်စု၏ အတင်းဝင်ရောက် ထပ်မံသိမ်းဆည်းခံရခြင်းသည် မိမိတို့ ဗုဒ္ဓဘာသာဝင်များအတွက် အလွန်ပင်ရှက်စရာသမိုင်းတစ်ခုဖြစ်နေကြောင်း မွန်ပြည်နယ်အစိုးရသည် ဘုရားမြေကိုသာ အတင်းအဓမ္မသိမ်းဆည်းခဲ့သော်လည်း မွန်ပြည်နယ် ဘီးလင်းမြို့တွင် တရားမဝင်ဆောက်လုပ်ထားသည့် ဂရန်မရှိသော ရွှေလှေဗလီကို ဝန်ကြီးချုပ် ဦးမင်းမင်းဦး လက်ထက်ကပင် ဖျကိသမ်းမိန့် နှစ်ကြိမ်ကျခဲ့သည့်တိုင်အောင် မည်သည့်အစိုးရအဖွဲ့တစ်ဦးကမျှ၊ မည်သည့်ဝန်ကြီးချုပ်ကမျှ မဖျက်သိမ်းရဲပေ။ ဗုဒ္ဓဘာသာဘုရားမြေကို ငရဲမကြောက်ဖားစီး၊ ငါးစီးသိမ်းဆည်းခဲ့ပြီး တရားမဝင်ကုလား ဗလီအား အသံပင်မထွက်ရဲခဲ့ကြောင်း မွန်ပြည်နယ်အစိုးရသည် ထိုမျှလောက်ပင် အမျိုးဘာသာကို စောင့်ထိန်းသူများဖြစ်နေကြကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၏ ဘာသာရေးစိတ်ဓာတ်သည် အလွန်ပင် ညံ့ဖျင်းကြောင်း ၎င်းက ဆိုသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြေစာရင်း၊ သာသနာရေး၊ မီးသတ်စသော ဌာနဆိုင်ရာများသည် ဘက်လိုက်ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြခဲ့သော်လည်း မွန်ပြည်နယ်ဝန်ကြီးချုပ်သည် ဘာသာ သာသနာနှင့်ဆိုင်သည့် ကိစ္စများကို မှန်ကန်စွာမသုံးသပ်ဘဲ ဘုရားမြေကို သိမ်းဆည်းခွင့်ပြုခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့်အချိန်တွင် ဘုရားမြေများအား မီးသတ်အဖွဲ့နှင့် လက်နက်ကိုင်ရဲအပါအဝင် လူလေးဆယ်ခန့်မှာ အတင်းအဓမ္မ ဝင်ရောက်၍ မြေသန့်တရားနာပြုလုပ်ပြီး အချိန်နှင့်တပြေးညီ မည်သူတစ်ဦးတစ်ယောက်မှ မဝင်ရောက်အောင် တားဆီး၍ ထိုနေ့ညပိုင်းတွင် မြေတူစးစက်ဖြင့် မြေတူးဖော်ခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများမှ သံဖြူဇရပ်မြို့ပေါ်တွင် ဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ခဲ့သော်လည်း ဘုရားမြေတွင် ဆက်လက် အတင့်ရဲစွာလုပ်ကိုင်လျက်ရှိကြောင်း ကိုအောင်မြင့်က ပြောကြားသည်။

“မွန်ပြည်နယ်အစိုးရက အမျှော်အမြင်ကင်းမဲ့စွာနဲ့ ဘုရားမြေကို သိမ်းဆည်းတာက အစိုးရတစ်ရပ်လုံးကို ထိခိုက်စေတာဖြစ်တာကို သတိပြုစေချင်ပါတယ်။ ကျွန်တော်တို့က ပြောင်းလဲဖို့အတွက် လက်ရှိအစိုးရကို မဲပေးခဲ့တယ်။ အာဏာရှင်ကိုမုန်း၍ မဲပေးခဲ့တာဖြစ်တယ်။ အခုဟာက အောက်ခြေပြည်နယ်အစိုးရမှ ပြည်သူလူထုကို အာဏာရှင်သဖွယ် ဆက်ဆံခဲ့ရုံသာမကဘဲ ဘုရားမြေကိုပင် သိမ်းဆည်းခြင်းတွေက အလွန်ပင်စိတ်ထိခိုက်ခဲ့ရပါတယ်”ဟု လိုက်ပါဆောင်ရွက်သူ ကိုသိန်းဌေးကပြောသည်။

