မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
“ပညာရေးအကယ်ဒမီကျောင်း မဘသ(ဗဟို)အလှူတော်”
တော်လင်းလပြည့်ကျော် ၁ ရက် (25.9.2018)ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။
မဘသ(ဗဟို)ဦးဆောင်ဆရာတော်များဖြစ်သည့် မြနန်းဆရာတော်၊ ဒေါက်တာသောပါက၊ ပွင့်လင်းဆရာတော်၊ ရမည်းသင်းမြို့၊ ရန်အောင်မင်းကျောင်း စာချဆရာတော် ဦးစန္ဒောဘာသ၊ ဓမ္မနာဒဆရာတော် ဦးကုမာရ၊ စစ်ကိုင်းမြို့၊ သုခကာရီဆရာတော် ဒေါက်တာဓမ္မပီယ၊ နေပြည်တော်ပျဉ်းမနား အောင်းကုန်းဆရာတော် အရှင်ပညာသာမိ၊ ရန်ကုန် နိကာယ်စာသင်တိုက် ပွင့်လင်းဆရာတော် အရှင်ပညိန္ဒတို့ ကြွရောက်ကြပါတယ်။
ပညာရေးအကယ်ဒမီကျောင်းအတွက် ပညာရေးအလှူတော်အဖြစ် အလှူငွေ (၁၀)သိန်းကျပ် လှူဒါန်းကြပါတယ်။ ဒီနေ့ 25.9.2018 ရက်နေ့ နေ့ဆွမ်းလည်း ကပ်လှူပါတယ်။ မြနန်းဆရာတော်က သြဝါဒပေးပြီး စာရေးသူက ပရိသတ်များနှင့် ဆရာတော်များအား မိတ်ဆက်စကား ပြောကြားပါတယ်။
ဆွမ်းကပ်မရှိလျှင် ဆန် (၈)ပြည်ကုန်ပါတယ်။
ရိုးရိုးဆွမ်းကပ်ဆိုလျှင် (၁၀)ပြည်ကုန်ပါတယ်။
ဒီနေ့တော့ ဆန် (၁၄)ပြည်ကုန်ပါတယ်။
သားသားမီးမီးတွေ အားပေးတာလည်းမပြောနဲ့ သူတို့တောင့်တတဲ့ ကြက်သား ငါးနှင့် အချဉ်ဟင်း ငါးပိရည် သခွားသီးတို့စရာ အစုံအလင်ပါပဲ။ မဘသ(ဗဟို)အဖွဲ့က အအေးဘူးနှင့် ကိတ်မုန့်အပြင် ဗလာစာအုပ်များပါ ဝေငှလှူဒါန်းသွားပါတယ်။ ဘုရားတရားကျေးဇူးပါ။