Daily Archives: April 4, 2018

မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၇၇

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မင်းကင်းမြို့၊ ကန်တော်ပရိယတ္တိစာသင်တိုက် ဦးတေဇနိယ (မ.ဘ.သ ဒုဥက္ကဋ္ဌ) မှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (26.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ...
သတင်း

ရုပ်ပွားတော်သာသနာပြုနည်း

တစ်နေ့တွင် ကျွန်ုပ်၏ ဓမ္မမိတ်ဆွေများက ဆွမ်းစားလာပင့်ကြ၏။ အိမ်မှာ နိုင်ငံခြားသာသနာပြု ဆရာတော်နှစ်ပါးကြွလာ၍ ဆွမ်းကပ်ရင်း ဆွမ်းတစ်ဝိုင်းစာပြည့်အောင် စီစဉ်ပြီး လာပင့်ခြင်းဖြစ်၏။ နိုင်ငံခြားသာသနာပြုဆရာတော်များကို ဖူးခွင့်ရ၍ ဝမ်းသာကြောင်း နိုင်ငံခြားသာသနာပြုရာ၌ အခက်ခဲများ အောင်မြင်မှုများ ပြုပုံပြုနည်းများ သိရမှာဖြစ်၍ ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ဆွမ်းဒကာအလာ ပြောလိုက်မိလေသည်။ ထိုအခါ ဆွမ်းဒကာက ဆရာတော်နှစ်ပါးစလုံးက အလွန်အေးကြကြောင်း စကားနည်းကြကြောင်း သူတို့အချင်းချင်းပင် စကားမပြောကြကြောင်း ငူငူကြီးထိုင်နေသည်ကိုသာ တွေ့ရကြောင်း ကျွန်ုပ်နှင့်တွေ့လျှင်တော့ ပြောဖြစ်မည်ထင်ကြောင်း ပြန်လျှောက်လေသည်။ ဆွမ်းဒကာအိမ်ရောက်သည့်အခါ ဆရာတော်နှစ်ပါးစလုံးအား ဖူးတွေ့ရပါသည်။ တစ်ပါးက အသားညိုညို ကျန်တစ်ပါးက ...
သတင်း

မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇ ဆရာတော်ဘုရားကြီးပူဇော်ပွဲ ပင့်ဖိတ်လွှာ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ လွန်တော်မူခြင်း (၁၅)နှစ်ပြည့် အထိမ်းအမှတ် ပူဇော်ပွဲကို ၁၃၈၀ပြည့်နှစ်၊ ကဆုန်လဆန်း(၁၂)ရက်၊ (၂၆.၄.၂၀၁၈)နေ့တွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိလေးထပ်ကျောင်းကြီး၌ နံနက်(၉း၀၀)နာရီအချိန် စတင်ကျင်းပ ပူဇော်ကြမည်ဖြစ်ပါ၍ တပည့်များစုံညီကျင်းပနိုင်ပါရန် ကဆုန်လဆန်း(၁၁)ရက်နေ့ (25.4.2018) ည(၇း၀၀)နာရီအရောက် မစိုးရိမ်တိုက်သစ်သို့ ကြွရောက်ကြပါမည့်အကြောင်း(နီး+ဝေး)တပည့်အပေါင်းတို့အား ပင့်ဖိတ်လျှောက်ထားအပ်ပါသည်ဘုရား။ ပူဇော်ပွဲဖြစ်မြောက်ရေးဦးဆောင်စီမံအဖွဲ့ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။ ဖုန်း-09.259004300/09.2035013 (မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇ ဆရာတော်ဘုရားကြီး ဂုဏပူဇာ အထူးထုတ်စာစောင်တွင် ပါဝင်သော ဆောင်းပါးခေါင်းစဉ်များကို ပူးတွဲကြေညာထားပါသည်။)   ...
သတင်း

