မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း




“ပညာရေးအကယ်ဒမီကျောင်း မွေးနေ့ဆွမ်းအလှူတော်”

နတ်တော်လဆုတ် ၃ ရက်၊ မနက် ၁၁း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်မှာ ဆက်ကပ်ပါတယ်။ ဆရာတော်သံဃာတော်များ၊ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများအား အရုဏ်ဆွမ်းမုန့်ဟင်းခါးနှင့် နေ့ဆွမ်း ဆက်ကပ်တာပါ။
ဦးငြိမ်းချမ်းကိုကိုရဲ့ (၃၀)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှူဒါန်းခြင်းဖြစ်ပါတယ်။

ဆွမ်းကပ်အပြီးမှာ ကလေးများအား မုန့်များဝေငှပါတယ်။ မွေးနေ့အလှူရှင် ဦးငြိမ်းချမ်းကိုကို မိသားစုတို့ ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ…။