သတင္း

ေတာင္ႀကီးခရီးစဥ္- ၃

21.3.2018 ရက္ေန႔ မနက္ အရုဏ္ဆြမ္း ေတာင္ႀကီးၿမဳိ႕၊ ေရႊေတာင္ရပ္ကြက္၊ သီတဂူေက်ာင္းတုိက္မွာ ဘုဥ္းေပးပါတယ္။
ေရႊေတာင္ရပ္ကြက္မွ ဝံသာႏုအဖြဲ႕ ဝုိင္းေတာ္သူ ဝုိင္းေတာ္သားမ်ားက စုေပါင္းဆက္ကပ္တာပါ။

ေရႊေတာင္ဆရာေတာ္ႀကီးလည္း ၾကြေရာက္ခ်ီးေျမွာက္ပါတယ္။ ဝံသာႏုရကၡိတ ဝုိင္းေတာ္သားထဲမွာ မႏၲေလးသပိတ္စခန္းတုန္းက ဖမ္းေခၚသြားခံခဲ့ရတဲ့ သပိတ္မယ္တစ္ဦးလည္း ပါဝင္ပါတယ္။

သပိတ္မယ္ရဲ႕ အေတြ႕အႀကဳံေတြလည္း နားေထာင္ခဲ့ရပါတယ္။ ညီေတာ္ေမာင္ ျမေစတီ အရွင္ဂႏၶသာရ၊ ေဒါက္တာ အရွင္ဝိမလဝံသ တုိ႔လည္း စာေရးသူႏွင့္အတူ ဆြမ္းဘုဥ္းေပးၾကပါတယ္။

အရုဏ္ဆြမ္းေရာ ေန႔ဆြမ္းပါ ကပ္လွဴၾကတာပါ။ စာေရးသူကေတာ့ ေသာ့ခ်ိတ္ေလးေတြ တရားေပါင္းခ်ဳပ္ စတစ္ေလးေတြ စာေစာင္ေလးေတြ ေမတၱာလက္ေဆာင္ ျပန္ေပးခဲ့ပါတယ္။

 

“တောင်ကြီးခရီးစဉ်- ၃”

21.3.2018 ရက်နေ့ မနက် အရုဏ်ဆွမ်း တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ သီတဂူကျောင်းတိုက်မှာ ဘုဉ်းပေးပါတယ်။
ရွှေတောင်ရပ်ကွက်မှ ဝံသာနုအဖွဲ့ ဝိုင်းတော်သူ ဝိုင်းတော်သားများက စုပေါင်းဆက်ကပ်တာပါ။

ရွှေတောင်ဆရာတော်ကြီးလည်း ကြွရောက်ချီးမြှောက်ပါတယ်။ ဝံသာနုရက္ခိတ ဝိုင်းတော်သားထဲမှာ မန္တလေးသပိတ်စခန်းတုန်းက ဖမ်းခေါ်သွားခံခဲ့ရတဲ့ သပိတ်မယ်တစ်ဦးလည်း ပါဝင်ပါတယ်။

သပိတ်မယ်ရဲ့ အတွေ့အကြုံတွေလည်း နားထောင်ခဲ့ရပါတယ်။ ညီတော်မောင် မြစေတီ အရှင်ဂန္ဓသာရ၊ ဒေါက်တာ အရှင်ဝိမလဝံသ တို့လည်း စာရေးသူနှင့်အတူ ဆွမ်းဘုဉ်းပေးကြပါတယ်။

အရုဏ်ဆွမ်းရော နေ့ဆွမ်းပါ ကပ်လှူကြတာပါ။ စာရေးသူကတော့ သော့ချိတ်လေးတွေ တရားပေါင်းချုပ် စတစ်လေးတွေ စာစောင်လေးတွေ မေတ္တာလက်ဆောင် ပြန်ပေးခဲ့ပါတယ်။