မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

ပညာေရးအကယ္ဒမီေက်ာင္း ဥပုသ္ေန႔တစ္ရက္တာ

စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းရြာ၊ ပုထိုးေတာ္ႀကီးအနီး၊ ဓမၼေစတီေက်ာင္းတုိက္မွာဖြင့္လွစ္ထားတဲ့ ပညာေရးအကယ္ဒမီေက်ာင္းမွ ဆရာ ဆရာမမ်ားႏွင့္ အလယ္တန္း အထက္တန္း ေက်ာင္းသားေက်ာင္းသူေလးမ်ားရဲ႕ ဥပုသ္ေန႔တစ္ရက္တာလႈပ္ရွားမႈေလးေတြပါ။

မနက္ ၇း၀၀ နာရီမွာ ဆရာ ဆရာမမ်ားက စပီကင္သင္တန္းတက္ရပါတယ္။ၿပီးရင္ ေက်ာင္းသူေက်ာင္းသားမ်ားက ဓမၼစကူးလ္သင္တန္းတက္ရပါတယ္။ၿပီးရင္ ပုထုိးေတာ္ႀကီး/ျမသိန္းတန္ဘုရားမွာ ဗုဒၶေဝယ်ာဝစၥကုသိုလ္ျပဳတဲ့အေနနဲ႔ အမႈိက္ေကာက္ျခင္း၊ ျမက္ႏုတ္ျခင္း သန္႔ရွင္းေရးလုပ္ၾကရပါတယ္။

ေန႔လည္ပိုင္းမွာေတာ့ ၅-၆-၇ တစ္သုတ္၊ ၈ တန္းတစ္သုတ္ ၉ တန္းတစ္သုတ္ သံုးသုတ္ စပီကင္သတန္းတက္ၾကရပါတယ္။ဆရာ ဆရာမမ်ားကေတာ့ မႏၲေလး ပုသိမ္ႀကီးၿမဳိ႕နယ္ ေက်ာက္ေခ်ာရြာက်ဴရွင္ေက်ာင္းမွ ဆရာႀကီးမ်ားထံ အေတြ႔အႀကဳံယူတဲ့အေနနဲ႔ ဘာသာရပ္အလုိက္ ေဆြးေႏြးတုိင္ပင္ျခင္း အႀကံဉာဏ္ယူျခင္းမ်ား ျပဳလုပ္ၾကပါတယ္။ဒါကေတာ့ ဥပုသ္ေန႔တစ္ေန႔တာလႈပ္ရွားမႈပါ။

ေက်ာင္းဖြင့္ရက္ေတြမွာေတာ့ မနက္ ၈း၀၀ နာရီမွ ၁၁း၀၀ နာရီ၊ ေန႔ ၁း၀၀ နာရီမွ ၄း၀၀ နာရီ၊ ည ၇း၀၀ နာရီမွ ၁၀း၃၀ နာရီ အတန္းစံု ေက်ာင္းတက္ျခင္း၊ စာက်က္ျခင္းမ်ား ျပဳလုုပ္ရသလုိ ေလ့က်င့္ခန္းစာေမးပြဲလည္း ပုံမွန္ေျဖဆိုရပါတယ္။၁၀ တန္းကေတာ့ မနက္ေက်ာင္းမတက္မီ ၆း၃၀ မွ ၇း၃၀ နာရီ၊ ညေနေက်ာင္းဆင္း ၄း၃၀ မွ ၅း၃၀ နာရီ အခ်ိန္ပိုအျဖစ္ အဂၤလိပ္သဒၵါ သင္ယူရျခင္း၊ အဂၤလိပ္စာက်က္ရျခင္းမ်ား ျပဳလုပ္ရပါတယ္။

ေက်ာင္းသားေက်ာင္သူ (၁၃၆)ဦးရွိၿပီး ဆရာ ဆရာမ (၂၃)ဦး ရွိပါတယ္။ေက်ာင္းအုပ္ဆရာေတာ္ႏွင့္ လက္ေထာက္ဆရာေတာ္ႏွစ္ပါး ေက်ာင္းထုိင္ဆရာေတာ္ႏွင့္ ခန္းေနဆရာေတာ္ႏွစ္ပါး ရွိပါတယ္။ကေလးငယ္မ်ားရဲ႕ပညာကို အားေပးလိုသူတိုင္း ဆက္သြယ္လွဴဒါန္းႏိုင္ပါတယ္။
ဆက္သြယ္ရန္ – 09699079969

