သတင္း

မေၾကာက္ပါနဲ႔ဗ်ာ လက္နက္ဆုိလုိ႔ ခဲခၽြန္ဓားေတာင္ မကုိင္ပါဘူး

ဝီရသူ တရားေဟာခြင့္ ျပန္ရမွာ ဘာေၾကာင့္မ်ား ေၾကာက္ေနၾကတာလဲ မသိပါ။ News Watch သတင္းမွာ မတ္လ ၉ ရက္ေန႔တြင္ သက္တမ္းကုန္ဆုံးမည္ ဆုိေသာ သတင္း ေတြ႕လုိက္ရပါတယ္။ ဧကႏၲေတာ့ သက္တမ္းတုိးေစခ်င္ပုံရပါတယ္။ သက္တမ္းတုိးမရလုိ႔ တရားမေဟာႏုိင္ေအာင္(ဝါ)တရားေဟာလုိ႔မရေအာင္ လူကုိ ရန္ရွာေနတာလဲ ေတြ႕ရပါတယ္။

မေၾကာက္ပါနဲ႔ဗ်ာ လိပ္ျပာလုံတဲ့သူေတြအတြက္ ဝီရသူဟာ မိတ္ေဆြေကာင္းအစစ္ပါ။ လိပ္ျပာမလုံတဲ့သူေတြအတြက္ေတာ့ မေျပာတတ္ဘူးေပါ့ေလ။ ဝီရသူကုိ ဖမ္းေစခ်င္တဲ့သူေတြ ဝီရသူကုိ ဖမ္းခ်င္တဲ့သူေတြ ဝီရသူကေတာ့ အဖမ္းခံရန္ အသင့္ရွိေနေၾကာင္းပါခင္ဗ်ာ။

ဝီရသူ(မစုိးရိမ္)
3.3.2018
PM 11:25


ဦး၀ီရသူကို တရားေဟာေျပာခြင့္ပိတ္ပင္ထားမႈ မတ္လ ၉ ရက္တြင္ သက္တမ္းကုန္ဆံုးမည္

ဦး၀ီရသူကို ႏိုင္ငံေတာ္သံဃမဟာ နာယအဖဲြ႕(မဟန)က တရားေဟာေျပာခြင့္ ပိတ္ပင္ထားမႈသည္ လာမည့္ မတ္လ ၉ ရက္တြင္ သက္တမ္းကုန္ဆံုးေတာ့မည္ျဖစ္သည္။ ဦး၀ိစိတၱာဘိ၀ံသ(ဦး၀ီရသူ)အေနျဖင့္ ဘာသာတခုႏွင့္တခုအၾကား အမုန္းတရားပြားမ်ားၿပီး ဘာသာေရး အဓိက႐ုဏ္းျဖစ္ေစႏိုင္သည့္ေဟာေျပာမႈမ်ား၊ အမုန္းတရားႀကီးထြားေစရန္ လံႈ႕ေဆာ္ေဟာေျပာမႈမ်ား၊ တရား ဥပေဒစိုးမိုးေရးကို အဟန္႔အတားျဖစ္ေစသည့္ ေဟာေျပာမႈမ်ားႏွင့္ ႏိုင္ငံေရးပါတီမ်ားအၾကားတြင္ ဘက္လိုက္ ေ၀ဖန္ေဟာ ေျပာမႈမ်ားကို ေဒသအႏွံ႔အျပား၌ ႀကိမ္ဖန္မ်ားစြာျပဳလုပ္ေနျခင္းမ်ားသည္ ႏိုင္ငံေတာ္ သံဃမဟာနာယကအဖဲြ႕က ထုတ္ျပန္ထားသည့္ ညႊန္ၾကားလႊာအမွတ္ (၈၃)၊ (၉၀)၊ (၉၃)ႏွင့္ (၉၄)တို႔ကို ေဖာက္ဖ်က္က်ဴးလြန္ေနျခင္းျဖစ္၍ ၉-၃-၂၀၁၇ ရက္တြင္ က်င္းပျပဳလုပ္သည့္ သတၱမအႀကိမ္ႏိုင္ငံေတာ္ သံဃမဟာနာယကအဖဲြ႕ ၄၇ ပါးစံုညီ စတုတၳအထူးအစည္းအေ၀းက ဦး၀ိစိတၱာဘိ၀ံသ(ဦး၀ီရသူ)ကို ၁၀-၃-၂၀၁၇ ရက္မွ ၉-၃-၂၀၁၈ ရက္အထိ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာင္အတြင္း တရားေဟာေျပာခြင့္ တႏွစ္ပိတ္ပင္လိုက္သည္ဟု ႏိုင္ငံေတာ္သံဃမဟာနာယကအဖဲြ႕က ၂၀၁၇ ခုႏွစ္ မတ္လ ၁၀ ရက္စဲြျဖင့္ ထုတ္ ျပန္ေၾကညာခဲ့သည္။

