



“ပညာရေးအကယ်ဒမီကျောင်း ဆွမ်းအလှူတော်”

နတ်တော်လပြည့်ကျော် ၄ ရက် (26.12.2018)ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်မှာ လှူဒါန်းပါတယ်။

၎င်းကျောင်းတိုက်မှာဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်း ဆရာတော်သံဃာတော်များ၊ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများအား မနက်ဆွမ်း နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကျွေးမွေးတာပါ။ ဆွမ်းအလှူရှင်များကတော့ မန္တလေးမြို့မှ ဦးသန်းဇော်မြင့်+ဒေါ်ဝင်းမာ၊ သမီး မေမြတ်နိုး မိသားစုတို့ ဖြစ်ပါတယ်။

မနက်စာအဖြစ် အလှူငွေ ငါးသောင်းကျပ်၊ နေ့စာအဖြစ် အလှူငွေ တစ်သိန်းငါးသောင်းကျပ် သတ်မှတ်ထားပါတယ်။ ဆွမ်းနှင့် အခြေခံဟင်းလျာများ အပြည့်အစုံ စီမံထားပါတယ်။
မနက်စာ ဟင်းကောင်းတစ်ခွက်နှင့် အရံဟင်းများ၊ နေ့စာ ဟင်းကောင်းနှစ်ခွက်နှင့် အရံဟင်းများ ကုန်ကျစရိတ်သက်သက်အတွက်သာ အလှူငွေသတ်မှတ်ထားတာဖြစ်ပါတယ်။

အလှူရှင် ဦးသန်းဇော်မြင့်မိသားစု ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။