တောင်ကြီးခရီးစဉ်- ၃

21.3.2018 ရက်နေ့ မနက် အရုဏ်ဆွမ်း တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ သီတဂူကျောင်းတိုက်မှာ ဘုဉ်းပေးပါတယ်။ ရွှေတောင်ရပ်ကွက်မှ ဝံသာနုအဖွဲ့ ဝိုင်းတော်သူ ဝိုင်းတော်သားများက စုပေါင်းဆက်ကပ်တာပါ။ ရွှေတောင်ဆရာတော်ကြီးလည်း ကြွရောက်ချီးမြှောက်ပါတယ်။ ဝံသာနုရက္ခိတ ဝိုင်းတော်သားထဲမှာ မန္တလေးသပိတ်စခန်းတုန်းက ဖမ်းခေါ်သွားခံခဲ့ရတဲ့ သပိတ်မယ်တစ်ဦးလည်း ပါဝင်ပါတယ်။ သပိတ်မယ်ရဲ့ အတွေ့အကြုံတွေလည်း နားထောင်ခဲ့ရပါတယ်။ ညီတော်မောင် မြစေတီ အရှင်ဂန္ဓသာရ၊ ဒေါက်တာ အရှင်ဝိမလဝံသ တို့လည်း စာရေးသူနှင့်အတူ ဆွမ်းဘုဉ်းပေးကြပါတယ်။ အရုဏ်ဆွမ်းရော နေ့ဆွမ်းပါ ကပ်လှူကြတာပါ။ စာရေးသူကတော့ သော့ချိတ်လေးတွေ တရားပေါင်းချုပ် စတစ်လေးတွေ စာစောင်လေးတွေ မေတ္တာလက်ဆောင် ပြန်ပေးခဲ့ပါတယ်။   ...
မန်းမဟော်သဓာသတင်း

မန်း မဟော်သဓာ ယဉ်ကျေးလိမ္မာ စာမေးပွဲအောင်စာရင်း

2.4.2018 ရက်နေ့မှာ အောင်ဂေဇက်ထုတ်ခဲ့ပါတယ်။ 31.3.2018 ရက်နေ့မှာ ဖြေဆိုခဲ့တဲ့ စာမေးပွဲအောင်စာရင်းပါ။ အခြေခံအဆင့် ၁၇ဦး အောင်မြင်ကြပါတယ်။ ပ ဒု တ နှင့် နှစ်သိမ့်ဆု (၅)ဆု စုစုပေါင်း (၈)ဆု ပထမအဆင့် အောင်မြင်သူ(၃၁)ဦး။ ပ ဒု တ နှင့် နှစ်သိမ့်ဆု(၅)ဆု စုစုပေါင်း (၈)ဆုကို အထူးဆုအဖြစ် သတ်မှတ်ပေးထားပါတယ်။ ဒီထဲမှာ မန်း မဘသ စာမေးပွဲ တိုင်းအဆင့် ဆက်လက်ဖြေဆိုမည့်သူများကို ဆက်လက် သင်ကြားပို့ချပေးသွားပါမယ်။ ကလေးလေးတွေ အောင်စာရင်းကြည့်ပြီး ပျော်ရွှင်နေတာမြင်ရတော့ မိဘတွေလည်း စိတ်ချမ်းသာကြပါတယ်။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (2.4.2018) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
သတင်း

အစိုးရကိုယ်တိုင် ဘုရားမြေထဲ ကျူးကျော်ခြင်း

NLD အစိုးရ ဗုဒ္ဓဘာသာအပေါ်ထားတဲ့ သဘောထားကို လက်တွေ့ပြဆိုလိုက်တာပါပဲ။ နှစ်ပေါင်းများစွာက ဘုရားမြေ၊ စစ်အစိုးရပေးခဲ့တယ်ဆိုပြီး မီးသတ်စခန်းအကြောင်းပြ ဘုရားမြေ ပြန်လုတဲ့ပွဲပါ။ မြေရှားလို့လည်းမဟုတ်ဘူး။ မြေမရှိလို့လည်း မဟုတ်ဘူး။ ဘုရားမြေကို လိုချင်လို့။ တံတိုင်းလည်းခတ်ထားတယ်။ ဂေါပကလည်းရှိတယ်။ သြဝါဒါစရိယလည်း ရှိတယ်။ ဥပဒေကြောင်းအတိုင်းပဲသွားရမှာ။ အခုတော့ ဂေါပကလည်း ထည့်မတွက်။ သြဝါဒါစရိယလည်း ထည့်မတွက်။ ရွာသူရွာသားတွေကိုလည်း ထည့်မတွက်။ အစိုးရက ဓားပြပုံပေါက်နေပြီး ပြည်သူက ဓားပြအတိုက်ခံရတဲ့ပုံစံမျိုး သက်ရောက်နေတာပါ။ မြို့နယ်ထွေအုပ်ရဲ့နောက်ကွယ်မှာ လက်မည်းကြီးတွေရှိနေလို့သာ ဘုရားဝန်းထဲအထိ ကျူးကျော်ရဲတာပါ။ ဒါမှမဟုတ် နိုင်ငံအုပ်ချုပ် မင်းလုပ်တဲ့သူတွေကိုယ်တိုင်က ဘာသာ သာသနာကို စော်ကားခွင့်ပြုထားလို့ ...