မန္းမေဟာ္သဓာသတင္း

ေက်ာက္ေခ်ာပညာဒါနက်ဴရွင္ေက်ာင္း ညဂုိက္တန္းအႀကဳိအစည္းအေဝး

ေတာ္သလင္းလဆုတ္ ၄ ရက္ (28.9.2018)ရက္ေန႔၊ ညေန ၅း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ ပုသိမ္ႀကီးၿမဳိ႕နယ္၊ ေရႊစာရံအုပ္စု၊ ေက်ာက္ေခ်ာေက်းရြာ၊ ပညာဒါနက်ဴရွင္ေက်ာင္းမွာ က်င္းပပါတယ္။
လာမည့္ေအာက္တုိဘာလ ၁ ရက္ေန႔မွစၿပီး ညဂိုက္တန္းဖြင့္လွစ္ေတာ့မွာျဖစ္တဲ့အတြက္ မိဘမ်ားကို ေခၚယူအပ္ႏွံတာပါ။

ေက်ာင္းသားမ်ားက ညဂိုက္တန္းတက္လိုတဲ့ ဆႏၵရွိရင္ မိဘမ်ားကသေဘာတူရင္ အႀကဳိအပို႔တာဝန္ယူႏိုင္ရင္ ညဂိုက္တန္းတက္ခြင့္ျပဳပါတယ္။
ေက်ာင္းသားကတက္ခ်င္ေသာ္လည္း မိဘကသေဘာမတူရင္ သေဘာတူေသာ္လည္း အႀကဳိအပို႔တာဝန္မယူႏိုင္ရင္ ညဂုိက္တန္းတက္ခြင့္မျပဳပါ။

ဒီကေန႔တက္ေရာက္လာတဲ့ မိဘေတြကို မန္းမေဟာ္သဓာ အမ်ဳိးသားေရးကိုယ္ပိုင္အထက္တန္းေက်ာင္းေတာ္ႀကီး ျဖစ္ေျမာက္ေအာင္ျမင္ေရး ဗဟိုေကာ္မတီ ဒုတိယဥကၠ႒ ဦးေဇာ္ဝိတ္၊ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚေဌးေဌးျမင့္တုိ႔က အခက္အခဲမ်ားႏွင့္ ပညာေရးလုပ္ငန္းအေၾကာင္းကို စာနာဖုိ႔ ပညာေရးကိုဦးစားေပးဖုိ႔ တုိက္တြန္းေျပာၾကားၾကပါတယ္။

စာေရးသူကေတာ့
စည္းကမ္းလုိက္နာပါ့မည္ဘုရား၊
ဆရာ ဆရာမေတြကို ရိုေသေလးစားပါ့မည္ဘုရား၊
စာႀကဳိးစားပါ့မည္ဘုရား၊
လိမၼာယဥ္ေက်းေအာင္ ျပဳျပင္ပါ့မည္ဘုရား၊
ကတိေလးခု ေပးခုိင္းပါတယ္။

ညဂိုက္တန္းကိုလည္း ေက်ာင္းအုပ္ဆရာေတာ္ေလး ဦးဣႏၵကႏွင့္ ေစာင့္ေရွာက္ေရးေကာ္မတီအတြင္းမွဴး ဦးေအးျမင့္ႏိုင္တုိ႔က တာဝန္ယူသင္ၾကားေပးသြားမွာပါ။

“ကျောက်ချောပညာဒါနကျူရှင်ကျောင်း ညဂိုက်တန်းအကြိုအစည်းအဝေး”

တော်သလင်းလဆုတ် ၄ ရက် (28.9.2018)ရက်နေ့၊ ညနေ ၅း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ ပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။
လာမည့်အောက်တိုဘာလ ၁ ရက်နေ့မှစပြီး ညဂိုက်တန်းဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် မိဘများကို ခေါ်ယူအပ်နှံတာပါ။

ကျောင်းသားများက ညဂိုက်တန်းတက်လိုတဲ့ ဆန္ဒရှိရင် မိဘများကသဘောတူရင် အကြိုအပို့တာဝန်ယူနိုင်ရင် ညဂိုက်တန်းတက်ခွင့်ပြုပါတယ်။
ကျောင်းသားကတက်ချင်သော်လည်း မိဘကသဘောမတူရင် သဘောတူသော်လည်း အကြိုအပို့တာဝန်မယူနိုင်ရင် ညဂိုက်တန်းတက်ခွင့်မပြုပါ။

ဒီကနေ့တက်ရောက်လာတဲ့ မိဘတွေကို မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဝိတ်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်တို့က အခက်အခဲများနှင့် ပညာရေးလုပ်ငန်းအကြောင်းကို စာနာဖို့ ပညာရေးကိုဦးစားပေးဖို့ တိုက်တွန်းပြောကြားကြပါတယ်။

စာရေးသူကတော့
စည်းကမ်းလိုက်နာပါ့မည်ဘုရား၊
ဆရာ ဆရာမတွေကို ရိုသေလေးစားပါ့မည်ဘုရား၊
စာကြိုးစားပါ့မည်ဘုရား၊
လိမ္မာယဉ်ကျေးအောင် ပြုပြင်ပါ့မည်ဘုရား၊
ကတိလေးခု ပေးခိုင်းပါတယ်။

ညဂိုက်တန်းကိုလည်း ကျောင်းအုပ်ဆရာတော်လေး ဦးဣန္ဒကနှင့် စောင့်ရှောက်ရေးကော်မတီအတွင်းမှူး ဦးအေးမြင့်နိုင်တို့က တာဝန်ယူသင်ကြားပေးသွားမှာပါ။