မီးသတ်အဆောက်အအုံဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ မြေလွတ်နေရာခွင့်ပြုချက်မကျမီ အဆောက်အအုံကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအဆောက်အအုံ ဆောက်လုပ်ရာတွင် အဆောက်အအုံပုံစံနှင့် ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ မြေမိန့်မကျဘဲ လက်လွတ်စပယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဆောက်လုပ်မှုကြောင့် မုခ်ဦးနှင့်ဘုရားစေတီမှာ မီးသတ်အဆောက်အအုံကြောင့် ကွယ်သွားပြီး အိမ်သာဆားဗစ်ကန်များကိုလည်း ဘုရားစေတီဘက်အတွင်း ပြုလုပ်ခဲ့ကာ စေတီမြေအတွင်းသို့ ပေတစ်ရာ ထပ်မံကျူးကျော်ခဲ့သည်။ ထိုဖြစ်စဉ်အား ရပ်ကွက်နေပြည်သူများမှ ကန့်ကွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ သုသာန်ကျောင်းဆရာတော်နှင့် ဦးဆောင်သူများမှ ပြည်နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်တွေ့ဆုံရာတွင် ပြည်နယ်မီးသတ်ဌာနမှ အဆိုပါ မြေလျှောက်ထားခြင်းအား ၎င်းတို့ မညွှန်ကြားထားကြောင်း၊ ရေဂါလန်နှစ်သောင်းအား ယခုမီးသတ်အဆောက်အအုံနေရာတွင်သာ မြေအောက်ကန်အဖြစ် ဆောက်လုပ်ရန် ညွှန်ကြားထားကြောင်း၊ ရေဂါလန်နှစ်သောင်းမှာလည်း လက်ရှိနေရာတွင် မြေနေရာလုံလောက်ကြောင်း၊ ဘုရားမြေနှင့် လွတ်ကင်းကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။

ထို့အတူ သာသနာ့ဂရန်မြေမကျသေးသဖြင့် သာသနာ့မြေဟု မသတ်မှတ်သင့်ကြောင်း၊ ဆရာတော်များမှ ဘုရားမြေကိုပေးခြင်းဆိုသည်မှာ အဆိုပါမြေကို သံဃာများအနေဖြင့် စီမံခန့်ခွဲ၍ မရကြောင်း၊ သာသနိကအဆောက်အအုံကို သံဃာမပိုင်ကြောင်း၊ သာသနိကအဆောက်အအုံဆိုသည်မှာ သာသနာကသာ ပိုင်ဆိုင်ကြောင်း၊ ထို့အတူ ဘုရားမြေကိုလည်း သံဃာမပိုင်ကြောင်း၊ သာသနာကပိုင်သဖြင့် စီမံခန့်ခွဲ၍ မရကြောင်း၊ ဘုရားမြေဆိုသည်မှာ ရှေးဘုရင်များကပင် သိမ်းယူ၍မရကြောင်း၊ သမိုင်းစာပေများတွင် ဖော်ပြထားသည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မီးသတ်စခန်းဆောက်လုပ်ရန်အတွက် မြေနေရာသတ်မှတ်ပေးပါရန် တင်ပြလာခြင်းကိစ္စနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးချက်တွေ့ရှိချက်မှာ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်ပင်လယ်ရပ်ကွက်၊ အကွက်အမှတ်(၂) ဦးပိုင်အမှတ်(၇) မြေချိန်ဧရိယာ ၀ ဒဿမ ၁၇၂ ဧကရှိမြေကို မီးသတ်စခန်းအဖြစ် အသုံးပြုရန် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁၂ ရက်နေ့တွင် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါ လျှောက်ထားသော မြေမှာ အစိုးရအဆောက်အအုံမြေ P-W-D ဗိုလ်တဲကြီး အသုံးပြုခွင့်ရရှိထားသော မြေအဖြစ် စာရင်းအမှတ်အသား ထားရှိသော မြေဟု စစ်ဆေးချက်တွေ့ရှိခဲ့ကြောင်း ဒေသခံတို့၏ ပြောကြားချက်အရ သိရသည်။
ယင်းမြေနှင့်ပတ်သက်၍ မြေဧက ၁၂ ဒဿမ ၃၈၈ ဧကအနက် လက်ရှိမြေပြင်တွင် ကျိုက္ခမီမြို့ မြို့မဘောလုံးကွင်း ၇ ဒဿမ ၃၅၀ဧက လူနေအိမ်များ အသုံးပြုထားမှု ၂ ဒဿမ ၇၃၀ဧက၊ လမ်းမြေ ၀ ဒဿမ ၉၂၃ဧက၊ စာသင်ကျောင်း ၀ ဒဿမ ၉၂၃ဧက၊ မြစိမ်းရောင်ဘုရားမြေ ဝဒဿမ ၂၃၈ ဧကနှင့် ယခုမီးသတ်စခန်းမြေအဖြစ် လျာထားသောမြေ ဝဒဿမ ၁၇၂ ဧကတို့ အသီးသီး အသုံးပြုထားကြောင်း သိရသည်။

