သတင္း

2019-2020 ပညာသင္ႏွစ္ ပညာေရးအကယ္ဒမီ ပညာရည္ခၽြန္ဆုေပးပြဲ

2019-2020 ပညာသင္ႏွစ္ ပညာေရးအကယ္ဒမီ ပညာရည္ခၽြန္ဆုေပးပြဲ
=====================================

၁၃၈၃ ခုႏွစ္၊ နေတၱာ္လျပည့္ေက်ာ္ ၉ ရက္၊ (27.12.2021)ရက္ေန႔၊ မြန္းလြဲ ၁း၀၀နာရီ၊ စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းေတာင္ရိုး၊ ဓမၼေစတီေက်ာင္းတိုက္၊ ပညာေရးအကယ္ဒမီေက်ာင္းမွာ က်င္းပပါတယ္။

2019-2020 ပညာသင္ႏွစ္၊ ပညာေရးအကယ္ဒမီေက်ာင္းမွ ဝင္ေရာက္ေျဖဆိုေအာင္ျမင္ခဲ့တဲ့ ေက်ာင္းသားေက်ာင္းသူမ်ား၊ စာရိတၱ ဇြဲလံု႔လ ယဥ္ေက်းမႈ စတဲ့ က႑အသီးသီးမွာ ထူးခၽြန္ၾကတဲ့ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ ထူးခၽြန္ဆရာ ဆရာမမ်ား၊ ဂုဏ္ထူးထြက္ ဆရာ ဆရာမမ်ားအား ဆုခ်ီးျမႇင့္ျခင္း ျဖစ္ပါတယ္။

မႏၲေလးၿမဳိ႕၊ ဘုရားႀကီးတုိက္၊ ေဇယ်ာေရႊေျမေက်ာင္းဆရာေတာ္ ဘဒၵႏၲကုသလ(ပါဠိပါရဂူ)ႏွင့္ ပညာေရးအကယ္ဒမီေက်ာင္းအုပ္ဆရာေတာ္ ဘဒၵႏၲဥကၠ႒တုိ႔ အမွဴးျပဳေသာ ဆရာေတာ္ သံဃာေတာ္မ်ား၊
ဆရာ ဆရာမမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ား၊ ေက်ာင္းသားမိဘမ်ား၊ အလွဴရွင္မ်ားႏွင့္ ဧည့္ပရိသတ္မ်ား တက္ေရာက္ၾကပါတယ္။

2019-2020 ပညာသင္ႏွစ္၊ ပညာေရးအကယ္ဒမီေက်ာင္းမွ ဝင္ေရာက္ေျဖဆိုေအာင္ျမင္ခဲ့တဲ့ ေက်ာင္းသားေက်ာင္းသူမ်ားမွာ (၃၂)ဦး ျဖစ္ၿပီး
ႏွစ္ဘာသာဂုဏ္ထူး (၂)ဦး
တစ္ဘာသာဂုဏ္ထူး (၃)ဦး ျဖစ္ပါတယ္။

ပညာေရးအကယ္ဒမီေက်ာင္းကို 2018-2019 ပညာသင္ႏွစ္မွ စတင္ဖြင့္လွစ္ၿပီး မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ မစုိးရိမ္တိုက္သစ္၊ ဓမၼသဟာယေက်ာင္းနာယက ဘဒၵႏၲဝိစိတၱာဘိဝံသ-အရွင္ဝီရသူ(မစုိးရိမ္)ႏွင့္ ဓမၼေစတီေက်ာင္းဆရာေတာ္ ဘဒၵႏၲနာဂိႏၵာလကၤာရတုိ႔ ပူးေပါင္းတည္ေထာင္ျခင္းျဖစ္ပါတယ္။
ေက်ာင္း၏ေဆာင္ပုဒ္မွာ “သာသနာ ပညာ ယဥ္ေက်းမႈ – ေကာင္း ေတာ္ ယဥ္ေအာင္ျပဳ” ျဖစ္ပါတယ္။

ယခု 2020-2021 ပညာသင္ႏွစ္မွာ ခ်င္း၊ ကခ်င္၊ ပေလာင္၊ ပအိုး၊ ရွမ္း၊ နာဂ တုိင္းရင္းသားမ်ားအပါအဝင္ ေက်ာင္းသားေက်ာင္းသူေပါင္း ၂၀၀ေက်ာ္ႏွင့္ ဆရာ ဆရာမ ၂၀ေက်ာ္ ရွိပါတယ္။
———————————

2019-2020 ပညာသင်နှစ် ပညာရေးအကယ်ဒမီ ပညာရည်ချွန်ဆုပေးပွဲ
=====================================

၁၃၈၃ ခုနှစ်၊ နတ္တော်လပြည့်ကျော် ၉ ရက်၊ (27.12.2021)ရက်နေ့၊ မွန်းလွဲ ၁း၀၀နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်းမှာ ကျင်းပပါတယ်။

2019-2020 ပညာသင်နှစ်၊ ပညာရေးအကယ်ဒမီကျောင်းမှ ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့တဲ့ ကျောင်းသားကျောင်းသူများ၊ စာရိတ္တ ဇွဲလုံ့လ ယဉ်ကျေးမှု စတဲ့ ကဏ္ဍအသီးသီးမှာ ထူးချွန်ကြတဲ့ ကျောင်းသားကျောင်းသူများနှင့် ထူးချွန်ဆရာ ဆရာမများ၊ ဂုဏ်ထူးထွက် ဆရာ ဆရာမများအား ဆုချီးမြှင့်ခြင်း ဖြစ်ပါတယ်။

မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်းဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)နှင့် ပညာရေးအကယ်ဒမီကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌတို့ အမှူးပြုသော ဆရာတော် သံဃာတော်များ၊
ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြပါတယ်။

2019-2020 ပညာသင်နှစ်၊ ပညာရေးအကယ်ဒမီကျောင်းမှ ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့တဲ့ ကျောင်းသားကျောင်းသူများမှာ (၃၂)ဦး ဖြစ်ပြီး
နှစ်ဘာသာဂုဏ်ထူး (၂)ဦး
တစ်ဘာသာဂုဏ်ထူး (၃)ဦး ဖြစ်ပါတယ်။

ပညာရေးအကယ်ဒမီကျောင်းကို 2018-2019 ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)နှင့် ဓမ္မစေတီကျောင်းဆရာတော် ဘဒ္ဒန္တနာဂိန္ဒာလင်္ကာရတို့ ပူးပေါင်းတည်ထောင်ခြင်းဖြစ်ပါတယ်။
ကျောင်း၏ဆောင်ပုဒ်မှာ “သာသနာ ပညာ ယဉ်ကျေးမှု – ကောင်း တော် ယဉ်အောင်ပြု” ဖြစ်ပါတယ်။

ယခု 2020-2021 ပညာသင်နှစ်မှာ ချင်း၊ ကချင်၊ ပလောင်၊ ပအိုး၊ ရှမ်း၊ နာဂ တိုင်းရင်းသားများအပါအဝင် ကျောင်းသားကျောင်းသူပေါင်း ၂၀၀ကျော်နှင့် ဆရာ ဆရာမ ၂၀ကျော် ရှိပါတယ်။