ေဖေဖာ္၀ါရီ ၂၀ ရက္တြင္ျပဳလုပ္ခဲ့သည့္ သတၱမအႀကိမ္မဟနအဖဲြ႕ ၄၇ ပါး စံုညီေသာဠသမအစည္းအေ၀းတြင္ ဦး၀ီရသူကိစၥႏွင့္ပတ္သက္၍ ထည့္သြင္းေဆြးေႏြးမႈ မရိွခဲ့ျခင္းေၾကာင့္ မဟနအေနျဖင့္ ဦး၀ီရသူအေပၚ တရားေဟာေျပာခြင့္ ပိတ္ပင္ထားမႈအား သက္တမ္းတိုးရန္ ရိွ၊ မရိွဆိုသည္ကို မသိရေသးေပ။

”ဆရာေတာ္ႀကီးေတြနဲ႔ပဲ သက္ဆိုင္မွာေပါ့။ သူတို႔ဘယ္လိုအေရးယူမလဲ။ ဆက္လက္လုပ္ေဆာင္မလား၊ မလုပ္ ေဆာင္ဘူးလား။ အဲဒါက ဦးဇင္းတို႔လည္း ေျပာလို႔ေတာ့မရဘူးေပါ့ေနာ္”ဟု ဆရာေတာ္ဘဒၵႏၲဣႆရိယ (ဘာသႏၲရေဆက ဓမၼာစရိယ၊ M.A (INDO ARYAN) (ေခၚ) မင္းသုည(ဗုဒၶတကၠသိုလ္) က News Watch သို႔ မိန္႔ၾကားသည္။

ဦး၀ီရသူသည္ တရားေဟာေျပာခြင့္ ပိတ္ပင္ခံရသည့္ကာလအတြင္း ပါးစပ္ကိုတိတ္ျဖင့္ပိတ္၍ စင္ေပၚတြင္ထိုင္ကာ တရားေခြဖြင့္၍ ၀စီပိတ္တရားပဲြမ်ား ျပဳလုပ္ခဲ့ေသးသည္။ ထို႔ျပင္ ဘာသာေရးႏွင့္ မသက္ဆိုင္သည့္ တရားေဟာေျပာမႈအျဖစ္ ရန္ကုန္ၿမိဳ႕မဟာဗႏၶဳလပန္းၿခံေရွ႕၌ ျပဳလုပ္သည့္ ARSA အၾကမ္းဖက္ လုပ္ရပ္႐ႈတ္ခ်ပဲြတြင္ ပါ၀င္ေဟာေျပာခဲ့သည္။
မင္းထင္
https://www.facebook.com/NewsWatchJournal/posts/1613804571990671

 

“မကြောက်ပါနဲ့ဗျာ လက်နက်ဆိုလို့ ခဲချွန်ဓားတောင် မကိုင်ပါဘူး”

ဝီရသူ တရားဟောခွင့် ပြန်ရမှာ ဘာကြောင့်များ ကြောက်နေကြတာလဲ မသိပါ။ News Watch သတင်းမှာ မတ်လ ၉ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည် ဆိုသော သတင်း တွေ့လိုက်ရပါတယ်။ ဧကန္တတော့ သက်တမ်းတိုးစေချင်ပုံရပါတယ်။
သက်တမ်းတိုးမရလို့ တရားမဟောနိုင်အောင်(ဝါ)တရားဟောလို့မရအောင် လူကို ရန်ရှာနေတာလဲ တွေ့ရပါတယ်။

မကြောက်ပါနဲ့ဗျာ လိပ်ပြာလုံတဲ့သူတွေအတွက် ဝီရသူဟာ မိတ်ဆွေကောင်းအစစ်ပါ။ လိပ်ပြာမလုံတဲ့သူတွေအတွက်တော့ မပြောတတ်ဘူးပေါ့လေ။ ဝီရသူကို ဖမ်းစေချင်တဲ့သူတွေ ဝီရသူကို ဖမ်းချင်တဲ့သူတွေ ဝီရသူကတော့ အဖမ်းခံရန် အသင့်ရှိနေကြောင်းပါခင်ဗျာ။

