မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

ပညာေရးအကယ္ဒမီေက်ာင္း ဗီယက္နမ္ဘုန္းေတာ္ႀကီး ဘိကၡဳအာနႏၵာ၏ အလွဴေတာ္

သီတင္းကၽြတ္လျပည့္ေက်ာ္ ၁ ရက္ (25.10.2018)ရက္ေန႔၊ မနက္ ၁၀း၀၀ နာရီ၊ စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းေတာင္ရိုး၊ ဓမၼေစတီေက်ာင္းတုိက္ ပညာေရးအကယ္ဒမီေက်ာင္းသူေက်ာင္းသားေလးမ်ား ဆရာ ဆရာမမ်ား၊ ဆရာေတာ္မ်ား၊ ေဝယ်ာဝစၥပုဂၢဳိလ္မ်ားအား ဗီယက္နမ္ဘုန္းေတာ္ႀကီး ဘိကၡဳအာနႏၵာႏွင့္ ႏွမအရင္း သီလရွင္ဆရာေလးတုိ႔က အလွဴေငြမ်ား လွဴဒါန္းခဲ့ၾကပါတယ္။

ဆရာ/မမ်ားအား ႏွစ္ေသာင္းက်ပ္စီ
ေက်ာင္းသား/သူမ်ားအား တစ္ေသာင္းက်ပ္စီ
ေဝယ်ာဝစၥမ်ားအား ငါးေထာင္က်ပ္စီ
ဆရာေတာ္မ်ားအား ႏွစ္ေသာင္းက်ပ္စီ
လွဴဒါန္းခဲ့ၾကပါတယ္။
ပညာေရးအကယ္ဒမီေက်ာင္းအတြက္လည္း အလွဴေငြ ငါးသိန္းက်ပ္ သီးသန္႔လွဴဒါန္းသြားပါေသးတယ္။

ဘိကၡဳအာနႏၵာ ေမာင္ႏွမႏွစ္ပါးက ဆရာေတာ္အရွင္ဇဝန(ရဲေဘာ္ႀကီး)ႏွင့္ အိႏၵိယမွာ ေက်ာင္းတက္ရင္း ခင္မင္ရင္းႏွီးခဲ့ၾကတာပါ။
ျမန္မာျပည္ကိုေရာက္ခုိက္ စာေရးသူႏွင့္ေတြ႔ခ်င္တယ္ဆုိလုိ႔ တပည့္ညီေတာ္ေမာင္ အရွင္ဇဝန(ရဲေဘာ္ႀကီး)က မင္းကြန္းအထိ လုိက္လံပို႔ေဆာင္ေပးျခင္းပဲ ျဖစ္ပါတယ္။
၎ေမာင္ႏွမႏွစ္ပါးလံုးက စာေရးသူပုံအား ဖိုတိုေရွာ့ျဖင့္ ဖန္တီးကာ မဟုတ္မဟတ္ေတြ လုပ္ႀကံထားၾကတာေတြကို လုိင္းေပၚမွာ အၿမဲေတြ႔ရွိရေၾကာင္း၊ စာေရးသူအေၾကာင္းစံုစမ္းတဲ့အခါ တျခားစီျဖစ္ေနေၾကာင္း ေလွ်ာက္ထားၾကပါတယ္။

စာဝါေတြပိတ္တုန္း မင္းကြန္းေရာက္ေနတာနဲ႔ မင္းကြန္းအထိလုိက္လာကာ တကူးတကဖူးၾကျခင္းျဖစ္ပါတယ္။ ကေလးေတြလည္း အင္မတန္ကံေကာင္းသြားပါတယ္။ တပည့္အရွင္ဇဝန(ရဲေဘာ္ႀကီး)၊ ဘိကၡဳအာနႏၵာ ေမာင္ႏွမႏွစ္ပါးတုိ႔ က်န္းမာခ်မ္းသာ ေဘးရန္ကြာ၍ လုိရာဆႏၵျပည့္ဝၾကပါေစ။ (ကထိန္အတြက္ အလုပ္ေတြရႈပ္ေနလုိ႔ သတင္းေနာက္က်သြားတာ ပရိသတ္အေပါင္းအား အႏူးအညြတ္ေတာင္းပန္အပ္ပါတယ္။)

