မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
“ပညာရေးအကယ်ဒမီအတွက် ပုညဝဍ္ဎနသုခကာရီအသင်း အလှူတော်”
9.1.2020 ရက်နေ့၊ မနက် ၁၀း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်မှာ လှူဒါန်းပါတယ်။ ဓမ္မစေတီကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်းက ဆရာတော်သံဃာတော်များ၊ ဆရာ ဆရာမများ ကျောင်းသားကျောင်းသူများအား မုန့်မျိုးစုံနှင့် သစ်သီးမျိုးစုံ (၈)အိတ် လှူဒါန်းခြင်း ဖြစ်ပါတယ်။
အလှူရှင်များက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ လန်ဒန်ဝင်းရပ်ကွက်၊ ပုညဝဍ္ဎနသုခကာရီ (ပေါက်စိမ်းဓမ္မာရုံ) အသင်းသားအသင်းသူား ဖြစ်ပါတယ်။
ပညာရေးအကယ်ဒမီ ကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌမှ ရေစက်ချ အနုမောဒနာ ချီးမြှင့်တော်မူပါတယ်။
ပညာရေးအကယ်ဒမီကျောင်းကို အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူနှင့် ဓမ္မစေတီကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အရှင်နာဂိန္ဒာလင်္ကာရတို့က ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ စတင်တည်ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ဆရာ ဆရာမ (၂၃)ဦး၊ ကျောင်းသားကျောင်းသူ (၃၂၀)ဦး ရှိပါတယ်။
ဆက်သွယ်ရန် – ဦးဥက္ကဋ္ဌ(ကျောင်းအုပ်ဆရာတော်) 09781513980