Daily Archives: December 27, 2018

သတင်း

၂၀၁၈ ဒွတ္တိံသတိမ ဓမ္မသဘင် (မြောင်-ကျောက်တန်း)

နတ်တော်လပြည့်ကျော် ၃ ရက် (25.12.2018)ရက်နေ့၊ ည ၈း၀၀ နာရီ၊ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်တန်းရွာ၊ ကျောင်းသစ်ကျောင်းတိုက်၊ ပဋ္ဌာန်းကမ္ဘာအေး ရှစ်မျက်နှာမြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲအထိမ်းအမှတ် ဓမ္မသဘင်။ ဦးဥက္ကံသဦးစီးတဲ့ ပဋ္ဌာန်းရောင်ခြည်လူငယ်လေးများကျင်းပတဲ့ပွဲပါ။ ၂၀၁၈ ခုနှစ်ရဲ့ (၃၂)ပွဲမြောက် တရားပွဲလည်းဖြစ်ပါတယ်။ တရားပွဲကျင်းပရာ ကျောက်တန်းရွာက စာရေးသူရဲ့ မင်းကွန်းပညာရေးအကယ်ဒမီကျောင်း ကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌရဲ့ ဇာတိရွာပါ။ ပညာရေးအကယ်ဒမီကျောင်းမှာ သင်ကြားနေတဲ့ ဆရာမ ငါးဦးကလည်း ကျောက်တန်းရွာသူတွေပါပဲ။ လူငယ်လေးများတည်ထောင်ထားတဲ့ ပရဟိတအဖွဲ့အစည်းလည်းဖြစ်၊ ပညာရေးအကယ်ဒမီကျောင်းအတွက် ရိက္ခာလည်း လာရောက်အလှူခံဦးမှာဖြစ်လို့ အတ္တဟိတ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်) အမှတ်စဉ်-၃၇၀

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာ၊ ဦးဖိုးပြား+ဒေါ်စီစီမိုး (ရွှေစင်ကြယ်ရွှေပန်းတိမ်)မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (22.12.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ နားဟုတ်ကျေးရွာ၊ ဦးမျိုးသန့်+ဒေါ်နန်းရွှေစိန် မိသားစုမှ နဝကမ္မအလှူငွေ ၂၀၀၀၀ိ (နှစ်သောင်းကျပ်) လှူဒါန်းပါသည်။ (23.12.2018) အလှူရှင် ဦးမျိုးသန့်နှင့်အတူ နှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် ...
သတင်း

ဝီရသူစပွန်ဆာဖြင့် ဆရာဝန်(ဒေါက်တာ)ဘွဲ့ ရရှိသွားသူလေး

ဒီကနေ့ 27.12.2018 ရက်နေ့ မနက်ပိုင်းမှာ သားအဖနှစ်ယောက် ရောက်ရှိလာပါတယ်။ စာရေးသူရဲ့ ထောက်ပံ့မှုနဲ့ ကျောင်းတက်ခဲ့တဲ့ သူ့သားလေး ဆေးကျောင်းတက်တာ အောင်မြင်ပြီးဆုံးလို့ စာရေးသူအား လာရောက်ကန်တော့ခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးကျားအောင်ဖြူက လျှောက်ထားပါတယ်။ သားဖြစ်သူ ရဲထက်အောင် (၂၂)နှစ်ကို ငါးနှစ်နီးပါး ထောက်ပံ့ခဲ့တာပါ။ ဒုတိယနှစ် နှစ်ဝက်မှစပြီး တစ်လ ငါးသောင်း ထောက်ပံ့ခဲ့တာပါ။ ရန်ကုန်မြို့နေ အင်္ဂလိပ်စာကျူရှင်ပြသူ ဆရာကြီးဦးစောဂျိန်း (ခရစ်ယာန်)ဒကာကြီးက ၎င်းရဲ့တပည့် ဆေးကျောင်းတက်နေသူတစ်ဦး အကူအညီလိုကြောင်း စာရေးသူထံ ဆက်သွယ်လာရာမှ ထောက်ပံ့ဖြစ်သွားခြင်း ဖြစ်ပါတယ်။ လူကိုယ်တိုင်တော့ အခုမှပဲ ...