သတင်း
==================
အလှူရှင်များမှာ
ပညာရေးအကယ်ဒမီ အလှူတော်
==================
၁၃၈၃ ခု၊ နတ္တော်လပြည့်ကျော် ၉ ရက်၊ (27.12.2021)ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်းမှာ လှူဒါန်းပါတယ်။
အလှူရှင်များမှာ
ဖြူးမြို့၊ ကိုဝင်းကျော်သူဦးဆောင်သော ပညာရေးအကယ်ဒမီ အထောက်အကူပြုအဖွဲ့ အမျိုးသားရေးလူငယ်အင်အားစုများက ဆန် ၁၈၁ တင်း၊ ငှက်ပျောသီး ၁၅၀ဖီးနှင့် အလှူငွေ ၁၅၀၀၀ဝိ(တစ်သိန်းငါးသောင်းကျပ်)၊
ဖြူးမြို့၊ မဝါဝါစိုး (ကွမ်းနှင့် ကွမ်းပစ္စည်းရောင်းဝယ်ရေး)မိသားစုမှ အလှူငွေ ၁၀၀၀၀ဝိ(တစ်သိန်းကျပ်) လှူဒါန်းပြီး
ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ရွာ၊ ရေဦးကျောင်းတိုက်ဆရာတော် အရှင်ပဏ္ဍိတ(တက်ခေတ်ဗန်းမော်)အမှူးပြုသော တပည့် ဒကာ ဒကာမများက နေ့ဆွမ်းဆက်ကပ်ပါတယ်။
လှူဒါန်းမှုအစုစုအတွက် မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်းဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)မှ ရေစက်ချ အနုမောဒနာတရား ချီးမြှင့်တော်မူပါတယ်။
အလှူရှင်များအားလုံးနှင့်တကွ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေသော်…ဝ်။