သတင္း

မဟာသူရိယာရာမဆရာေတာ္ႀကီးအား ဖူးေျမာ္ပူေဇာ္

မဟာသူရိယာရာမဆရာေတာ္ႀကီးအား ဖူးေျမာ္ပူေဇာ္
============================

နေတၱာ္လျပည့္ေန႔ (18.12.2021)ရက္ေန႔၊ မြန္းလြဲ ၂း၀၀နာရီ၊ ျပင္ဦးလြင္ၿမဳိ႕၊ ေအာင္ခ်မ္းသာရပ္ကြက္၊ မဟာသူရိယာရာမေက်ာင္းတုိက္သုိ႔ သြားေရာက္ဖူးေျမာ္ျခင္းျဖစ္ပါသည္။

ေက်းဇူးရွင္ ဘဒၵႏၲသူရိယာဘိဝံသဆရာေတာ္ႀကီးသည္ မဟာသူရိယာရာမေက်ာင္းတုိက္မွာ သီတင္းသံုးေတာ္မူတာ ၂ႏွစ္ေက်ာ္ ၃ႏွစ္ခန္႔ရွိပါၿပီ။ သက္ေတာ္ ၈၆ႏွစ္အရြယ္ရွိၿပီျဖစ္သျဖင့္ က်န္းမာေရးအရ အနားယူေနျခင္း ျဖစ္ပါသည္။ ဝမ္းတြင္းကိုယ္အဂၤါအစိတ္အပိုင္းအားလံုး အေကာင္းပကတိက်န္းမာေသာ္လည္း စကားေျပာသည့္အခါ အသံမထြက္သည့္ လည္ေခ်ာင္းဆုိင္ရာ ေရာဂါေဝဒနာ ခံစားေနရပါသည္။
နာက်င္ကိုက္ခဲျခင္း လံုးဝမရွိေသာ္လည္း စကားေျပာသည့္အခါ အသံမထြက္ပါ။ အေရးႀကီးလွ်င္ စာေရး၍ ေျပာရပါသည္။
ဆရာေတာ္ႀကီးကေတာ့ အိုနာဟု အမိန္႔ရွိပါသည္။
ဆရာေတာ္ႀကီးအား သစ္သီးဝလံမ်ားႏွင့္ နဝကမၼ ဆက္ကပ္ခဲ့ပါသည္။
ဂိလာနသုတၱန္မ်ားျဖင့္ ရြတ္ဖတ္ပူေဇာ္ခဲ့ပါသည္။
ဆရာေတာ္ႀကီးက ပရိတ္တစ္သုတ္ၿပီးတုိင္း ေလသံျဖင့္ သာဓုေခၚေတာ္မူပါသည္။
စာေရးသူႏွင့္အတူ ေဒါက္တာျမင့္ဦးလည္း လုိက္ပါဖူးေျမာ္ခဲ့ပါသည္။
ေဒါက္တာျမင့္ဦးကလည္း ဆရာေတာ္ႀကီး၏ လည္ေခ်ာင္းေဝဒနာကို တတ္စြမ္းသမွ် ကုသေပးျခင္းျဖင့္ ကုသုိလ္ယူခဲ့ပါသည္။
ဆရာေတာ္ႀကီး အေတာ္သက္သာသည္ဟု ဆိုပါသည္။
ဆရာေတာ္ႀကီးသည္ စာေရးသူ၏ ငယ္ဆရာ ေက်ာက္ဆည္ၿမဳိ႕ မင္းကုန္းဆရာေတာ္၏ ဆရာသမား ျဖစ္ပါသည္။

ဆရာေတာ္ႀကီး အျမန္က်န္းမာ၍ စိတ္ခ်မ္းသာ ကိုယ္ခ်မ္းသာစြာ သာသနာျပဳႏုိင္ပါေစဘုရား…။
—————————————– 
မဟာသူရိယာရာမဆရာတော်ကြီးအား ဖူးမြော်ပူဇော်
============================

နတ္တော်လပြည့်နေ့ (18.12.2021)ရက်နေ့၊ မွန်းလွဲ ၂း၀၀နာရီ၊ ပြင်ဦးလွင်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ မဟာသူရိယာရာမကျောင်းတိုက်သို့ သွားရောက်ဖူးမြော်ခြင်းဖြစ်ပါသည်။

ကျေးဇူးရှင် ဘဒ္ဒန္တသူရိယာဘိဝံသဆရာတော်ကြီးသည် မဟာသူရိယာရာမကျောင်းတိုက်မှာ သီတင်းသုံးတော်မူတာ ၂နှစ်ကျော် ၃နှစ်ခန့်ရှိပါပြီ။ သက်တော် ၈၆နှစ်အရွယ်ရှိပြီဖြစ်သဖြင့် ကျန်းမာရေးအရ အနားယူနေခြင်း ဖြစ်ပါသည်။ ဝမ်းတွင်းကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံး အကောင်းပကတိကျန်းမာသော်လည်း စကားပြောသည့်အခါ အသံမထွက်သည့် လည်ချောင်းဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရပါသည်။
နာကျင်ကိုက်ခဲခြင်း လုံးဝမရှိသော်လည်း စကားပြောသည့်အခါ အသံမထွက်ပါ။ အရေးကြီးလျှင် စာရေး၍ ပြောရပါသည်။
ဆရာတော်ကြီးကတော့ အိုနာဟု အမိန့်ရှိပါသည်။
ဆရာတော်ကြီးအား သစ်သီးဝလံများနှင့် နဝကမ္မ ဆက်ကပ်ခဲ့ပါသည်။
ဂိလာနသုတ္တန်များဖြင့် ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။
ဆရာတော်ကြီးက ပရိတ်တစ်သုတ်ပြီးတိုင်း လေသံဖြင့် သာဓုခေါ်တော်မူပါသည်။
စာရေးသူနှင့်အတူ ဒေါက်တာမြင့်ဦးလည်း လိုက်ပါဖူးမြော်ခဲ့ပါသည်။
ဒေါက်တာမြင့်ဦးကလည်း ဆရာတော်ကြီး၏ လည်ချောင်းဝေဒနာကို တတ်စွမ်းသမျှ ကုသပေးခြင်းဖြင့် ကုသိုလ်ယူခဲ့ပါသည်။
ဆရာတော်ကြီး အတော်သက်သာသည်ဟု ဆိုပါသည်။
ဆရာတော်ကြီးသည် စာရေးသူ၏ ငယ်ဆရာ ကျောက်ဆည်မြို့ မင်းကုန်းဆရာတော်၏ ဆရာသမား ဖြစ်ပါသည်။

ဆရာတော်ကြီး အမြန်ကျန်းမာ၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာ သာသနာပြုနိုင်ပါစေဘုရား…။