သတင်းလောကအလင်းပညာဒါနကျောင်း





ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
3.3.2018
PM 10:57

 

“လောကအလင်း ကျောင်းပိတ်ပြီ”

27.2.2018 ရက်နေ့ မနက်ပိုင်းမှာ လောကအလင်း သားသားမီးမီးလေးတွေဆီ ရောက်ရှိခဲ့ပါတယ်။ ဆယ်တန်းစာမေးပွဲကြီး ဖြေဆိုရတော့မှာမို့ သွားရောက်အားပေးခြင်းပါ။ ဒီနေ့ ကျူရှင်ကျောင်း နောက်ဆုံးနေ့ပါပဲ။ ၂၈ ရက်နေ့မှစပြီး ကျောင်းပိတ်ပါပြီ။
သားသားမီးမီးလေးတွေကို အားပေးစကားပြောပြီး လက်ဖက်ရည်နဲ့မုန့် တိုက်ကျွေးခဲ့ပါတယ်။

အလှူရှင်ကတော့ မန္တလေး မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ ဖြစ်ပါတယ်။ ဆရာတော်ကြီးကိုယ်တိုင် ကလေးတွေကို မုန့်ဝေကျွေးတာပါ။ သြဝါဒလည်း ချီးမြှင့်ပါတယ်။ စာရေးသူကတော့ ကလေးတွေ စာမေးပွဲ အောင်ဖို့အတွက် ဂါထာမန္တာန် ရွတ်ဖတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

စာရေးသူပေးခဲ့တဲ့ ဂါထာကတော့ ဥုံ မပူနဲ့ မပေါ့နဲ့ ဖြစ်ပါတယ်။ အဲ့ဒါလေးကို နာနာရွတ်ပြီး မိမိကိုယ်ကို သတိပေးဖို့ ဆုံးမခဲ့တာပါ။ စာရှုသူတို့လည်း မပူနဲ့ မပေါ့နဲ့နော်။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
3.3.2018
PM 10:57