“ပညာရေးအကယ်ဒမီကျောင်း ဥပုသ်နေ့တစ်ရက်တာ”

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်မှာဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်းမှ ဆရာ ဆရာမများနှင့် အလယ်တန်း အထက်တန်း ကျောင်းသားကျောင်းသူလေးများရဲ့ ဥပုသ်နေ့တစ်ရက်တာလှုပ်ရှားမှုလေးတွေပါ။

မနက် ရး၀၀ နာရီမှာ ဆရာ ဆရာမများက စပီကင်သင်တန်းတက်ရပါတယ်။ ပြီးရင် ကျောင်းသူကျောင်းသားများက ဓမ္မစကူးလ်သင်တန်းတက်ရပါတယ်။ ပြီးရင် ပုထိုးတော်ကြီး/မြသိန်းတန်ဘုရားမှာ ဗုဒ္ဓဝေယျာဝစ္စကုသိုလ်ပြုတဲ့အနေနဲ့ အမှိုက်ကောက်ခြင်း၊ မြက်နုတ်ခြင်း သန့်ရှင်းရေးလုပ်ကြရပါတယ်။

နေ့လည်ပိုင်းမှာတော့ ၅-၆-၇ တစ်သုတ်၊ ၈ တန်းတစ်သုတ် ၉ တန်းတစ်သုတ် သုံးသုတ် စပီကင်သတန်းတက်ကြရပါတယ်။
ဆရာ ဆရာမများကတော့ မန္တလေး ပုသိမ်ကြီးမြို့နယ် ကျောက်ချောရွာကျူရှင်ကျောင်းမှ ဆရာကြီးများထံ အတွေ့အကြုံယူတဲ့အနေနဲ့ ဘာသာရပ်အလိုက် ဆွေးနွေးတိုင်ပင်ခြင်း အကြံဉာဏ်ယူခြင်းများ ပြုလုပ်ကြပါတယ်။
ဒါကတော့ ဥပုသ်နေ့တစ်နေ့တာလှုပ်ရှားမှုပါ။

ကျောင်းဖွင့်ရက်တွေမှာတော့ မနက် ၈း၀၀ နာရီမှ ၁၁း၀၀ နာရီ၊ နေ့ ၁း၀၀ နာရီမှ ၄း၀၀ နာရီ၊ ည ရး၀၀ နာရီမှ ၁၀း၃၀ နာရီ အတန်းစုံ ကျောင်းတက်ခြင်း၊ စာကျက်ခြင်းများ ပြုလုပ်ရသလို လေ့ကျင့်ခန်းစာမေးပွဲလည်း ပုံမှန်ဖြေဆိုရပါတယ်။
၁၀ တန်းကတော့ မနက်ကျောင်းမတက်မီ ၆း၃၀ မှ ရး၃၀ နာရီ၊ ညနေကျောင်းဆင်း ၄း၃၀ မှ ၅း၃၀ နာရီ အချိန်ပိုအဖြစ် အင်္ဂလိပ်သဒ္ဒါ သင်ယူရခြင်း၊ အင်္ဂလိပ်စာကျက်ရခြင်းများ ပြုလုပ်ရပါတယ်။

ကျောင်းသားကျောင်သူ (၁၃၆)ဦးရှိပြီး ဆရာ ဆရာမ (၂၃)ဦး ရှိပါတယ်။
ကျောင်းအုပ်ဆရာတော်နှင့် လက်ထောက်ဆရာတော်နှစ်ပါး ကျောင်းထိုင်ဆရာတော်နှင့် ခန်းနေဆရာတော်နှစ်ပါး ရှိပါတယ်။
ကလေးငယ်များရဲ့ပညာကို အားပေးလိုသူတိုင်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ဆက်သွယ်ရန် – 09699079969