သတင္း

၂၀၁၈ ဒြတၱႎသတိမ ဓမၼသဘင္ (ေျမာင္-ေက်ာက္တန္း)

နတ္ေတာ္လျပည့္ေက်ာ္ ၃ ရက္ (25.12.2018)ရက္ေန႔၊ ည ၈း၀၀ နာရီ၊ စစ္ကိုင္းတုိင္း၊ ေျမာင္ၿမဳိ႕နယ္၊ ေက်ာက္တန္းရြာ၊ ေက်ာင္းသစ္ေက်ာင္းတုိက္၊ ပ႒ာန္းကမၻာေအး ရွစ္မ်က္ႏွာျမတ္စြာဘုရား ဗုဒၶပူဇနိယပြဲေတာ္ ေအာင္ပြဲအထိမ္းအမွတ္ ဓမၼသဘင္။

ဦးဥကၠံသဦးစီးတဲ့ ပ႒ာန္းေရာင္ျခည္လူငယ္ေလးမ်ားက်င္းပတဲ့ပြဲပါ။ ၂၀၁၈ ခုႏွစ္ရဲ႕ (၃၂)ပြဲေျမာက္ တရားပြဲလည္းျဖစ္ပါတယ္။

တရားပြဲက်င္းပရာ ေက်ာက္တန္းရြာက စာေရးသူရဲ႕ မင္းကြန္းပညာေရးအကယ္ဒမီေက်ာင္း ေက်ာင္းအုပ္ဆရာေတာ္ ဦးဥကၠ႒ရဲ႕ ဇာတိရြာပါ။ ပညာေရးအကယ္ဒမီေက်ာင္းမွာ သင္ၾကားေနတဲ့ ဆရာမ ငါးဦးကလည္း ေက်ာက္တန္းရြာသူေတြပါပဲ။

လူငယ္ေလးမ်ားတည္ေထာင္ထားတဲ့ ပရဟိတအဖြဲ႔အစည္းလည္းျဖစ္၊ ပညာေရးအကယ္ဒမီေက်ာင္းအတြက္ ရိကၡာလည္း လာေရာက္အလွဴခံဦးမွာျဖစ္လုိ႔ အတၱဟိတ ပရဟိတအေၾကာင္း ေဟာၾကားခဲ့ပါတယ္။ အနီေတြ စုိးရိမ္မႈဒီဂရီ ေလ်ာ့က်သြားတာေပါ့ဗ်ာ။

အျမတ္ဆံုးလူသား တရားေတာ္
ပရဟိတသက္သက္သာ ဘုရားမႀကဳိက္ပါ။
အတၱဟိတသက္သက္ဆုိ ဘုရားႀကဳိက္သကို။
အတၱပရ မရတဲ့သူ ထင္းကုလားတံုးႏွင့္တူ။
အတၱပရ မွ်ေသာ္ျငား အျမတ္ဆံုးလူသား။
(အဂၤုတၱရနိကာယ္၊ စတုကၠနိပါတ္၊ ဆဝါလာတသုတၱန္)

“၂၀၁၈ ဒွတ္တိံသတိမ ဓမ္မသဘင် (မြောင်-ကျောက်တန်း)”

နတ်တော်လပြည့်ကျော် ၃ ရက် (25.12.2018)ရက်နေ့၊ ည ၈း၀၀ နာရီ၊ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်တန်းရွာ၊ ကျောင်းသစ်ကျောင်းတိုက်၊ ပဋ္ဌာန်းကမ္ဘာအေး ရှစ်မျက်နှာမြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲအထိမ်းအမှတ် ဓမ္မသဘင်။

ဦးဥက္ကံသဦးစီးတဲ့ ပဋ္ဌာန်းရောင်ခြည်လူငယ်လေးများကျင်းပတဲ့ပွဲပါ။ ၂၀၁၈ ခုနှစ်ရဲ့ (၃၂)ပွဲမြောက် တရားပွဲလည်းဖြစ်ပါတယ်။

တရားပွဲကျင်းပရာ ကျောက်တန်းရွာက စာရေးသူရဲ့ မင်းကွန်းပညာရေးအကယ်ဒမီကျောင်း ကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌရဲ့ ဇာတိရွာပါ။ ပညာရေးအကယ်ဒမီကျောင်းမှာ သင်ကြားနေတဲ့ ဆရာမ ငါးဦးကလည်း ကျောက်တန်းရွာသူတွေပါပဲ။

လူငယ်လေးများတည်ထောင်ထားတဲ့ ပရဟိတအဖွဲ့အစည်းလည်းဖြစ်၊ ပညာရေးအကယ်ဒမီကျောင်းအတွက် ရိက္ခာလည်း လာရောက်အလှူခံဦးမှာဖြစ်လို့ အတ္တဟိတ ပရဟိတအကြောင်း ဟောကြားခဲ့ပါတယ်။ အနီတွေ စိုးရိမ်မှုဒီဂရီ လျော့ကျသွားတာပေါ့ဗျာ။

အမြတ်ဆုံးလူသား တရားတော်
ပရဟိတသက်သက်သာ ဘုရားမကြိုက်ပါ။
အတ္တဟိတသက်သက်ဆို ဘုရားကြိုက်သကို။
အတ္တပရ မရတဲ့သူ ထင်းကုလားတုံးနှင့်တူ။
အတ္တပရ မျှသော်ငြား အမြတ်ဆုံးလူသား။
(အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ဆဝါလာတသုတ္တန်