ဝီရသူ(မစိုးရိမ်)
3.3.2018
PM 11:25

ဦးဝီရသူကို တရားဟောပြောခွင့်ပိတ်ပင်ထားမှု မတ်လ ၉ ရက်တွင် သက်တမ်းကုန်ဆုံးမည်

ဦးဝီရသူကို နိုင်ငံတော်သံဃမဟာ နာယအဖွဲ့(မဟန)က တရားဟောပြောခွင့် ပိတ်ပင်ထားမှုသည် လာမည့် မတ်လ ၉ ရက်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။ ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ)အနေဖြင့် ဘာသာတခုနှင့်တခုအကြား အမုန်းတရားပွားများပြီး ဘာသာရေး အဓိကရုဏ်းဖြစ်စေနိုင်သည့်ဟောပြောမှုများ၊ အမုန်းတရားကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများ၊ တရား ဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများအကြားတွင် ဘက်လိုက် ဝေဖန်ဟော ပြောမှုများကို ဒေသအနှံ့အပြား၌ ကြိမ်ဖန်များစွာပြုလုပ်နေခြင်းများသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသည့် ညွှန်ကြားလွှာအမှတ် (၈၃)၊ (၉၀)၊ (၉၃)နှင့် (၉၄)တို့ကို ဖောက်ဖျက်ကျူးလွန်နေခြင်းဖြစ်၍ ၉-၃-၂၀၁၇ ရက်တွင် ကျင်းပပြုလုပ်သည့် သတ္တမအကြိမ်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအထူးအစည်းအဝေးက ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ)ကို ၁၀-၃-၂၀၁၇ ရက်မှ ၉-၃-၂၀၁၈ ရက်အထိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတောင်အတွင်း တရားဟောပြောခွင့် တနှစ်ပိတ်ပင်လိုက်သည်ဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်စွဲဖြင့် ထုတ် ပြန်ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၂၀ ရက်တွင်ပြုလုပ်ခဲ့သည့် သတ္တမအကြိမ်မဟနအဖွဲ့ ၄၇ ပါး စုံညီသောဠသမအစည်းအဝေးတွင် ဦးဝီရသူကိစ္စနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးမှု မရှိခဲ့ခြင်းကြောင့် မဟနအနေဖြင့် ဦးဝီရသူအပေါ် တရားဟောပြောခွင့် ပိတ်ပင်ထားမှုအား သက်တမ်းတိုးရန် ရှိ၊ မရှိဆိုသည်ကို မသိရသေးပေ။

”ဆရာတော်ကြီးတွေနဲ့ပဲ သက်ဆိုင်မှာပေါ့။ သူတို့ဘယ်လိုအရေးယူမလဲ။ ဆက်လက်လုပ်ဆောင်မလား၊ မလုပ် ဆောင်ဘူးလား။ အဲဒါက ဦးဇင်းတို့လည်း ပြောလို့တော့မရဘူးပေါ့နော်”ဟု ဆရာတော်ဘဒ္ဒန္တဣဿရိယ (ဘာသန္တရဆေက ဓမ္မာစရိယ၊ M.A (INDO ARYAN) (ခေါ်) မင်းသုည(ဗုဒ္ဓတက္ကသိုလ်) က News Watch သို့ မိန့်ကြားသည်။

ဦးဝီရသူသည် တရားဟောပြောခွင့် ပိတ်ပင်ခံရသည့်ကာလအတွင်း ပါးစပ်ကိုတိတ်ဖြင့်ပိတ်၍ စင်ပေါ်တွင်ထိုင်ကာ တရားခွေဖွင့်၍ ဝစီပိတ်တရားပွဲများ ပြုလုပ်ခဲ့သေးသည်။ ထို့ပြင် ဘာသာရေးနှင့် မသက်ဆိုင်သည့် တရားဟောပြောမှုအဖြစ် ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်သည့် ARSA အကြမ်းဖက် လုပ်ရပ်ရှုတ်ချပွဲတွင် ပါဝင်ဟောပြောခဲ့သည်။

မင်းထင်
https://www.facebook.com/NewsWatchJournal/posts/1613804571990671