သတင်း





“တလမွန်မိသားစုနှင့်အတူ”

19.12.2018 ရက်နေ့၊ မနက်စာစားပြီး မော်လမြိုင်သို့ ထွက်ခွာခဲ့ပါတယ်။ နေ့ဆွမ်းစားချိန်ရောက်တဲ့အခါ ဘီလင်းမြို့ရှိ တလမွန်ထမင်းဆိုင်မှာ ခဏနားပါတယ်။ ဆွမ်းစားပြီးတဲ့အခါ ဆိုင်ရှင်များက လာရောက်ဦးချနှုတ်ဆက်ကြပါတယ်။
ဝီရသူမှန်း အခုမှသိရလို့ပါပဲ။

စာရေးသူရဲ့ ဒကာတွေကို ဒီဆရာတော်ကို မြင်ဖူးတယ် ဘယ်သူလဲလို့ မေးကြည့်တဲ့အခါကျမှ ‘သြော်… သိပြီ သီပြီ ဒီဘုန်းကြီးကို ကုလားတွေက တအားမုန်းတာလေ’တဲ့။
အရောင်းအဝယ်ကောင်းအောင် အဆောင်လေးဘာလေးရှိရင် ပေးပါဦးဆိုလို့ နမောတဿတရားထိုင်နည်းပြပေးပြီး သတိရတိုင်း စိတ်ထဲမှာ နမောတဿရွတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အပြန်ကျရင် သူတို့ဆိုင်မှာပဲ ဆွမ်းဝင်ဘုဉ်းပေးပါဆိုလို့ ၂၀ ရက်နေ့မှာလည်း ဆွမ်းဝင်စားခဲ့ပါတယ်။
ဆွမ်းဟင်းတွေကလည်း စုံနေတာပါပဲ။
မွန်ထမင်း မွန်ဟင်းတွေ ရွေးခြယ်ပြီး စားခဲ့ပါတယ်။
တလမွန်မိသားစု ရောင်းပန်းသာလို့ ဝယ်ပန်းလှပြီး အမျိုးဘာသာ သာသနာအကျိုး သယ်ပိုးနိုင်ပါစေးသော်…ဝ်။