မီးသတ်စခန်းဆောက်လုပ်ရန် မြေနေရာသတ်မှတ်ပေးမှု တင်ပြလာခြင်းနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ် သြဂုတ်လ ၄ ရ၇က်နေ့မှာ မြို့နယ်မီးသတ် ဦးစီးမှူး ဦးအောင်ကျော်ထွေးမှ ၎င်းအနေဖြင့် သံဖြူဇရပ်မြို့နယ်တွင် တာဝန်ရယူချိန်၌ မြို့နယ်အတွင်း မီးဘေးလုံခြုံရေးကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း၊ ထို့အပြင် ကျိုက္ခမီမြို့ အင်္ဂါနှင့်အညီဖြစ်စေရေး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှူးထံ တင်ပြ၍ မီးသတ်စခန်းနှင့် မီးသတ်ရေယာဉ်များရရှိရေး တင်ပြဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ အဆိုပါ မီးသတ်စခန်း ဆောက်လုပ်ရေးအတွက် လက်ရှိစခန်းတွင် မြေနေရာကျဉ်းသဖြင့် နေရာသစ်ရှာဖွေနေကြောင်း နေရာသစ်ရရှိပါက မီးသတ်စခန်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါနေရာအား မြို့အထောက်အကူအဖွဲ့များ၊ ဌာနဆိုင်ရာများ ရပ်မိရပ်ဖများမှ ကူညီဆောင်ရွက်ပေးပါရန် ဦးအောင်ကျော်ထွေးမှ တင်ပြခဲ့ကြောင်း သိရသည်။

လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဦးမျိုးညွန့်မှ ကျိုက္ခမီမြို့တွင် မီးသတ်စခန်း ဆောက်လုပ်မည့် အစီအစဉ်နှင့် ရန်ပုံငွေရရှိရေးတို့အား မိမိတို့ ယခင်အစိုးရလက်ထက်တွင် ချပေးခဲ့ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်မှ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ယခု မီးသတ်စခန်းမြေနေရာအတွက် မိမိတို့အနေဖြင့် တာဝန်ယူ ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ မြေလွတ်အနေဖြင့် ဘောလုံးကွင်းများလွတ်နေပါသဖြင့် မီးသတ်ဦးစီးဌာနအနေဖြင့် အထောက်အကူပြု ကော်မတီများ၊ ရပ်မိရပ်ဖများ၊ ကန့်ကွက်ရန်မရှိကြောင်း၊ မိမိတို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီးသတ်စခန်းသည် မရှိမဖြစ်လိုအပ်ကြောင်း ၎င်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြို့အထောက်အကူပြုကော်မတီ ဆွေါ်နွေးချက်များမှာ မိမိတို့အတွက် မီးသတ်စခန်းသည် မရှိမဖြစ် လိုအပ်ပါကြောင်း ယခုဘောလုံးကွင်းဘေးရှိ မြေနေရာအား အစိုးရမီးသတ်ဌာန ဆောက်လုပ်မည်ဆိုပါက မိမိတို့ကော်မတီသုံးရပ်အနေဖြင့် ကန့်ကွက်ရန်မရှိကြောင်း ဆွေးနွေးခဲ့သည်။ ယင်းကိစ္စများနှင့်ပတ်သက်၍ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျိုက္ခမီမြို့အင်္ဂါရပ်နှင့်အညီ နယ်မြေမီးသတ်စခန်း ဆောက်လုပ်ရေးအတွက် မြို့မိမြို့ဖများ၊ မြို့အထောက်အကူပြုကော်မတီလေးရပ် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ကန့်ကွက်ရန်မရှိပါသဖြင့် မီးသတ်ဦးစီးဌာန မြေနေရာအား အသုံးပြုခွင့်ရရှိရေး ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

“ကျိုက္ခမီ မီးသတ်အဆောက်အအုံနဲ့ပတ်သက်လို့ အခုဘတ်ဂျက် သိန်းနှစ်ရာက ရေကန်နဲ့ အဝီစိတွင်းအတွက် ပေးတယ်။ အဆောက်အအုံကတော့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ကျပ်သိန်း ၁၀၈၀ ကို ပေးခဲ့တယ်။ မြေနေရာကိုတော့ ဆရာတော်နဲ့ ဒေသခံတွေက ရှာပေးခဲ့တာပါ” ဟု သံဖြူဇရပ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဒုဦးစီးမှူး ဦးအောင်ကျော်ထွေးမှ ပြောသည်။
အဆိုပါ မြေနေရာသည် အစိုးရပိုင် မြေနေရာဖြစ်ပြီး ယင်းနေရာတွင် တည်ဆောက်ရန်အတွက် အစိုးရထံမှ တရားဝင် ခွင့်ပြုခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။