“ပညာရေးအကယ်ဒမီကျောင်း ဗီယက်နမ်ဘုန်းတော်ကြီး ဘိက္ခုအာနန္ဒာ၏ အလှူတော်”

သီတင်းကျွတ်လပြည့်ကျော် ၁ ရက် (25.10.2018)ရက်နေ့၊ မနက် ၁၀း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက် ပညာရေးအကယ်ဒမီကျောင်းသူကျောင်းသားလေးများ ဆရာ ဆရာမများ၊ ဆရာတော်များ၊ ဝေယျာဝစ္စပုဂ္ဂိုလ်များအား ဗီယက်နမ်ဘုန်းတော်ကြီး ဘိက္ခုအာနန္ဒာနှင့် နှမအရင်း သီလရှင်ဆရာလေးတို့က အလှူငွေများ လှူဒါန်းခဲ့ကြပါတယ်။

ဆရာ/မများအား နှစ်သောင်းကျပ်စီ
ကျောင်းသား/သူများအား တစ်သောင်းကျပ်စီ
ဝေယျာဝစ္စများအား ငါးထောင်ကျပ်စီ
ဆရာတော်များအား နှစ်သောင်းကျပ်စီ
လှူဒါန်းခဲ့ကြပါတယ်။
ပညာရေးအကယ်ဒမီကျောင်းအတွက်လည်း အလှူငွေ ငါးသိန်းကျပ် သီးသန့်လှူဒါန်းသွားပါသေးတယ်။

ဘိက္ခုအာနန္ဒာ မောင်နှမနှစ်ပါးက ဆရာတော်အရှင်ဇဝန(ရဲဘော်ကြီး)နှင့် အိန္ဒိယမှာ ကျောင်းတက်ရင်း ခင်မင်ရင်းနှီးခဲ့ကြတာပါ။ မြန်မာပြည်ကိုရောက်ခိုက် စာရေးသူနှင့်တွေ့ချင်တယ်ဆိုလို့ တပည့်ညီတော်မောင် အရှင်ဇဝန(ရဲဘော်ကြီး)က မင်းကွန်းအထိ လိုက်လံပို့ဆောင်ပေးခြင်းပဲ ဖြစ်ပါတယ်။
၎င်းမောင်နှမနှစ်ပါးလုံးက စာရေးသူပုံအား ဖိုတိုရှော့ဖြင့် ဖန်တီးကာ မဟုတ်မဟတ်တွေ လုပ်ကြံထားကြတာတွေကို လိုင်းပေါ်မှာ အမြဲတွေ့ရှိရကြောင်း၊ စာရေးသူအကြောင်းစုံစမ်းတဲ့အခါ တခြားစီဖြစ်နေကြောင်း လျှောက်ထားကြပါတယ်။

စာဝါတွေပိတ်တုန်း မင်းကွန်းရောက်နေတာနဲ့ မင်းကွန်းအထိလိုက်လာကာ တကူးတကဖူးကြခြင်းဖြစ်ပါတယ်။ ကလေးတွေလည်း အင်မတန်ကံကောင်းသွားပါတယ်။ တပည့်အရှင်ဇဝန(ရဲဘော်ကြီး)၊ ဘိက္ခုအာနန္ဒာ မောင်နှမနှစ်ပါးတို့ ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။
(ကထိန်အတွက် အလုပ်တွေရှုပ်နေလို့ သတင်းနောက်ကျသွားတာ ပရိသတ်အပေါင်းအား အနူးအညွတ်တောင်းပန်အပ်ပါတယ်။)