သတင္း

ဝီရသူစပြန္ဆာျဖင့္ ဆရာဝန္(ေဒါက္တာ)ဘြဲ႔ ရရွိသြားသူေလး

ဒီကေန႔ 27.12.2018 ရက္ေန႔ မနက္ပိုင္းမွာ သားအဖႏွစ္ေယာက္ ေရာက္ရွိလာပါတယ္။
စာေရးသူရဲဲ႕ ေထာက္ပံ့မႈနဲ႔ ေက်ာင္းတက္ခဲ့တဲ့ သူ႔သားေလး ေဆးေက်ာင္းတက္တာ ေအာင္ျမင္ၿပီးဆံုးလုိ႔ စာေရးသူအား လာေရာက္ကန္ေတာ့ျခင္းျဖစ္ေၾကာင္း ဖခင္ျဖစ္သူ ဦးက်ားေအာင္ျဖဴက ေလွ်ာက္ထားပါတယ္။ သားျဖစ္သူ ရဲထက္ေအာင္ (၂၂)ႏွစ္ကို ငါးႏွစ္နီးပါး ေထာက္ပံ့ခဲ့တာပါ။
ဒုတိယႏွစ္ ႏွစ္ဝက္မွစၿပီး တစ္လ ငါးေသာင္း ေထာက္ပံ့ခဲ့တာပါ။

ရန္ကုန္ၿမဳိ႕ေန အဂၤလိပ္စာက်ဴရွင္ျပသူ ဆရာႀကီးဦးေစာဂ်ိန္း (ခရစ္ယာန္)ဒကာႀကီးက ၎ရဲ႕တပည့္ ေဆးေက်ာင္းတက္ေနသူတစ္ဦး အကူအညီလိုေၾကာင္း စာေရးသူထံ ဆက္သြယ္လာရာမွ ေထာက္ပံ့ျဖစ္သြားျခင္း ျဖစ္ပါတယ္။ လူကိုယ္တုိင္ေတာ့ အခုမွပဲ ျမင္ဖူးတာပါ။ လူကိုမျမင္ဖူးဘဲ ဆရာဝန္ျဖစ္ေအာင္ လစဥ္ ေထာက္ပံ့ခဲ့တာမ်ဳိးေပါ့ဗ်ာ။

သူတုိ႔တေတြဟာ ရခုိင္ျပည္နယ္အလယ္ပိုင္း ေျမပုံၿမဳိ႕နယ္၊ ကမ္းေထာင္းႀကီးၿမဳိ႕မွာ ေနထုိင္သူမ်ားျဖစ္ၾကပါတယ္။ ရခုိင္တုိ္င္းရင္းသားေတြပါ။ ရခုိ္င္မွန္းလည္းမသိ၊ ျဖဴသလား မဲသလားလည္း မသိဘဲ ေငြေၾကးလုိအပ္တယ္ဆိုလုိ႔ ေထာက္ပံ့ခဲ့ရာမွ ေက်းဇူးသိတဲ့သူေတာ္ေကာင္းေတြျဖစ္ေနလို႔ ဝမ္းသာမဆံုးပါပဲ။

စာႀကဳိးစားျခင္းအခန္းက႑ ၿပီးဆံုးသြားပါၿပီ။ ဆက္လက္ၿပီး အလုပ္ႀကဳိးစားဖုိ႔ ဘုရားတရားၿမဲဖုိ႔ ၾသဝါဒေပးလုိက္ပါတယ္။

ေဒါက္တာရဲထက္ေအာင္ အလုပ္သင္ဆရာဝန္မွသည္ ဆရာဝန္ႀကီး အထူးကုပါရဂူႀကီးအဆင့္ တက္လွမ္းကာ အမ်ဳိးဘာသာ သာသနာအက်ဳိးကို သယ္ပိုးႏုိင္ပါေစေသာ္…ဝ္။

“ဝီရသူစပွန်ဆာဖြင့် ဆရာဝန်(ဒေါက်တာ)ဘွဲ့ ရရှိသွားသူလေး”

ဒီကနေ့ 27.12.2018 ရက်နေ့ မနက်ပိုင်းမှာ သားအဖနှစ်ယောက် ရောက်ရှိလာပါတယ်။
စာရေးသူရဲ့ ထောက်ပံ့မှုနဲ့ ကျောင်းတက်ခဲ့တဲ့ သူ့သားလေး ဆေးကျောင်းတက်တာ အောင်မြင်ပြီးဆုံးလို့ စာရေးသူအား လာရောက်ကန်တော့ခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးကျားအောင်ဖြူက လျှောက်ထားပါတယ်။ သားဖြစ်သူ ရဲထက်အောင် (၂၂)နှစ်ကို ငါးနှစ်နီးပါး ထောက်ပံ့ခဲ့တာပါ။
ဒုတိယနှစ် နှစ်ဝက်မှစပြီး တစ်လ ငါးသောင်း ထောက်ပံ့ခဲ့တာပါ။

ရန်ကုန်မြို့နေ အင်္ဂလိပ်စာကျူရှင်ပြသူ ဆရာကြီးဦးစောဂျိန်း (ခရစ်ယာန်)ဒကာကြီးက ၎င်းရဲ့တပည့် ဆေးကျောင်းတက်နေသူတစ်ဦး အကူအညီလိုကြောင်း စာရေးသူထံ ဆက်သွယ်လာရာမှ ထောက်ပံ့ဖြစ်သွားခြင်း ဖြစ်ပါတယ်။ လူကိုယ်တိုင်တော့ အခုမှပဲ မြင်ဖူးတာပါ။ လူကိုမမြင်ဖူးဘဲ ဆရာဝန်ဖြစ်အောင် လစဉ် ထောက်ပံ့ခဲ့တာမျိုးပေါ့ဗျာ။

သူတို့တတွေဟာ ရခိုင်ပြည်နယ်အလယ်ပိုင်း မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှာ နေထိုင်သူများဖြစ်ကြပါတယ်။ ရခိုင်တိုင်းရင်းသားတွေပါ။ ရခိုင်မှန်းလည်းမသိ၊ ဖြူသလား မဲသလားလည်း မသိဘဲ ငွေကြေးလိုအပ်တယ်ဆိုလို့ ထောက်ပံ့ခဲ့ရာမှ ကျေးဇူးသိတဲ့သူတော်ကောင်းတွေဖြစ်နေလို့ ဝမ်းသာမဆုံးပါပဲ။

စာကြိုးစားခြင်းအခန်းကဏ္ဍ ပြီးဆုံးသွားပါပြီ။ ဆက်လက်ပြီး အလုပ်ကြိုးစားဖို့ ဘုရားတရားမြဲဖို့ သြဝါဒပေးလိုက်ပါတယ်။

ဒေါက်တာရဲထက်အောင် အလုပ်သင်ဆရာဝန်မှသည် ဆရာဝန်ကြီး အထူးကုပါရဂူကြီးအဆင့် တက်လှမ်းကာ အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုးနိုင်ပါစေသော်…ဝ်။